Bundesliga
  • EPL ကိုလာမည့်ဂွာဒီယိုလာ
    ဘိုင်ယန်နှင့်သက်တမ်းမတိုးဖြစ်ခဲ့ပါက နည်းပြဂွာဒီယိုလာမှာပရီးမီးယားလိဂ်သို့ လာရန်ဆန္ဒရှိနေပြီးလန်ဒန်အခြေစိုက် အသင်းများကိုစိတ်ဝင်စားသည်ဟုသိရသည်။
  • ၃ လနားရမည့်ဂေါ့ဇီ
    ဘိုင်ယန်ကစားသမားဂေါ့ဇီမှာ ပေါင်ခြံဒဏ်ရာကြောင့် ၃ လခန့်နားရမည်ဟုသိရသည်။
  • လူမစုံတဲ့ဘိုင်ယန်
    ဒိုင်နမိုဇာဂရက်နှင့်ကစားရမည့် ပွဲအတွက်မိမိတို့တွင်ကြံ့ခိုင်မှု အပြည့်ရှိနေသူ ၁၄ ယောက် ၁၅ ယောက်ခန့်သာရှိကြောင်း ဘိုင်ယန် နည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်သည်။
  • ၉ မိနစ်အတွင်း ၅ ဂိုးသွင်းခဲ့သူ
  • ဂိုးစတင်းသွင်းခဲ့သော ဟာနန်ဒက်စ်
    မန်ယူမှပြောင်းရွေ့သွားခဲ့သော မက္ကဆီကိုတိုက်စစ်မှုးဟာနန်ဒက်စ်မှာ ချန်ပီယံလိဂ်ပွဲစဉ်တွင်လေဗာကူဆင် အတွက်ပထမဆုံးဂိုးစတင်း သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။
  • ဒုက္ခသည်တွေကိုဖိတ်ခေါ်တဲ့ ၀ုလ်စ်ဘတ်
    ဂျာမနီဘွန်ဒစ်လီဂါကလပ်တစ်ခုဖြစ်သော ၀ုလ်စ်ဘတ်မှာအိမ်ကွင်းတွင် CSKA မော်စကိုနှင့်ကစားရမည့် ချန်ပီယံလိဂ်အုပ်စုပွဲသို့ နိုင်ငံတွင်းရောက်ရှိနေသည့် တိုင်းတစ်ပါးဒုက္ခသည် ၁၂၀၀ ကိုဖိတ်ခေါ်ကြည့်ရှုစေမည်ဖြစ်သည်။
  • တစ်လနားရမည့်ရော်ဘင်
    အိုက်စလန်ကို ၁းဝ ဖြင်ရှုံးနိုမ့်ခဲ့သောယူရို ၂၀၁၆ ခြေစစ်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ဟော်လန်အသင်းခေါင်းဆောင် ရော်ဘင်မှာတစ်လခန့်နားရမည်ဖြစ်သည်။
  • စံချိန်တင်နိုင်ပွဲများနှင့် ဒေါ့မွန်
    ဘွန်ဒစ်လီဂါကလပ်ဒေါ့မွန်မှာ ယခုရာသီပြိုင်ပွဲအရပ်ရပ်၌စုစုပေါင်း ၈ ပွဲဆက်တိုက်အနိုင်ရခဲ့သောကြောင့် ရာသီအစရလဒ်အကောင်းဆုံး ရာသီအဖြစ်စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။
  • ဗီဒယ်ကိုသတိပေးတဲ့ မိုင်ယာ
    ဗီဒယ်အနေနှင့်စီးရီးအေတွင် ကစားခဲ့စဉ်ကပုံစံမျိုး ဘိုင်ယန်တွင်ဆက် ကစားမိပါကအနီကဒ် များစွာနှင့်ရင်ဆိုင်ရနိုင်သည်ကို သတိပြုစေလိုကြောင်း ဂိုးသမားဟောင်းမိုင်ယာက သတိပေးပြောဆိုလိုက်သည်။
  • မူလာကိုမရောင်းတဲ့ ဘိုင်ယန်
    မိမိတို့အသင်းမှသောမတ်စ်မူလာကို ထုတ်ရောင်းမည်မဟုတ်ဟုဘိုင်ယန် CEO ရမ်မီနစ်ကပြောဆိုလိုက်သည်။
  • ပြစ်ဒဏ်ချခံရသော ပရိသတ် ၂ ဦး
    ၁၈၆၀ မြူးနစ်အသင်းမှ ပရိသတ် ၂ ဦးမှာမြို့ခံပြိုင်ဘက် ဘိုင်ယန်မြူးနစ်နှင့်ကစားရစဉ် ဘိုင်ယန်ပရိသတ်များနှင့် ဖြစ်ပွားခဲ့သည့် လုပ်ရပ်အတွက်ထောင်ဒဏ် ၁၅ လကျခံရန်(သို့မဟုတ်ပါက) ဘိုင်ယန်မြူးနစ်အသင်းစတိုးဆိုင် သွား၍ပစ္စည်းဝယ်ရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။
  • ကော့စတာကိုယုံတဲ့ ဂွာဒီယိုလာ
    ဘိုင်ယန်နည်းပြဂွာဒီယိုလာက ရှက်တာဒိုးနက်ထံမှခေါ်ယူထားသော ဒေါက်ကလပ်စ်ကော့စတာမှာ ဘိုင်ယန်တွင်တောက်ပြောင် လာလိမ့်မည်ဟု ယုံကြည်ကြောင်းပြောဆိုလိုက်သည်။
  • ဘိုင်ယန်ရောက်သွားသော ဗီဒယ်
    ဂျူဗင်တပ်ကွင်းလယ်ကစားသမား ဗီဒယ်မှာဘိုင်ယန်သို့ပြောင်းရွေ့ရန် သဘောတူလိုက်ပြီဖြစ်သည်။
  • ဂွာဒီယိုလာဆက်နေမယ်ဆိုတဲ့ နူအာ
    ဘိုင်ယန်ဂိုးသမားနူအာက အသင်းနည်းပြဂွာဒီယိုလာမှာ အသင်းနှင့်စာချုပ်သက်တမ်း တိုးလိမ့်မည်ဟုယုံကြည်ကြောင်း ပြောဆို လိုက်သည်။
  • ဂေါ့ဇီအတွက် မန်ဇူကစ်ဝမ်းသာ
    အသင်းဖော်ဟောင်းဂေါ့ဇီနှင့်အတူ ပြန်တွဲကစားရတော့မည်ဖြစ်၍ ၀မ်းသာမိကြောင်းဂျူဗင်တပ် အသင်းမှမန်ဇူကစ်က ပြောဆိုလိုက်သည်။
  • ရှုံးပွဲတွေ့သော ဘိုင်ယန်
    ဘွန်ဒက်လီဂါရာသီကြိုဖလားပွဲအဖြစ် ဘိုင်ယန်အသင်းနှင့်အော့ဇဘတ်အသင်းတို့၏ တယ်လီကွန်းဖလားပြိုင်ပွဲတွင် ဘိုင်ယန်မှာ ၂း၁ ဖြင့်ရှုံးနိုမ့်ခဲ့သည်။
  • ဘရာဇီးနည်းပြဖြစ်ချင်တဲ့ ဂွာဒီယိုလာ
    ဘိုင်ယန်နည်းပြဂွာဒီယိုလာမှာ ကမ္ဘာ့ဖလားပွဲတစ်ခုခုအတွက် ဘရာဇီးကိုနည်းပြအဖြစ် တာဝန်ယူလိုနေကြောင်း နောက်ခံလူအဲလ်ဗက်စ်က ပြောဆိုလိုက်သည်။
  • ဒီမာရီယာကိုအလိုက်ပေး ခေါ်မယ့်ဘိုင်ယန်
    ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်အသင်းမှာ မန်ယူမှဒီမာရီယာအတွက်ရော်ဘင်၊ မူလာနှင့်အပိုဆောင်းငွေ တို့ပါပေး၍ခေါ်ယူလို နေကြောင်းသိရသည်။
  • ဂျာမနီအတွက်မကစားတော့သည့် ဖိလစ်လမ်း
    အသက် ၃၁ နှစ်ရှိပြီဖြစ်သော ဖိလစ်လမ်းက သူသည်ဂျာမနီလက်ရွေးစင် အသင်းအတွက် ပြန်ကစားတော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
  • ဒေါ့မွန်နှင့်သက်တမ်းတိုးသော ဂန်ဒိုဂန်
    မန်ယူအသင်းက ခေါ်ယူရန်ကြံစည်ခဲ့သော ဂျာမနီကွင်းလယ်ကစားသမား ဂန်ဒိုဂန်မှာဒေါ့မွန်နှင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။
Advertisement
Here