Premier

  • မသေချာသေးတဲ့ မိုဗစ်

    မိမိအနေနှင့် လာမည့်ရာသီ မန်ယူတွင် ဆက်ရှိမည်ကားဆိုသည့်ငအပေါ် မည်သို့မျှ မှတ်ချက်မပေးနိုင်သေးကြောင်းနှင့် မည် သို့  ဖြစ်လာမည်ကို စောင့်ကြည့်ရန်ဖြစ်ကြောင်း မန်ယူတိုက်စစ်မှုး မိုဗစ်က ပြောဆိုလိုက်သည်။

  • ကွန်တီပြောတဲ့ ဗိုလ်စွဲနိုင်သူများ

    မိမိတို့အသင်းအနေနှင့် ချန်ပီယံဖြစ်တော့မည်ဟု ထင်လာခဲ့ပါက ယင်းမှာ အကြီးမားဆုံး အမှားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပရီးမီးယားတွင် ဗိုလ်စွဲနိုင်သူ ၆သင်းရှိနေကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီက ပြောဆိုလိုက်သည်။

  • အယ်လီဂရီနှင့် အာဆင်နယ်

    ဂျူဗင်တပ်နည်းပြ အယ်လီဂရီမှာ ပရီးမီးယားကလပ် အာဆင်နယ်သို့ ပြောင်းရွှေ့လာတော့မည်ဟု သတင်းများထွက်ပေါ်လျက် ရှိ သည်။

  • တယ်ရီကို ဒက်ဆယ်လီ နားချ

    ချဲလ်ဆီး ကစားသမားကြီးဖြစ်သူ ဂျွန်တယ်ရီအနေနှင့် အသင်းမှ ထွက်ရန် အကောင်းဆုံးအချိန်ဖြစ်နေပြီဖြစ်ကြောင်း နောက်ခံ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဒက်ဆယ်လီက နားချပြောဆိုလိုက်သည်။

  • အဂူရိုကို မရောင်းပါ

    ပြီးခဲ့သော ပွဲစဉ် ၂ပွဲတွင် ပါဝင်ခွင့်မရခဲ့သော်လည်း မန်စီးတီးအနေနှင့် တိုက်စစ်မှုး အဂူရိုကို ထုတ်ရောင်းရန် အစီအစဉ်မရှိကြောင်း သိရသည်။

  • နားရဦးမည့် တိုက်စစ်မှုး

    ဆန်းဒါးလန်းတိုက်စစ်မှုး အန်နီချီဘီမှာ ဒူးဒဏ်ရာကြောင့် နှစ်လခွဲခန့်နားရဦးမည် ဖြစ်သည်။

  • ကွင်းချဲ့မည့် မန်ယူ

    မန်ယူအသင်းသည် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ကို ပရိသတ်  ၈၈၀၀၀ ၀င်ဆံ့သော ကွင်းအဖြစ် တိုးချဲ့နိုင်ရန် စီစဉ်နေပြီး အကောင် အထည်ပေါ်ခဲ့ပါက ဥရောပတွင် ဒုတိယအကြီးမားဆုံး ကွင်းကြီးအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

  • ရွန်းနီအကြောင်းပြောတဲ့ မော်ရင်ဟို

    မန်ယူနည်းပြ မော်ရင်ဟိုက သူ့အနေနှင့် ရွန်းနီ တရုတ်စူပါလိဂ်သို့ ပြောင်းဖြစ်ခဲ့ပါက မည်သို့ဆက်စီစဉ်ရမည်ကို မ သိနိုင်သေးကြောင်း ပြောဆိုလိုက်သည်။

  • ငှာနေပြန်တဲ့ ဂျရတ်

    လီဗာပူးကပ္ပတိန်ဟောင်းတစ်ဦးဖြစ်သူ ဂျရတ်မှာ  အမေရိကန် မေဂျာလိဂ်တွင် သွားရောက်ကစားနေရာမှ ယခုအခါ အသင်းဟောင်း လီဗာပူး၏လူငယ်အသင်းနည်းပြ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

  • အသင်းပြောင်းသော ဒီပေး

    ခက်ခဲသော မန်ယူကစားသမားဘ၀ကို ၁၈လကြာ ဖြတ်သန်းခဲ့ပြီးနောက် ဟော်လန်သား ဒီပေးမှာ လိုင်ယွန်သို့ ပေါင် ၂၁.၆ သန်းဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

  • နားရဦးမည့် ကော်စတာ

    ချဲလ်ဆီးတိုက်စစ်မှုး ကော်စတာမှာ ကြံ့ခိုင်ရေးအခြေအနေကြောင့် လက်စတာနှင့် ကစားရမည့် ပွဲစဉ် ၂၁ တွင် ပါဝင်မည် မဟုတ်ဟု သိရသည်။

  • ဆုရခဲ့သော မိုဗစ်

    မန်ယူတိုက်စစ်မှုး အီဘရာဟင်မိုဗစ်မှာ ယခုရာသီတွင် မန်ယူသို့ ရောက်ရှိလာခဲ့ပြီးနောက် ဒီဇင်ဘာလအတွက် ပရီးမီးယား အကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပြီ ဖြစ်သည်။

  • အမြတ်ပေါ်ခဲ့သော ဘန်လေ

    ပရီးမီးယားကလပ် ဘန်လေအသင်းမှာ ၂၀၁၅ ခုနှစ်တွင် ဥရေပအသင်းများထဲ၌ ပဉ္စမမြောက် အမြတ်ငွေအများဆုံးအသင်းဖြစ် ခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

  • သက်တမ်းတိုးမည့် ဖယ်လာနီ

    လိဂ်ဖလား ဆီမီးဖိုင်နယ်အဖြစ် ဟောလ်စီးတီးနှင့် ကစားခဲ့သောပွဲတွင် အနိုင်ဂိုး ၁ဂိုး သွင်းယူပေးခဲ့သော ဖယ်လာနီကို မန်ယူ အသင်းက စာချုပ် သက်တမ်းတိုးပေးတော့မည် ဖြစ်သည်။

  • တယ်ရီကို ဘုန်းမောက်ခေါ်လို

    ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းမှာ ချဲလ်ဆီးနောက်ခံလူ တယ်ရီကို ရာသီကုန်အထိ ခေါ်ယူလိုနေလျက် ရှိသည်။

  • အဲဗာတန်ရောက် ရှနိုက်ဒါလင်

    မန်ယူကွင်းလယ်ကစားသမား ရှနိုက်ဒါလင်မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၂သန်းဖြင့် အဲဗာတန်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

  • FA ဖလား စတုထ္ထဆင့်ပွဲစဉ်များ

    FA ဖလား စတုထ္ထဆင့်ပွဲစဉ်များ ရေးဆွဲခဲ့ပြီဖြစ်ရာ လက်ရှိချန်ပီယံ မန်ယူမှာ ၀ီဂန်နှင့် တွေ့ဆုံရမည် ဖြစ်သည်။

  • မဲမရသော ထို ၃ဦး

    ၂၀၁၆ ဖီဖာအကောင်းဆုံးနည်းပြဆုအတွက် မဲပေးခဲ့ကြရာတွင် မော်ရင်ဟို၊ ၀င်းဂါးနှင့် ကွန်တီတို့မှာ မဲပေးမှု မခံခဲ့ကြရကြောင်း သိရသည်။

  • စံချိန်သစ်နှင့် ရွန်းနီ

    ရီးဒင်းနှင့် ကစားခဲ့သော FA ဖလားပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သော မန်ယူအသင်းခေါင်းဆောင် ရွန်းနီမှာ ယခင်က ဆာဘော်လီ ချာလ်တန်တင်ထားခဲ့သော မန်ယူအတွက် ဂိုးအများဆုံးသွင်းထားသော စံချိန်ကို လိုက်မီသွားပြီဖြစ်သဖြင့် လာမည့် ပွဲများတွင် ဂိုး ထပ်မံသွင်းယူနိုင်ပါက မန်ယူအတွက် စံချိန်သစ်ရှင်အဖြစ် မှတ်တမ်းဝင်တော့မည် ဖြစ်သည်။

  • သက်တမ်းတိုးမည့် ၂ယောက်

    အာဆင်နယ်အသင်းနည်းပြ ၀င်းဂါးက သူ့အနေနှင့် မကြာမီအချိန်အတွင်း ကာဇိုလာနှင့် မာဆီဆက်ကာတို့ကို သက်တမ်းတိုးသွား ရန်ရှိကြောင်း ပြောဆိုလိုက်သည်။


Advertisement
Here