MNL News

  • MNL ဇယားထိပ်အသင်းများ ထိပ်တိုက်တွေ့ဆုံ

    မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ် (၂၁) ကို ဩဂုတ် ၅ရက်နှင့် ၆ ရက်တို့တွင် ဆက်လက်ကစားမည်ဖြစ်ပြီး  အမှတ်ပေး ဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် ဖီးနစ်(ခ) အသင်းသည် အဆင့် (၃) နေရာမှ တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ကစားရမည်ဖြစ်သလို အဆင့် (၂) နေရာမှ မြဝတီအသင်းသည် အဆင့် (၄) နေရာမှ ဒဂုံအက်စ်စီအသင်းနှင့် ကစားရမည် ဖြစ်သည်။

  • ဖူဆယ် ဒိုင်လူကြီးသင်တန်းဖွင့်လှစ်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် AFC"C"လိုင်စင်နည်းပြသင်တန်းနှင့် လူငယ်မျိုးဆက်သစ်ဖူဆယ်ဒိုင်လူကြီးသင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ လူငယ်မျိုးဆက် သစ်ဖူဆယ်ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

  • ခြေစမ်းပွဲတွင် ဇွဲကပင်ကို ရှမ်း ဂိုးပြတ်အနိုင်ရ

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို လက်ရွေးစင်အသင်းပြိုင်ပွဲများကြောင့် ရပ်နားထားသောကာလအတွင်း ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။

  • ဆီးဂိမ်းအောင်နိုင်ရေးအလံ အပ်နှင်းပွဲ

    နေပြည်တော် ဝဏ္ဏသိဒ္ဓိကအားကစားရုံ၌ ဩဂုတ် ၄ရက်တွင် ကျင်းပမည့်ဆီးဂိမ်းအောင်နိုင်ရေးအလံအပ်နှင်းပွဲကို မြန်မာဘောလုံးအသင်းများဖြစ်သော အမျိုးသား၊ အမျိုးသမီးအသင်း၊ ဖူဆယ်အမျိုးသား၊ အမျိုးသမီးအသင်းများ တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။

  • မြန်မာနှင့် မီလန်ခြေစမ်းပွဲ ဝင်ကြေးကြေငြာ

    စက်တင်ဘာလအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အသက် ၁၈နှစ်အောက် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ရွေးစင် ယူ-၁၈ နှစ်အောက် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းသည် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

  • ချန်ပီယံဆုအတွက် ကြိုးစားမည့် ရှမ်း

    ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းသည် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ ပြိုင်ပွဲ ပွဲစဉ် (၁၇) တွင် GFA အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး သုံးဂိုးပြတ်အနိုင်ရရှိကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေကြောင်း ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းနည်းပြချုပ် ဦးမင်းသူထံမှ သိရသည်။

  • ခြေစမ်းပွဲအတွက် စပွန်ဆာပေးမည့် ဧရာဝတီဘဏ်

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ဩဂုတ် ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် အင်တာမီလန် ယူ-၁၈ အသင်းနှင့် မြန်မာ ယူ-၁၈ အသင်းနှင့် မြန်မာ ယူ-၁၈ အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲအတွက် မြန်မာ ယူ-၁၈ အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲအတွက် အဓိက စပွန်ဆာအဖြစ် ဧရာဝတီဘဏ်မှ ငွေကျပ်သိန်း ၃၀၀၀ စပွန်ဆာပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်ထံမှ သိရသည်။

  • မြန်မာ ယူ-၁၈ ပြင်ဆင်မှုများ ပြုလုပ်

    ရန်ကုန်မြို့ရှိ စက်တင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF U-18 Championship 2017 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် ပဏာမ မြန်မာ ယူ-၁၈ အသင်းသည်

  • ရန်ပိုင်နေရာ၌ သီဟဇော်ကို အစားထိုး

    လက်ရွေးစင်ကစားသမားဘဝမှ အနားယူသွားသော မြန်မာ့လက်ရွေးစင်တိုက်စစ်မှုး ရန်ပိုင်နေရာ၌ ဧရာဝတီယူနိုက်တက်အသင်းမှ သီဟဇော်ကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။

  • အကောင်းဆုံးပေးဆပ်ရန် ဥက္ကဋ္ဌမှာကြား

    ဩဂုတ် ၁၄ ရက်တွင် စတင်ကျင်းပမည့် (၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေသော မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် ဇူလိုင် ၃၀ ရက်နေ့က ဂျပန်နိုင်ငံ Ryutsu Keizai တက္ကသိုလ်အသင်း နှင့် ယှဉ်ပြိုင်ကစားရာ ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် လာမည့်ပွဲများတွင် ပေးဆပ်ကစားကြရန် မြန်မာ ယူ-၂၂ အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ  ဦးဇော်ဇော်က မှာကြားသည်။

  • မြန်မာနှင့် မီလန် ခြေစမ်းပွဲနှစ်ပွဲကစားမည်

    နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ-၁၈ အသင်းသည် ဥရောပထိပ်သီးကလပ် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ယင်းခြေစမ်းပွဲကို ဩဂုတ် ၁၁ရက်နှင့် ၁၃ရက်တို့တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။

  • မြန်မာ ယူ-၂၂ ခြေစမ်းပွဲတွင် ရှုံးနိမ့်

    ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် ဂျပန်နိုင်ငံမှ Ryutsu keizai တက္ကသိုလ်အသင်းတို့၏ ခြေစမ်းပွဲပထမပွဲစဉ်ကို ယမန်နေ့ ည ၆နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပရာ ဂျပန်နိုင်ငံမှ  Ryutsu keizai တက္ကသိုလ်အသင်းက မြန်မာအသင်းကို ၄ဂိုး-၁ဂိုးဖြင့် အနိုင်ရခဲ့သည်။

  • ဟံသာဝတီအိမ်ကွင်းတည်ဆောက်မှု မကြာမီပြီးစီး

    မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော် ဦးဆောင်သည့်အဖွဲ့သည် ဇူလိုင် ၂၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းနှင့် ဟင်္သာလမ်းထောင့်ရှိ ဟံသာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သော Grand Royal Stadium တည်ဆောင်နေမှုကို

  • School of Football သင်တန်းဆင်းပွဲကျင်းပ

    ရန်ကုန်ယူနိုက်တက်အသင်းက ကြီးမှုးဖွင့်လှစ်လျက်ရှိသည့် School of Football သင်တန်းကျောင်း၏ ဇူလိုင်လအတွက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက် YUSC ကွင်း၌ ကျင်းပသည်။

  • စည်းကမ်းပိုင်းကြောင့် ဖုန်ဂန်အသင်းကို ပြစ်ဒဏ်ချမှတ်

    မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင်ကလပ်အသင်းဖြစ်သည့် ဖုန်ဂန်အသင်းသည် ဇူလိုင် ၁၆ ရက်က ယှဉ်ပြိုင်ကစားသော စီးတီးစတားအသင်းနှင့် ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အုပ်ချုပ် သူ၊ ကစားသမားနှင့် အသင်းတို့အား စံချိန်တင်ပြစ်ဒဏ်ချမှတ်မှုကို အယူခံဝင်မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးအက်စ်ဒီးတန်ထံမှ သိရသည်။

  • မြန်မာနှင့် ဂျပန် ခြေစမ်းပွဲကစားမည်

    မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်များချန်ပီယံအသင်း Ryutsu Keizai FC အသင်းတို့ ခြေစမ်းပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ကွင်းဝင်ကြေးကို အထူးတန်း ငွေကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

  • နိုင်ပွဲပြန်လည်ရယူမည့် ရှမ်း

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ အောက်လူငယ်ပြိုင်ပွဲ ပွဲစဉ် (၂၃) အဖြစ် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းသည် ရတနာပုံ ယူ-၂၁ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက သုံးဂိုးပြတ်ဖြင့် နိုင်ပွဲပြန်လည်ရယူနိုင်ခြင်းမှာ ကစားကွက်ပြောင်းလဲခဲ့သောကြောင့်ဖြစ်ကြောင်း နည်းပြချုပ် ဦးအောင်ကျော်ထွန်းက ပြောသည်။

  • အမျိုးသမီးအသင်း ပြည်တွင်းအသင်းများနှင့် ခြေစမ်းမည်

    (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ပြည်တွင်း ဘောလုံးအသင်းများနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

  • မြဝတီအသင်း အမှတ်ပေးဇယားထိပ်၌ဦးဆောင်

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အသက် ၁၈ နှစ်အောက် လူငယ်ပြိုင်ပွဲ ပွဲစဉ် (၁၆)ကို ဇူလိုင် ၂၆ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီဖြစ်ရာ မြဝတီ ယူ-၁၈ အသင်းသည် မောရဝတီ ယူ-၁၈ အသင်းကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်၌ ဦးဆောင်နေကြောင်း သိရသည်။

  •  We Are One Cup ပြိုင်ပွဲဝင်များကို ဥက္ကဋ္ဌ တိုက်တွန်း

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ Main Sponsor ဖြစ်သည့် Myanmar Brewery Limited က စီစဉ်ကျင်းပသည့် We Are One Cup အပျော်တမ်းဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏမြက်ခင်းတုကွင်း၌ကျင်းပရာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးအားကစားဖြင့် ကျန်းမာရေးက၌မြှင့်တင်ရန် တိုက်တွန်းပြောကြားကြောင်း သိရသည်။


Advertisement
Here