MNL News

မြန်မာနှင့် အင်တာမီလန် သရေကျ

Aug 14 , 2017

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈အသင်းနှင့် ဥရောပထိပ်သီးကလပ် အင်တာမီလန် ယူ-၁၈ အသင်းတို့၏ ခြေစမ်းပွဲကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပရာနှစ်ဂိုးစီ သရေကျခဲ့သည်။

ပထမပွဲတွင် ခြေရည်တူနီးပါး လိုက်ကစားနိုင်သည့် မြန်မာ ယူ-၁၈ အသင်းသည် ယခုပွဲတွင်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နှစ်ဂိုးစီ သရေကစားနိုင်ခဲ့သည်။

မြန်မာ ယူ-၁၈အသင်းသည် ယခုပွဲတွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဥရောပထိပ်သီးကလပ် အင်တာမီလန်အသင်းကို သရေကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် ပထမပွဲမှ ကစားသမားအချို့ကို အပြောင်းအလဲလုပ်ခဲ့ပြီး ပွဲစကတည်းက အပြန်အလှန် ကစားနိုင်ခဲ့သည်။ ၁၈ မိနစ်တွင် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဝင်းနိုင်ထွန်းက သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဂိုးပေးလိုက်ရ၍ ဥရောပထိပ်သီးကလပ် အင်တာမီလန်အသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး ၄၂ မိနစ်တွင် ပယ်လီ၊ ၄၅ မိနစ်တွင် အန်တိုရန်တီတို့က ဂိုးများပြန်လည်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး ၆၃ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် ပြည့်စုံနိုင်က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပြီး နှစ်ပွဲစလုံးနှစ်ဂိုးသွင်းနိုင်ခဲ့ကာ ခြေရည်တူကစားနိုင်ခြင်းတို့ကြာင့် အတွေ့အကြုံကောင်းများလည်း ရယူနိုင်ခဲ့သည်

U Myo Thant




<< Back MNL News


Advertisement
Here