World CUp 2014 News

အယူခံပယ်ခံရသော ဆန်းတို့စ်

Sep 25 , 2014

ပေါ်တူဂီနည်းပြသစ် ဆန်းတို့စ်မှာ ကမ္ဘာ့ဖလားပွဲတွင်ရရှိခဲ့သော ၈ ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာသို့ အယူခံဝင်ခဲ့ရာတွင် ပယ်ချခံခဲ့ရကြောင်း သိရသည်။

၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ဂရိနည်းပြအဖြစ် တာဝန်ယူနေစဉ် ကော့စတာရီကာနှင့်ပွဲ၌ သြစတြေးလျဒိုင်လူကြီး ဘင်ဝီလျံစ်နှင့် အချင်းများခဲ့ရာ၌ ထို ၈ ပွဲပယ်ပြစ်ဒဏ်ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဆန်းတို့စ်မှာ ပေါ်တူဂီသားတစ်ဦး ဖြစ်ပြီး ပေါ်တူဂီထိပ်တန်းကလပ်များဖြစ်သာ ဘင်ဖီကာ၊ ပေါ်တို၊ စပို့တင်း လစ္စဘွန်းတို့ကို နည်းပြအဖြစ် တာဝန်ယူပေးခဲ့ဘူးသူလည်း ဖြစ်သည်။

ဆန်းတို့စ်အနေနှင့် ပေါ်တူဂီ၏ ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် ယင်းပြစ်ဒဏ်ကိုကျခံရမည်ဖြစ်ပြီး အားကစားဆိုင်ရာ ကမ္ဘာ့ခုံရုံးသို့ အယူခံတင် မတင် မသိရသေးပေ။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here