Spain King's Cup News

အနီကတ်နှင့် စီရိုနယ်ဒို

Aug 14 , 2017

စပိန်စူပါဖလားပထမအကျော့အဖြစ် နူးကမ့်တွင် ဘာစီလိုနာနှင့် ကစားခဲ့သော ပွဲ၌ ရီးရဲလ်စတား စီရိုနယ်ဒိုမှာ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၂ဝါ ၁နီဖြင့် ထွက်ခဲ့ရသည်။

ပရိသတ် ၉သောင်းနီးပါး လာရောက်ကြည့်ရှုခဲ့သော ထိုပွဲတွင် ပထမပိုင်း၌ ဂိုးမရှိသရေကျနေပြီး မိနစ် ၉၀ ၌ ပီကေးကိုယ့်ဂိုးကိုယ့်သွင်းမိသဖြင့် ရီးရဲလ်က ဂိုးစတင်ရရှိခဲ့သည်။

၇၇ မိနစ်တွင် မက်ဆီက ပယ်နယ်တီမှ တစ်ဆင့် ချေပဂိုး သွင်းပေးခဲ့ပြီး မိနစ် ၈၀ တွင် စီရိုနယ်ဒိုက ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့သည်။

ထိုဂိုးအတွက် စီရိုနယ်ဒိုက ဂျာစီကိုချွတ်၍ အောင်ပွဲခံခဲ့သဖြင့် အဝါကတ်အပြခံခဲ့ရသည်။ ယင်းနောက် ၂မိနစ်အကြာတွင် ပယ်နယ်တီရရန် ဟန်ဆောင်လှဲချသည်ဟုဆိုကာ စီရိုနယ်ဒိုကို ကွင်းလယ်ဒိုင်က နောက်ထပ် အဝါကတ်ပြခဲ့သဖြင့် ၂ဝါ ၁နီနှင့် ထွက်လိုက်ရသည်။

သို့သော် တစ်ယောက်လျော့သွားသော ရီးရဲလ်က ထပ်မံကြိုးစားမှုကြောင့် မိနစ် ၉၀ တွင် အက်ဆန်စီယိုက နောက်ထပ် အနိုင်ဂိုးသွင်းယူပေးခဲ့သဖြင့် ရီးရဲလ်က ၁-၃ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲအတွက် အသာစီးရယူထားနိုင်ပြီ ဖြစ်သည်။

ရီးရဲလ်အနေနှင့် စီရိုနယ်ဒို၏ အနီကတ်အတွက် အယူခံဝင်သွားမည် ဖြစ်သည်။

နေမာမရှိတော့သော ဘာစီလိုနာမှာ မထင်မှတ်ပဲ ဂိုးပြတ်ရှုံးခဲ့သဖြင့် ဖိအားဝင်ခဲ့ရပြီး အသင်းပြောင်းသွားသော နာမည်ကြီး တိုက်စစ်မှုးများဖြစ်သည့် နေမာ၊ လူကာကူနှင့် ရွန်းနီတို့မှာ ၎င်းတို့၏ အသင်းသစ်များအတွက် ဂိုးသွင်းယူနိုင်ခဲ့ကြသည်။

U Myo Thant




<< Back Spain King's Cup News


Advertisement
Here