ကယ်ပီတယ်ဝမ်းဖလား ကွာတားအကြိုပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ အိမ်ကွင်းတွင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် သရဖူကာကွယ်ခွင့်နှင့် ဝေးသွားခဲ့ရပြီ ဖြစ်သည်။ ကွာတားအကြိုပွဲစဉ်များကို ကျင်းပခဲ့ရာတွင် ချဲလ်ဆီး၊ ဘိုနာမောက်၊ ရှဖီးယူနိုက်တက်၊ လီဗာပူး၊ ဒါဘီ၊ စပါး၊ ဆောက်သင်တန်၊ နယူးကာဆယ် အသင်းများ အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာ ၁၅ မှ စတင်၍ ကစားမည့် ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ချန်ပီယံရှစ် အမှတ်ပေးဇယားကို ဦးဆောင်နေသော ဒါဘီက ပရီးမီးယား အမှတ်ပေးဇယား ထိပ်ဆုံးမှ ချဲလ်ဆီးကို ဧည့်ခံရမည် ဖြစ်သည်။ လက်ရှိ ချန်ပီယံ မန်စီးတီးကို ဖြုတ်ချခဲ့သော နယူးကာဆယ်မှာ စပါးနှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး ပရီးမီးယားမှ လီဗာပူးနှင့် ဆောက်သင်တန် တို့မှာ အဝေးကွင်းပွဲများအဖြစ် ဘိုနာမောက်၊ ရှဖီးယူနိုက်တက်တို့နှင့် ကစားကြရမည်ဖြစ်သည်။
U Myo Thant