La-liga News

၅ပွဲပယ် စီရိုနယ်ဒို

Aug 15 , 2017

ဘာစီလိုနာနှင့် ကစားခဲ့သည့် စပိန်စူပါဖလားပြိုင်ပွဲ ပထမအကျော့တွင် ၂ဝါ ၁နီဖြင့် ထွက်ရသူ ရီးရဲလ်စတား စီရိုနယ်ဒိုမှာ ကွင်းလယ်ဒိုက်ု တွန်းထိုးခဲ့မှုကြောင့် စုစုပေါင်း ၅ပွဲ ပွဲပယ်ခံရမည် ဖြစ်သည်။

ဘာစီလိုနာဘက်သို့ ဂိုးသွင်းလိုက်ချိန်တွင် ဂျာစီချွတ်၍ အောင်ပွဲခံခဲ့မှုကြောင့် အဝါကတ် အပြခံခဲ့ရပြီး ပယ်နယ်တီရရန် ဟန်ဆောင်လှဲချခဲ့သည်ဆိုကာ နောက်ထပ် အဝါကတ် အပြခံရပြန်သဖြင့် ၂ဝါ ၁နီနှင့် ထွက်ရ၍ ၁ပွဲပယ် ပြစ်ဒဏ်ကျ ခံရမည်ဖြစ်ကာ ကွင်းလယ်ဒိုင်ကို အနောက်မှ တွန်းထိုးခဲ့ခြင်းကြောင့် ၄ပွဲပယ် ပြစ်ဒဏ်သတ်မှတ်ခံခဲ့ရခြင်းကြောင့် စုစုပေါင်း ၅ပွဲ ပွဲပယ်ခံရခြင်း ဖြစ်သည်။

စီရိုနယ်ဒိုမှာ ဘာစီလိုနာနှင့် ပြန်ကစားရမည့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး အခြား ၄ပွဲပယ် ပြစ်ဒဏ်အတွက် ၁၀ ရက် အတွင်း အယူခံဝင်နိုင်ကြောင်း သိရသည်။

ယခုပွဲပယ်ပြစ်ဒဏ်မှာ ပြည်တွင်းပွဲများအတွက်တော့ အကျုံးဝင်ခြင်းကြောင့် ချန်ပီယံလိဂ်ပွဲမျိုးတွင်မူ ပါဝင်ကစားနိုင်မည် ဖြစ်သည်။

စီရိုနယ်ဒို လွဲချော်နိုင်မည့်ပွဲများမှာ ဩဂုတ်လ ၁၆ ရက် ဘာစီလိုနာနှင့်ပွဲ၊ ဩဂုတ် ၂၀ ဒီပို့တီဗို၊ ဩဂုတ် ၂၇ ဗလင်စီယာ၊ စက်တင်ဘာ ၉ ရက် လီဗန်တေး၊ စက်တင်ဘာ ၁၇ ဆိုစီဒက်နှင့် ပွဲတို့ ဖြစ်ကြသည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here