Bundesliga News

ဆဲလ်တစ် ဥက္ကဌ ဆွေးနွေး

Jun 19 , 2014

အိုင်ယာလန် လက်ရွေးစင်အသင်း လက်ထောက်နည်းပြ ရွိုင်ကိန်းသည် ဆဲလ်တစ် ပိုင်ရှင်နှင့် ဥက္ကဌဖြစ်သူ ဒါမော့ ဒက်စ်မွန်နှင့် ဆွေးနွေးနေကြောင်း သိရသည်။

ဆဲလ်တစ်အသင်းမှာ နည်းပြ နေးလ်လင်နွန်နှင့် လမ်းခွဲခဲ့ကြပြီဖြစ်ပြီး နည်းပြသစ်ခန့်ရန် ရှာဖွေနေသော အသင်း ဖြစ်သည်။

အိုင်ယာလန် နည်းပြ မာတင်အိုနေးလ်က မိမိထံသို့ ဆဲလ်တစ်ပိုင်ရှင်က ဆက်သွယ်ကာ ရွိုင်ကိန်းနှင့် စကားပြောလိုကြောင်း ခွင့်တောင်းခဲ့ရာတွင် မိမိက လက်ထောက်ဖြစ်သူ ရွိုင်ကိန်းကို လိုလိုလားလားပင် ခွင့်ပေးခဲ့ကြောင်း၊ ရွိုင်ကိန်း၏ သွားလိုရာလမ်းတွင် မိမိပိတ်နေမည် မဟုတ်ကြောင်း ပြော ဆိုခဲ့သည်။

ဆဲလ်တစ်အသင်း နည်းပြဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံရသူများထဲတွင် ၀က်စ်ဘရွန်းနည်းပြဟောင်း စတိဗ်ကလပ်၊ ၀ီဂန်နည်းပြဟောင်း အိုဝင် ကွိုင်လီနှင့် မက်ကေးတို့လည်း ပါဝင်ကြသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here