' />

' /> ယူ-၁၉ အမျိုးသမီး လူစာရင်းထုတ်ပြန် | Myanmar Goal



World CUp 2014 News

ယူ-၁၉ အမျိုးသမီး လူစာရင်းထုတ်ပြန်

Oct 30 , 2014

လာမည့် နိုဝင်ဘာ လဆန်းပိုင်းတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်သော 2015 AFC U-19 Women's Championship ခြေစစ်ပွဲစဉ်များသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီး ဘောလုံးအသင်း အပြီးသတ်လူစာရင်းအား ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
 မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် နိုဝင်ဘာ(၃)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားမည်ဖြစ်ပြီး 2015 AFC U-19 Women's Championship ခြေစစ်ပွဲစဉ် အုပ်စု(ဃ) ပွဲစဉ်များအဖြစ် နိုဝင်ဘာ(၅)ရက်နေ့တွင် တရုတ်(တိုင်ပေ) ယူ-၁၉ အမျိုးသမီးအသင်း နှင့်လည်းကောင်း၊ နိုဝင်ဘာ(၉)ရက်နေ့တွင် အိမ်ရှင်ထိုင်း ယူ-၁၉ အမျိုးသမီးအသင်း နှင့်လည်းကောင်း ခြေစစ်ပွဲကစားရမည်ဖြစ်သည်။ အုပ်စု(ဃ)တွင် မြန်မာ၊ ထိုင်း နှင့် တရုတ်(တိုင်ပေ) သုံးသင်းသာပါဝင်ပြီး အုပ်စုပထမရသော အသင်းတစ်သင်းတည်းသာ လာမည့် ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် 2015 AFC U-19 Women's Championship သို့ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
 မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အပြီးသတ် လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
 အုပ်ချုပ်/နည်းပြအဖွဲ့
 အုပ်ချုပ်သူ - ဦးမျိုးဝင်းညွန့် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
 နည်းပြချုပ် - ဦးဝင်းမြင့်သွင် (မနောမြေ အက်ဖ်စီ)
 လက်ထောက်နည်းပြများ - ဒေါ်ဇင်မာဝမ်း (ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဒေါ်နုနုခိုင်ဝင်း (အားကစားဝန်ကြီးဌာန)
 ဂိုးနည်းပြ - ဒေါ်မေခင်ယမင်း (ပြည်ထဲရေးဝန်ကြီးဌာန)
 ဆရာဝန် - ဒေါက်တာကျင်ဆန်း (အား/ကာဦးစီးဌာန)
 အကြောကျွမ်းကျင် - ဒေါ်အေးထက်အောင် (ကျန်းမာရေးဝန်ကြီးဌာန)
 မီဒီယာ - ဦးဟိန်းစိုးထွန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
 ကစားသမားများ
 ဂိုး - သန္တာဦး (မြ၀တီ အက်ဖ်စီ/ကာကွယ်ရေး)၊ မျိုးမြမြငြိမ်း (အထက ၁ လမ်းမတော်)၊ မေသဇင်ထွန်း (ရှမ်းပြည်နယ်မြောက်ပိုင်း)။
 နောက်တန်း - ခင်ဇာဇာဝင်း (မြ၀တီ အက်ဖ်စီ/ကာကွယ်ရေး)၊ ချစ်ချစ် (ကချင်ပြည်နယ်)၊ ခိုင်သဇင်(မြ၀တီ အက်ဖ်စီ/ကာကွယ်ရေး)၊ ငယ်ငယ်ထွေး (ပြည်ထဲရေးဝန်ကြီးဌာန)၊ အိရတနာဖြိုး (အားကစားဝန်ကြီးဌာန)၊ မြင့်မြင့်ခိုင် (ပြည်ထဲရေးဝန်ကြီးဌာန)၊ ယွန်းမီမီလွင် (ပြည်ထဲရေးဝန်ကြီးဌာန)။
 အလယ်တန်း - လဲ့လဲ့လှိုင် (ဧရာဝတီ တိုင်းဒေသကြီး)၊ စုနန္ဒာလွင် (ရှမ်းပြည်နယ် မြောက်ပိုင်း)၊ မေဇင်ထွန်း (ဧရာဝတီ တိုင်းဒေသကြီး)၊ ဝေဇင်နှင်း (ပြည်ထဲရေးဝန်ကြီးဌာန)၊ နှင်းစန္ဒာလှိုင် (ပြည်ထဲရေးဝန်ကြီးဌာန)၊ ရူပါခိုင် (မြ၀တီ အက်ဖ်စီ/ကာကွယ်ရေး)၊ ပန်းအိခိုင် (အားကစားဝန်ကြီးဌာန)၊ စုငယ်ထွေး (မြ၀တီ အက်ဖ်စီ/ကာကွယ်ရေး)၊ မေစပယ်ဖူး (မြ၀တီ အက်ဖ်စီ/ကာကွယ်ရေး)။
 ရှေ့တန်း - သိမ့်ကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ နီလာဝင်း (မန္တလေးတိုင်းဒေသကြီး)၊ ဖြူနှင်းသွယ် (ပြည်ထဲရေးဝန်ကြီးဌာန)၊ ကေဇင်မြင့် (အားကစားဝန်ကြီးဌာန)။ ( သတင်း + ဓါတ်ပုံ MFF  )

U Myo Thant

<< Back World CUp 2014 News


Advertisement
Here