World CUp 2014 News

အီတလီကို သတိပေးတဲ့ ကွန်တီ

Nov 20 , 2014

အီတလီလက်ရွေးစင် အသင်းနည်းပြ ကွန်တီက အီတလီအသင်းအနေနှင့် လူငယ်ခြေတက်များ မွေးထုတ်ပေးနိုင်စွမ်း ပျောက်ဆုံးနေသဖြင့် မျိုးဆက်ပြတ်သည့် ဒုက္ခနှင့် တွေ့နေရကြောင်း သတိပေးလိုက်သည်။

အီတလီအသင်းမှာ လွန်ခဲ့သော ကမ္ဘာ့ဖလားပွဲတွင် အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရပြီး အင်္ဂါနေ့ ခြေစမ်းပွဲတွင်လည်း အယ်လ်ဘေးနီးယားကို ၁းဝ ဖြင့် နိုင်ရန် အတော်ကြိုးစား အားထုတ်ခဲ့ရသည်။

နည်းပြ ကွန်တီက လက်ရွေးစင်အသင်းကြီးသို့ လူငယ်အချို့ ရောက်ရှိလာသော်လည်း ရှိသင့်သည့် ခြေစွမ်းနှင့် ကြိုးစားစိတ်တို့တွင် ထင်တိုင်းမပေါက်ကြောင်း၊ လက်ရှိ အီတလီအသင်းတွင် အသက်ရ ကစားသမားများ များပြားလာခဲ့ပြီး လူငယ်ခြေတက်များက အစားထိုး ၀င်ရောက်နိုင်မှုမှာ နည်းပါးနေကြောင်း၊ ထိုအခက်အခဲကြောင့် အီတလီအနေနှင့် လာမည့် ယူရိုနှင့် ကမ္ဘာ့ဖလားပွဲများတွင် ဒုက္ခရောက်နိုင်ကြောင်း စီးရီးအေအသင်းများအနေနှင့်လည်း လူငယ်များမွေးထုတ်ပေးရေးအတွက် လုံ့လစိုက်မှုမှာ အားရစရာမရှိကြောင်း ဝေဖန်ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here