အာဂျင်တီးနားသား မက်ဆီမှာ ဘာစီလိုနာတွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း သူ၏ ဖခင်က ပြောဆိုလိုက်သည်။
ပေါ်တူဂီသား စီရိုနယ်ဒိုအနေနှင့် ယခုနှစ်ရွှေ့ဘောလုံးဆုကို ရသင့်ပြီး မရခဲ့ပါက မိမိတို့တစ်သင်းလုံး အံ့အားသင့်ကြရမည်ဖြစ်ကြောင်း အသင်းဖော် ကာဗယ်ဟို က ပြောဆိုလိုက်သည်။
အာဂျင်တီးနားနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန် ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုမှာ အသင်းသားများနှင့်အတူ ယမန်နေ့ညနေက မန်ချက်စတာသို့ ရောက်ရှိ လာခဲ့သည်။
မန်ယူ၏ ထုတ်ပယ်ခြင်းကိုခံခဲ့ရပြီး ၆ လ ခန့်အကြာတွင် ဆိုစီဒက် နည်းပြဖြစ်လာသော ဒေးဗစ်မိုရက်စ်က လာလီဂါသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး လိဂ်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။
လွန်ခဲ့သော ဧပြီလက မန်ယူမှ ထုတ်ပယ်ခြင်းခံခဲ့ရသော နည်းပြမိုရက်စ်မှာ စပိန်လာလီဂါကလပ်တစ်ခုဖြစ်သော ဆိုစီဒက်ကို တာဝန်ယူတော့မည် ဖြစ်သည်။
သူ၏ ပထမဆုံး ပါဝင်ခွင့်ရခဲ့သည် ၂ ပွဲ စလုံးတွင် အရှုံးရလဒ်များသာ ရရှိခဲ့ပြီးနောက် ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်က ပရိသတ်များ အနေနှင့် အသင်းပေါ် စိတ်ရှည်မူနှင့်အတူ ဆက်လက်အားပေးရန် တောင်းဆိုလိုက်သည်။
လာလီဂါ ၁၀ ပွဲတွင် အနိုင် ၁ ပွဲသာ ရှိခဲ့ပြီးနောက် ဆိုစီဒက်နည်းပြ အေရာဆက်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ဖြစ်သည်။
မန်ယူနည်းပြဟောင်း မိုရက်စ်မှာ လာလီဂါကလပ် ဆိုစီဒက်တွင် တာဝန်ယူခွင့်ရရေးအတွက် ချိတ်ဆက်နေကြောင်း သိရသည်။ သူသည် လွန်ခဲ့သော ဧပြီလ မန်ယူမှ ထုတ်ပယ်ခံရချိန်မှစကာ ကလပ်လက်မဲ့နည်းပြဘ၀သို့ ရောက်ရှိနေသူ ဖြစ်သည်။
ရီးရဲလ်စတား စီရိုနယ်ဒိုမှာ လွန်ခဲ့သော ရာသီ လာလီဂါ အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ်ခံခဲ့ရသည်။ သူသည် လွန်ခဲ့သောရာသီတွင် လာလီဂါပွဲ ၃၀ ကစားခဲ့ပြီး ၃၁ ဂိုးသွင်းယူ ပေးခဲ့သူဖြစ်သည်။
ရီးရဲလ်အရန် အသင်းနည်းပြဖြစ်သော ပြင်သစ်သား ဇီဒန်းကို မှန်ကန်သော နည်းပြလိုင်စင် အဆင့်မရှိသေးသည့် အမူနှင့် စပိန်ဘောလုံးအဖွဲ့ချုပ်က ၃ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။
၎ လ ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားခွင့်နှင့် ဝေးနေသော ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်မှာ ယနေ့ည ရီးရဲလ်နှင့် ပွဲတွင် ပါဝင်ကစားမည်ဟု သိရသည်။
အသက် ၂၅ နှစ်ရှိပြီဖြစ်သော ရီးရဲလ်ကစားသမား ဂါရက်ဘေးလ်မှာ ၂၀၁၄ ခုနှစ်အတွက် ၁ နှစ်တာ အကောင်းဆုံးလက်ရွေးစင် ကစားသမားဆုကို ရရှိခဲ့ပြီဖြစ်သည်။
ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုသည် အဲလ်ချီနှင့် ကစားခဲ့သောပွဲစဉ်တွင် ရီးရဲလ်အတွက် ၄ ဂိုးသွင်းယူပေးခဲ့သည်။
ဗလင်စီယာနည်းပြ နူနိုက ဂီတာဖေးကို ၃ ဂိုးပြတ်ဖြင့်နိုင်ခဲ့သောပွဲတွင် ကစားသမားများက ကစားသွားပုံကိုများစွာ ကျေနပ်ကြောင်း ပြောဆိုလိုက်သည်။
လာမည့် စနေနေ့ မက်ဒရစ်ဒါဘီအဖြစ် ရီးရဲလ်နှင့်တွေ့ရမည့်ပွဲအတွက် အက်သလက်တီကိုမှာ လက်မှတ်အစောင် ၃၀ သာရောင်း ရသေးကြောင်း သိရသည်။
ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်က ကလပ်အနေနှင့် လွန်ခဲ့သော ၂၀၁၃-၁၄ ရာသီတွင် ၀င်ငွေစုစုပေါင်း ယူရို ၆၀၃.၉ သန်းရှိခဲ့ပြီး ၁၀ နှစ် အတွင်း ၀င်ငွေအများဆုံးနှင့်အချမ်းသာဆုံးကလပ်အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အသင်းတည်ထောင်ခဲ့သည့် အချိန်မှစ၍ ၇၄ နှစ်အတွင်း လာလီဂါသို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သည့် အိုင်ဘာအသင်းသည် ပထမဆုံးပွဲစဉ်တွင် ဆိုစီဒက်ကို အနိုင်ရရှိသွားခဲ့သည်။
ရီးရဲလ်ကစားသမား ဒီမာရီယာမှာ အသင်းဖော်များကို နှုတ်ဆက်ခဲ့ပြီးနောက် အသင်းပြောင်းရန်အတွက် ယနေ့အင်္ဂလန် သို့ လေကြောင်းခရီးဖြင့် ထွက်ခွာလာတော့မည်ဖြစ်သည်။
ရီးရဲလ်နည်းပြ အန်ဆလော့တီက သူ့အနေနှင့် ဒီခီယာကိုအသင်းမှ ထွက်လိုလျှင် ထွက်ခွာခွင့်ပေးထားကြောင်း ပြောဆိုလိုက်သည်။
ဘာစီလိုနာတိုက်စစ်မှူး နေမာမှာ လေ့ကျင့်ရေးတွင် ဒဏ်ရာရရှိခဲ့သဖြင့် တနင်္ဂနွေနေ့ အဲလ်ချီနှင့်ကစားရမည့် လာလီဂါပွဲစဉ် (၁) ကို လွဲချော်နိုင်သည်ဟု သိရသည်။