MNL News

  • မြန်မာနှင့် ထိုင်း ခြေစမ်းမည်

    ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေသော မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းသည် ထိုင်းနိုင်ငံခြေစမ်းပွဲအပြီးတွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲကစားရန် စီစဉ်ထားသော်လည်း ယင်းအစီအစဉ်များပျက်သွားပြီး ဇူလိုင် ၃၀ ရက်တွင် ထိုင်းလက်ရွေးစင် အမျိုးသားဖူဆယ်အသင်းအပါအဝင် ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားမည်ဖြစ်ကြောင်း သိရသည်။

  • ဆီးဂိမ်းပြိုင်ပွဲ ဩဂုတ် ၁၄ ရက်တွင် စတင်မည်

    မြန်မာ ယူ-၂၂ အသင်းဝင်ရောက်ယှဉ်ပြိုင်မည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဩဂုတ် ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် ယင်နေ့တွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

  • လေးပွဲဆက်နိုင်သည့် ရှမ်း

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ ပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့ပြီး အမှတ်ပေးဇယားထိပ်မှ ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းမှာ ဆောက်သမ်းမြန်မာ ယူ-၁၉ အသင်းကို အနိုင်ရရှိပြီး လေးပွဲဆက်နိုင်ပွဲနှင့် အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

  • လက်ကျန်ပွဲများ အနိုင်ကစားမည့် ရှမ်း

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းသည် ချန်ပီယံမျှော်လင့်ချက် မကုန်ဆုံးသေးသောကြောင့် လက်ကျန်လေးပွဲစလုံး အနိုင်ကစားမည်ဟု နည်းပြချုပ် ဦးအောင်ကျော်ထွန်းက ပြောသည်။

  • ဂျပန်နှင့် မြန်မာ ခြေစမ်းပွဲနှစ်ပွဲကစားမည်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် ကြိုတင်ပြင်ဆင် မှုအဖြစ် ဂျပန်တက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။

  • ရခိုင်နှင့် ရတနာပုံပွဲ ပြောင်းလဲကျင်းပမည်

    2017 MNL Max Cement ပွဲစဉ် (၁၇) အဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ် ရက်ပြောင်းလဲပေးရန် ရတနာပုံအသင်း၏ တောင်းဆိုမှုကို မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ နောက်တစ်ရက်ဆုတ်ကာ ပြောင်းလဲ ကျင်းပခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

  • ယူ-၂၂ အသင်း ဆီးဂိမ်းအတွက် လေ့ကျင့်ပြင်ဆင်

    မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်းသည် အာရှ ယူ-၂၃ ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်ပြင်ဆင်မှုများ ဆက်လက် ပြုလုပ်လျက် ရှိသည်။

  • အာရှ ယူ-၂၃ ခြေစစ်ပွဲများ

    တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ကျင်းပမည့် အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို ယမန်နေ့က ကျင်းပခဲ့ရာ ဝင်ခွင့်ရ အသင်းများ ပေါ်ထွက်ခဲ့ပြီ ဖြစ်သည်။

  • ခြေစစ်ပွဲအောင်မြင်မှုမရခဲ့သော မြန်မာ

    ၂၀၁၈ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F)နောက်ဆုံးနေ့ကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက ဩစတြေးလျအသင်းကို ၃ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

  • မြန်မာ ဘရူနိုင်းကို ဂိုးပြတ်အနိုင်ယူ

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၈ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(စ) ပွဲစဉ်များကို ယမန်နေ့ ညနေ ပိုင်းတွင် သုဝဏ္ဏကွင်း၌ကျင်းပရာအိမ်ရှင်မြန်မာနှင့် ဩစတြေးလျတို့ ဂိုးပြတ် အနိုင်ရခဲ့သည်။

  • ရလဒ်ကို ကျေနပ်ဟုနည်းပြချုပ်ဆို

    ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေဖြင့် ဂျပန်နိုင်ငံသို့ ခြေစမ်းလေ့ကျင့်ရေးခရီးစဉ်ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် Niigata မြို့ အခြေစိုက် Kokutai Selection  Team နှင့် ဇူလိုင် ၂၀ ရက်နေ့က ခြေစမ်းကစားခဲ့ရာ ပွဲပြီးဆုံးချိန်တွင် Kokutai Selection  Teamက မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ၂ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ကာ နှစ်ပွဲဆက် ရှုံးပွဲတွေ့ကြုံခဲ့သော်လည်း ဆီးဂိမ်းအတွက် ပြင်ဆင်နေ၍ ယင်းရလဒ်ကို ကျေနပ်ကြောင်း မြန်ာအမျိုးသမီးအသင်း နည်းပြချုပ် ရော်ဂျာက ပြောသည်။

  • မြန်မာအသင်းအား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

    ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် AFC U-23 Championship 2018  Quali-fiers အုပ်စု (F) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ-၂၃ အသင်းသည် စင်ကာပူ ယူ-၂၃ အသင်းအား အနိုင်ရယူနိုင်ခဲ့၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

  • လက်ကျန်ပွဲတွင် မကွေးကို ရှမ်းအနိုင်ရ

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းသည် ဇူလိုင် ၁၆ ရက်က  လက်ကျန်ပွဲစဉ်တစ်ပွဲအဖြစ် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နည်းပြသစ် ဦးအောင်ကျော်ထွန်း လက်ထက်တွင် ပထမဆုံးနိုင်ပွဲရရှိကာ အဆင့် (၃) နေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။

  • ယူ-၂၃ အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက ရန်ကုန်မြို့ အင်းယားလိဂ်ဟိုတယ်၌ ကျင်းပရာ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းနည်းပြချုပ် ဂတ်ဆီဇီက ခြေစစ်ပွဲအောင်မြင်ရန် ယုံကြည်ကြောင်း ပြောသည်။

  • ဂျိုးဇက်ကို သက်တမ်းတိုးမည့် စီးတီးရန်ကုန်

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် စီးတီးရန်ကုန်အသင်း တိုက်စစ်မှုး ဂျိုးဇက်သည် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခြင်းကြောင့် အဆိုပါ တိုက်စစ်မှုးကို စီးတီးရန်ကုန်အသင်းက စာချုပ်သက်တမ်းတိုးမြှင့်ရန် စီစဉ်နေကြောင်း သိရသည်။

  • ရန်ကုန် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် စီစဉ်

    ရန်ကုန်ယူနိုက်တက်အသင်း၏ ဒုတိယအကျော့ လက်ကျန်ပွဲစဉ်များအတွက် ကြိုတင်ပြင်ဆင်မှုများစတင်ပြုလုပ်လျက်ရှိပြီး ခြေစမ်းပွဲစဉ်များယှဉ်ပြိုင်ကစားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

  • MNL-၁ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မဟာပြင်ဆင်

    ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်-၁သို့ တန်းတက်ခွင့်ရရှိခဲ့သည့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ဒုတိယရ မဟာယူနိုက်တက် အသင်းသည် လိဂ်-၁ ပြိုင်ပွဲယှဉ်ပြိုင်ရန် စပွန်ဆာရှာနေပြီး ပြင်ဆင်မှု ကြီးကြီးမားမားပြုလုပ်မည်ဖြစ်ကြောင်း နည်းပြချုပ် ဦးဇော်လင်းထွန်းက ပြောသည်။

  • ယူ-၂၁တွင် ဧရာဝတီအသင်းချန်ပီယံဖြစ်ရန် နီးစပ်

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ နှစ်အောက် ပြိုင်ပွဲ ပွဲစဉ် (၂၁) ကို ဇူလိုင် ၁၄ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယားထိပ်မှ ဧရာဝတီယူနိုက်တက် ယူ-၂၁ အသင်းက ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းကို အနိုင်ရရှိကာ နိုင်ပွဲဆက်ခဲ့ရပြီး ချန်ပီယံဆုအတွက် နီးစပ်လာပြီ ဖြစ်သည်။

  • စီးတီးရန်ကုန်နှင့် မဟာပွဲစဉ်ကို ဝင်ကြေးအခမဲ့

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားမည့် ချန်ပီယံစီးတီးရန်ကုန်အသင်းနှင့် ဒုတိယ မဟာယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ဝင်ကြေးအခမဲ့ သတ်မှတ် ထားကြောင်း သိရသည်။

  • မြန်မာနှင့် မလေးရှားအကြောင်းပြောတဲ့ ဂတ်ဆီဇီ

    ဇူလိုင် ၁၉ ရက်တွင် စတင်ယှဉ်ပြိုင်ကစားမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ပြီးခဲ့သည့် မလေးရှားနှင့် ခြေစမ်းပွဲမှ မတူညီသည့် ကစားသမားစာရင်းနှင့် ကစားကွက်များကို တွေ့မြင်ရမည်ဟု နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။


Advertisement
Here