အင်တာမီလန်က ခေါ်လိုနေသော တိုက်စစ်မှူး ဂျိုဗီတစ်ကို မန်စီးတီးက ဆက်ထိန်းထားမည်ဟု သိရသည်။
၂၀၁၄-၁၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များ ယနေ့ထွက်ပေါ်လာပြီ ဖြစ်သည်။
လူငယ်တိုက်စစ်မှူး ဂျာနူဇက်ကို မည်သည့်ဈေးနှင့်မဆို ရောင်းထုတ်မည်မဟုတ်ဟု မန်ယူအသင်းက ငြင်းဆိုလိုက်သည်။
မန်စီးတီး အသင်းမှာ လက်ရှိဂိုးသမား ဂျိုးဟတ်၏ အရန်အဖြစ်ထားရှိရန် ဆန်းဒါးလန်း ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ ကီရန် ၀က်စ်ဝုဒ်ကို ခေါ်ယူရန် ပြင်ဆင်လျှက် ရှိသည်။
အာဆင်နယ်အသင်းသည် မီလန်မှ အီတလီတိုက်စစ်မှူး ဘာလိုတယ်လီကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် ကြိုးစားနေသည်ဟု သိရ သည်။
ဖီယင်နော့ကို တာဝန်ယူခဲ့သည့် ဟော်လန်သား ရော်နယ်ကိုးမန်းသည် ဆောက်သင်တန်ကို ကိုင်တွယ်ရန် ၃ နှစ် စာချုပ်ချုပ်ဆို လိုက်ပြီ ဖြစ်သည်။
အာဆင်နယ် အသင်းခေါင်းဆောင်ဖြစ်ခဲ့သူ သောမတ်စ်ဗာမေလန်မှာ လာမည့်ရာသီတွင် မန်ယူအတွက် ကစားတော့မည် ဖြစ်သည်။
ချဲလ်ဆီးမှ အက်သလက်တီကို သို့ အငှားချထားသော ဂိုးသမား ကော်တွိုက်စ်ကို ပြန်ခေါ်မည်ဟု နည်းပြမော်ရင်ဟိုက ပြောဆိုလိုက် သည်။
မန်စီးတီး ဂိုးသမား ပန်တီလီမွန်ကို ဆန်းဒါးလန်းက ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။