MNL News

  • မြန်မာနှင့် ထိုင်းအသင်း ခြေစမ်းပွဲကစားမည်

    ယခုနှစ်တွင် အာဆီယံဒေသတွင်းအသင်းများနှင့် ခြေစမ်းပွဲများယှဉ်ပြိုင်လျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံထိပ်သီးထိုင်းလက်ရွေးစင်အသင်းနှင့် အောက်တိုဘာ ၅ရက်တွင် မန္တလေးမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

  • လေးနိုင်ငံဖိတ်ခေါ်ပွဲအတွက် ထိုင်းဒိုင်များငှားရမ်း

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် KBZ Bank Cup 2017 လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ကိုင်တွယ်ရန် ထိုင်းနိုင်ငံမှ ဒိုင်လူကြီး လေးဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခေါ်ယူထားပြီး ပြိုင်ပွဲကိုင်တွယ်ကြေးသီးသန့် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ကျော်အထိ ကုန်ကျမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအိုဦးဘုန်းနိုင်ဇော်ထံမှ သိရသည်။

  • ယူ-၂၂ နှင့် MNL ALL-Star အသင်းတို့ကို ကြိုးစားရန် ဦးဇော်ဇော်မှာကြား

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ လေ့ကျင့်နေသော မြန်မာ ယူ-၂၂ အသင်းနှင့် MNL All-Star အသင်းတို့အား ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံပြီး နိုင်ငံအတွက် ကြိုးစားကြရန် မှာကြားကြောင်း သိရသည်။

  • MFF 100 PLUS CUP 2017 ပြိုင်ပွဲကျင်းပ

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ပူးပေါင်း၍ မြန်မာဘောလုံးလောကအတွက် အထောက် အကူဖြစ်စေမည့် လူငယ်မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် MFF 100 PLUS CUP 2017 ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီတွင် အမျိုးသားဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်း၌ ကျင်းပသည်။

  • အာရှနှင့် အာဆီယံ ပြိုင်ပွဲများကို အိမ်ရှင်အဖြစ်ကျင်းပမည့် မြန်မာ

    ယခုနှစ်သည် မြန်မာဘောလုံးလောကအတွက် နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်မှုများပြားသော နှစ်တစ်နှစ်ဖြစ် ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြိုင်ပွဲများကလည်း ဆီးကြိုလျက်ရှိရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ်အနေဖြင့် အာရှအဆင့်၊ အာဆီယံအဆင့် ပြိုင်ပွဲများအနက် သုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည် ဖြစ်သည်။

  • မြန်မာနှင့် အင်တာ ခြေစမ်းပွဲနှစ်ပွဲကစားမည်

    အီတလီစီးရီးအေကလပ် အင်တာမီလန်လူငယ်အသင်းသည် မြန်မာနိုင်ငံသို့လာရောက်၍ နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ ကျင့်ပြင်ဆင်နေသည့် မြန်မာလူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

  • လက်ကျန်ပွဲများကြိုးစားမည့် ရှမ်း

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အသက် ၁၉ နှစ်အောက် လူငယ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းသည် ရတနာပုံ ယူ-၁၉ အသင်းကို ရှုံးနိမ့်ပြီး အမှတ်ပေးဇယားထိပ်မှ ဆင်းပေးခဲ့ရသောကြောင့် လက်ကျန်ပွဲစဉ်များတွင် အမှားခံ၍ မရကြောင်း နည်းပြချုပ် ဦးမင်းသူက ပြောသည်။

  • တန်းတက်ခွင့်အတွက် မြ၀တီနှင့် မဟာယှဉ်ပြိုင်ရမည်

    MNL-2 MAX CEMENT 2017 ပွဲစဉ်(၁၆)တွင် အမှတ်ပေးဇယားအဆင့် (၂)နေရာမှ မြ၀တီအသင်းနှင့် အဆင့်(၃)နေရာမှ မဟာယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်သည် တန်းတက်မည့်အခွင့်အရေးအတွက် အရေးပါသည့် ပွဲစဉ်တစ်ပွဲဖြစ်သည်။

  • MFF ညှိနှိုင်းအစည်းအဝေးကျင်းပ

    မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီး၏ ဖွဲ့စည်းပုံစည်းမျဉ်းအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၈ ရက်နေ့က အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီအပါအ၀င် အားကစားကလောရှင်များ၊ အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများနှင့် အားကစားနှင့် ကာယပညာသိပ္ပံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

  • လေးနိုင်ငံဖိတ်ခေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ (KBZ Bank Cup 2017)အတွက် ပြိုင်ပွဲပြင်ဆင်မှု သတင်းစာရှင်းလင်းပွဲကို ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

  • ဖူဆယ်အသင်းများ ထိုင်းနိုင်ငံ၌ လေ့ကျင့်မည်

    (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးအသင်းတို့သည် ဇူလိုင်လတွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

  • ဒဂုံနှင့် မြ၀တီတို့ အမှတ်ပေးဇယား ဦးဆောင်

    မြန်မာနေရှင်နယ်လိဂ်ဌာနမှ ကြီးမှုးကျင်းပလျက်ရှိသည့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အသက် ၁၈ နှစ်အောက် ပြိုင်ပွဲ၌ အမှတ်ပေးဇယားထိပ်ပိုင်းတွင် ဒဂုံအသင်းနှင့် မြ၀တီအသင်းတို့ ဦးဆောင်နေကြောင်း သိရသည်။

  • နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသည့် မြန်မာ

    ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် အသက် ၁၅ နှစ်အောက် ဗီယက်နမ်ဖိတ်ခေါ်ဖလား ပြိုင်ပွဲယှဉ်ပြိုင် လျက်ရှိသော မြန်မာ ယူ-၁၅ အသင်းသည် ဇွန် ၁၆ ရက်နေ့က တရုတ်(တိုင်ပေ) ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားပြီး နှစ်ဂိုးစီ သရေကျကာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

  • ဖိတ်ခေါ်ပွဲတွင် မြန်မာတတိယရ

    ၂၀၁၇ ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲကို ယမန်နေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းရာ မြန်မာအသင်း တတိယနေရာရရှိခဲ့သည်။

  • တန်းတက်ခွင့်အတွက် မြ၀တီနှင့် မဟာအပြိုင်ဖြစ်

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲ ကျင်းပလျက်ရှိရာ ပွဲစဉ်(၁၅) အပြီးတွင် စီးတီးရန်ကုန်အသင်းက  ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး တန်းတက်ခွင့်အတွက် မြ၀တီအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့က အပြိုင်ဖြစ်နေ သည်။

  • MNL-၂ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်မည့် မဟာ

    မဟာယူနိုက်တက်အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများနှင့် ပြီးခဲ့သည့်ရက်ပိုင်းက ညှိနှိုင်းမှု များပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အသင်းပိုင်ရှင် ဦးဖိုးချစ်က ပြောသည်။

  • ကစားသမား ၃၀ ဦး ရွေးချယ်မည့် မြန်မာ့ဖူဆယ်

    မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းကို ကစားသမား ၃၀ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

  • မြန်မာအားကစားများအတွက် 100 Plus က ပံ့ပိုးမည်

    ယခုနှစ် ဩဂုတ်လတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့များအတွက် 100 Plus က ဆုကြေးငွေနှင့် အချိုရည်ဘူးများ လှူဒါန်းမှု စုစုပေါင်းအမေရိကန်ဒေါ်လာ တစ်သိန်းခန့် ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။

  • မြန်မာနှင့် တရုတ်(တိုင်ပေ) ဒုတိယပွဲကစားမည်

    ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသော အသက် ၁၅ နှစ်အောက် ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၅ အသင်းသည် ဒုတိယပွဲစဉ်အဖြစ် ဇွန် ၁၆ရက် ညနေ ၆နာရီတွင် တရုတ်(တိုင်ပေ) ယူ-၁၅ အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

  • ယူ-၁၉တွင် နေပြည်တော်ကို ရှမ်း ဂိုးပြတ်အနိုင်ရ

    အသက် ၁၉ နှစ်အောက် လူငယ်အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့အတွက် ပြင်ဆင်နေသော ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းသည် ဇွန် ၁၃ ရက်နေ့က အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ လေ့ကျင့်ရေးကွင်း၌ နေပြည်တော် ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲ ကစားပြီး သုံးဂိုးပြတ်အနိုင်ရရှိကြောင်း သိရသည်။


Advertisement
Here