Serie-A News

ဗိုလ်စွဲခဲ့သော လာဇီယို

Aug 14 , 2017

အီတလီစူပါဖလားပွဲတွင် လာဇီယိုက စီးရီးအေချန်ပီယံ ဂျူဗင်တပ်ကို ၃-၂ဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီ ဖြစ်သည်။

ရောမမြို့တော်ရှိ အိုလံပစ်ကွင်းကြီးတွင် ကျင်းပသော ထိုပွဲ၌ ပထမပိုင်းတွင် လာဇီယိုက ပယ်နယ်တီမှ ရသည့်ဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ၅၄ မိနစ်တွင် နောက်တစ်ဂိုး ထပ်ရခဲ့သည်။

ဂျူဗင်တပ်အသင်းက ၈၅ မိနစ်နှင့် နာကျင်အချိန်ပို ၁မိနစ်တို့တွင် ချေပဂိုး ၂ဂိုး ဆက်တိုက် သွင်းယူနိုင်ခဲ့သဖြင့် သရေကျတော့မည်ဟု အားလုံးက ထင်မှတ်နေချိန်၌ နာကျင်အချိန်ပို ၃မိနစ်တွင် လာဇီယိုက အနိုင်ဂိုး သွင်းသွားခဲ့ခြင်း ဖြစ်သည်။

ယခုလာမည့် စနေနေ့တွင် စီးရီးအေရာသီသစ်စတင်မည်ဖြစ်ရာ လက်ရှိချန်ပီယံ ဂျူဗင်တပ်မှာ အိမ်ကွင်းတွင် ကက်ဂယီယာရီကို လက်ခံကစားရမည်ဖြစ်ပြီး လာဇီယိုက စီးရီးဘီ ချန်ပီယံအဖြစ်နှင့် စီးရီးအေသို့ တက်လာသော SPAL အသင်းကို အိမ်ကွင်းတွင်ပင် လက်ခံကစားရမည် ဖြစ်သည်။

လာဇီယိုအသင်းမှာ ရာသီကြို ခြေစမ်းပွဲမှာ ၄ပွဲ ကစားခဲ့ရာတွင်လည်း ပွဲတိုင်းအနိုင်ရခဲ့သော အသင်းဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here