Premier
  • အာဆင်နယ် ကမ်းလှမ်းမှု ပယ်ချခံရ
    နောက်ခံ ကစားသမားလိုအပ်နေသော အာဆင်နယ်အသင်းမှာ ၀က်စ်ဘရွန်းမှ ဂျွန်နီအီဗန်းစ်ကို ပေါင် ၁၆သန်းဖြင့် ကမ်းလှမ်း ခဲ့ရာတွင် ပယ်ချခံခဲ့ရသည်။
  • ပေါင်သန်း ၂၀ရခဲ့သော အေးဂျင့်
    ပိုဂဘာအား ကမ္ဘာ့စံချိန်တင်ဈေး ပေါင်သန်း ၁၀၀ဖြင့် မန်ယူက ခေါ်ယူခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့ရသော ပိုဂဘာ၏အေးဂျင့်  ရိုင်အိုလာမှာ အေးဂျင့်ကြေး ပေါင်သန်း ၂၀ ရရှိသွားကြောင်း သိရသည်။
  • ၀င်းဂါးကိုဝေဖန်တဲ့ ရိုက်
    ပွဲဦးထွက်နေ့တွင် ရှုံးပွဲထပ်တိုးရသော အာဆင်နယ်အသင်းအတွက် လိုအပ်နေသော ကစားသမားသစ် မခေါ်ယူနိုင်မှုအပေါ် နည်းပြ ၀င်းဂါးကို တိုက်စစ်မှုးဟောင်း အီယန်ရိုက်က နောက်ထပ် ဖလားလက်မဲ့ ရာသီဖြစ်လာဦးမည်ဟု ဝေဖန်ပြောဆိုလိုက်သည်။
  • အနီကတ်လွဲခဲ့သော ကော်စတာ
  • ဂိုးသမားသစ်ခေါ်သော မန်စီးတီး
    မန်စီးတီးအသင်းမှာ ဘာစီလိုနာမှ ဂိုးသမား ဘရာဗိုကို ယူရို ၁၆သန်းဖြင့် ခေါ်ယူရန် သဘောတူခဲ့ကြပြီဖြစ်သည်။
  • ရှုံးမဲမဲလေသလား ပီတာဆက်ခ်ျ
    ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် လီဗာပူးကို ဧည့်ခံခဲ့ရသောပွဲ၌ အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျမှာ ၄ဂိုး အထိ အသွင်းခံရကာ ရှုံးပွဲတွေ့ခဲ့သကဲ့သို့ ပွဲပြီး၍ အိမ်အပြန်တွင် အမ်းမရိတ်စ် ကွင်း ကားပါကင်၌ သူ၏ကားမှာ မတော်တဆ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
  • ပြောပြီးသားလေဆိုတဲ့ ရေနီယာရီ
    လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမည့် လက်စတာအသင်းမှာ စနေနေ့ ပရီးမီးယားပွဲစဉ် (၁)တွင် တန်းတက် ဟောလ်စီးတီး အသင်းကို ၂း၁ဖြင့် ရှုံးခဲ့သဖြင့် ပရိသတ်များ အံ့အားသင့်ခဲ့သော်လည်း လက်စတာနည်းပြ ရေနီယာရီက ယမန်နှစ်ကနှင့် မတူညီနိုင်သည်ကို မိမိပြောပြီးသားဖြစ်ကြောင်း ပြောဆိုလိုက်သည်။
  • မန်စီးတီးကထွက်မည့် ဂျိုးဟတ်
    ဆန်းဒါးလန်းကို ၂း၁ဖြင့် နိုင်သော ပရီးမီးယားအဖွင့်ပွဲစဉ်တွင် အရန်အဖြစ်သာ ရှိခဲ့ရသော မန်စီးတီးဂိုးသမား ဂျိုးဟတ်မှာ အသင်း မှာ ထွက်တော့မည်ဖြစ်သည်။
  • မန်စီးတီးကို အလေးပေးတဲ့ ရှီးယား
    Match of the day အစီအစဉ်မှ ဘောလုံးပွဲ ဝေဖန်သူ အင်္ဂလန်ကစားသမားဟောင်း အလန်ရှီးယားက ယခုရာသီတွင် ဗိုလ်စွဲနိုင်ခြေအသင်း ၆သင်းခန့်သာရှိပြီး အဖြစ်နိုင်ဆုံးမှာ မန်စီးတီးဟု ထင်ကြေးပေး ပြောဆိုလိုက်သည်။
  • ဂျိုးဟတ်ကို ဂွာဒီယိုလာ သတိပေး
    ဂိုးသမား ဂျိုးဟတ်အနေနှင့် သူ၏ ကစားပုံနှင့် လက်စွမ်းကို ယခုထက် ပိုကောင်းအောင် ကြိုးစားရလိမ့်မည်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာက သတိပေးလိုက်သည်။
  • ၃ရာသီနေနိုင်သေးတယ်လို့ဆို သူ
    ဆွီဒင် လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် အသက် ၃၄နှစ်အရွယ် တိုက်စစ်မှုး အီဘရာဟင်မိုဗစ်က သူ့အနေနှင့် မန်ယူတွင်  ၁နှစ်သာ စာချုပ်ချုပ်ခဲ့သော်လည်း နောက် ၃ရာသီခန့် ကစားနိုင် သေးကြောင်း ပြောဆိုလိုက်သည်။
  • ဗာဒီကိုကာကွယ်ပေးဖို့ တောင်းဆို
    လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမည့် လက်စတာအသင်း တိုက်စစ်မှုး ဗာဒီမှာ ယခုရာသီတွင် ပြိုင်ဘက်ကစားသမားများ၏ ပစ်မှတ်ဖြစ်လာနိုင်ခြင်းကြောင့် ကွင်းလယ်ဒိုင်လူကြီးများအနေနှင့် စည်းမျဉ်း ဘောင်အတွင်းမှ ကာကွယ်ပေးရန် နည်းပြ ရေနီယာရီက တောင်းဆိုလိုက်သည်။
  • မာတာနှင့် စတိုင်ဂါကို ရောင်းမည်
    မန်ယူနည်းပြ မော်ရင်ဟိုမှာ ပိုဂဘာကို ခေါ်ယူပြီးနောက် ဗဟိုခံစစ်မှုး တစ်ဦးထပ်လိုသေးသည်ဟု ပြောဆိုခဲ့ပြီး မာတာနှင့် ရှဝိန်းစတိုင်ဂါတို့ကို အမြန်ထုတ်ရောင်းရန် ပြင်ဆင်လျက်ရှိသည်။
  • အာဆင်နယ်ရောက်မည့် မူစတာဖီ
    ဗလင်စီယာနောက်ခံကစားသမား မူစတာဖီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ဖြင့် အာဆင်နယ်သို့ ရက်ပိုင်းအတွင်း ရောက်ရှိ လာတော့မည် ဖြစ်သည်။
  • EPL ကို ဟောလိဝုဒ်နဲ့ တင်စားသူ
    ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲများမှာ ဟောလိဝုဒ် အက်ရှင်ကားများကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းလှကြောင်း ၀က်စ်ဟမ်း နည်းပြ ဘီလစ်က ပြောဆိုလိုက်သည်။
  • ဆန်းဒါးလန်းရွှေ့မည့် ဂျာနူဇက်
    မော်ရင်ဟို၏ အသင်းလူစာရင်းထဲတွင် မပါဝင်သော ၂၁နှစ်သား ဂျာနူဇက်မှာ မန်ယူမှ ဆန်းဒါးလန်းသို့ အငှားကစားသမား အဖြစ် သွားရောက်ကစားမည်ဖြစ်ပြီး ဂျာနူဇက်က အပြီးပြောင်းရွှေ့ခွင့်တောင်း ခြင်းကို မန်ယူအသင်း တာဝန်ရှိသူများက ငြင်း ပယ်ထားကြောင်း သိရသည်။
  • လူခေါ်ပါဆိုတဲ့ ရေးပါလာ
    အာဆင်နယ်အသင်းအနေနှင့် ဖလားရရှိရေး၊ ပရိသတ်များ၏ ယုံကြည်မှုပြန်လည်ရရှိရန် ကစားသမားသစ်များ ခေါ်ရလိမ့်မည်ဟု ကွင်းလယ်ကစားသမားဟောင်း တစ်ဦးဖြစ်သူ ရေးပါလာက ပြောဆိုလိုက်သည်။
  • ဂါစီယာကို လီဗာပူးခေါ်မည်
    လီဗာပူးအသင်းမှာ ဘာစီလိုနာ နောက်ခံလူဟောင်း ဂါစီယာကို ခေါ်ယူတော့မည် ဖြစ်သည်။
  • Plan B ရှိတယ်ဆိုတဲ့ ရေနီယာရီ
    အသင်းနှင့် ၄နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သော လက်စတာအသင်းနည်းပြ ရေနီယာရီက စတင်တော့မည့် ရာသီအတွက် ပြိုင်ဘက်အသင်းများကို ရင်ဆိုင်ရာတွင် မိမိ၌ Plan A တင်မကပဲ Plan B လည်း ရှိထားကြောင်း ပြောဆိုလိုက်သည်။
  • မန်ယူ ၂ယောက် ဆန်းဒါးလန်းရောက်
    မန်ယူနည်းပြဟောင်းဖြစ်သူ လက်ရှိ ဆန်းဒါးလန်း နည်းပြ မိုရက်စ်က မန်ယူမှ လူငယ်နောက်ခံ ကစားသမား ၂ယောက်ကို ခေါ်ယူ ခဲ့ပြီ ဖြစ်သည်။
Advertisement
Here