EPL News

ကျေနပ်သွားတဲ့ လူကာကူ

Aug 14 , 2017

ဝက်စ်ဟမ်းနှင့် ကစားရသည့်ပွဲတွင် ကိုယ်တိုင် ၂ဂိုး သွင်းနိုင်သကဲ့သို့ အသင်း၏ ကစားပုံကောင်းမွန်မှုအတွက်ပါ များစွာကျေနပ် မိကြောင်း မန်ယူတိုက်စစ်မှုးသစ် လူကာကူက ပြောဆိုလိုက်သည်။

ပရီးမီးယားပွဲစဉ် ၁အဖြစ် ယမန်နေ့က ဝက်စ်ဟမ်းနှင့် ကစားရသည့်ပွဲတွင် လူကာကူက ၃၃ မိနစ်နှင့် ၅၂ မိနစ်တို့တွင် ၂ဂိုး သွင်းယူခဲ့ပြီး မာရှယ်နှင့် ပိုဂဘာတို့က နောက်တစ်ဂိုးစီသွင်းကာ ၄-၀ဖြင့် မန်ယူက အနိုင်ရခဲ့သည်။

မန်ယူအသင်းမှာ အိမ်ရှင်ပီပီ ဝက်စ်ဟမ်းဘက်သို့ ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးတိုင်ထိထွက်သည့် ကန်ချက်နှင့် ဘားတန်းထိထွက် သည့် ကန်ချက်များသာ ဂိုးဝင်ခဲ့ပါက ယခုထက် ပိုဂိုးပြတ်သွားမည် ဖြစ်သည်။

လူကာကူက ပွဲဦးထွက်တွင် ဂိုးသွင်းနိုင်ခဲ့၍ ပျော်ရွှင်မိသလို အသင်းနိုင်ပွဲကြောင့်လည်း ကျေနပ်မိပါကြောင်း၊ ထို့အပြင် ပေးဂိုးမရှိခြင်း မှာလည်း အသင်း၏ တိုက်စစ်နှင့် ခံစစ်မျှတပုံကို ပြရာရောက်ကြောင်း၊ ပရိသတ်များအနေနှင့်လည်း နိုင်ပွဲအတွက် တင်သာမက ကစားပုံကစားကွက်ကောင်းခြင်းတို့အတွက်ပါ ဝမ်းသစာကျေနပ်သွားမည်ဟု မိမိယုံကြည်ကြောင်း၊ မိမိတို့အနေနှင့် ခြေစွမ်းကောင်းရေး၊ ရလဒ်ကောင်းရေးတို့အတွက် အမြဲအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here