MNL News

  • အဆင့်ပြန်တတ်လာသော မြန်မာ

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ဇူလိုင် ၆ ရက်နေ့က ဇူလိုင်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထုတ်ပြန်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ ကမ္ဘာ့အဆင့် ခြောက်ဆင့်မြင့်တက်လာပြီး အာဆီယံဒေသအတွင်း အဆင့် (၄) နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

  • ခြေစစ်ပွဲအတွက် ဝင်ခွင့်လက်မှတ်ဈေးနှုန်းများထုတ်ပြန်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဇူလိုင် ၁၉ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် ဝင်ခွင့်လက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

  • မြန်မာအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ

    ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည့် ၂၀၁၇ အာဆီယံ ယူ-၁၅ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ အမျိုးသား အသင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီး ရလဒ်ကောင်း အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ဦးဝင်းသူမိုးက ထုတ်ဖော်ပြောသည်။

  • စင်ကာပူနှင့် အိန္ဒိယခြေစမ်းပွဲကို လေ့လာမည့် မြန်မာနည်းပြ

    နည်းပြချုပ် ဂတ်ဇီဆီသည် စင်ကာပူနိုင်ငံ၌ ခြေစမ်းကစားမည် အိန္ဒိယနှင့် ပွဲစဉ်ကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်ထံမှ သိရသည်။

  • ငါးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည့် မလေးရှားဆီးဂိမ်း

    ၂၀၁၇ မလေးရှားဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များမဲခွဲမှုမတင်မီ စင်ကာပူအမျိုးသမီးအသင်းနုတ်ထွက်သွား သဖြင့် ကျန်ရှိသည့်အသင်း ငါးသင်းကို ပတ်လည်စနစ်ဖြင့်သာ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။

  • တန်းတက်အတွက် မဟာနှင့် မြဝတီအခွင့်အရေးရှိ

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပတ်အလိုတွင် စီးတီးရန်ကုန်အသင်းက အဆင့် (၂) နေရာမှ မဟာယူနိုက်တက်အသင်းကို ရှစ်မှတ်ဖြတ်ကာ ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ပြီဖြစ်ပြီး ယခုတစ်ပတ်ပွဲစဉ်များတွင် လက်ကျန်တန်းတက်ခွင့်တစ်နေရာအတွက် အဆုံးအဖြတ်အဖြစ် လာမည့် ပွဲစဉ်များ ပါဝင်လာမည် ဖြစ်သည်။

  • မြန်မာ အပြီးသတ်ကစားသမားစာရင်းထုတ်ပြန်

    မြန်မာ ယူ-၂၂ အသင်းသည် ဇူလိုင် ၁၉ ရက်တွင် အာရှ ယူ-၂၃ ခြေစစ်ပွဲ စတင်ယှဉ်ပြိုင်ရမည်ဖြစ်၍ ယင်းပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာခြေစမ်းပွဲအဖြစ် မလေးရှား ယူ-၂၂ အသင်းနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ယင်းခြေစမ်းပွဲအတွက် အပြီးသတ်ကစားသမား ၂၂ ဦးစာရင်းကို ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

  • ဖုန်ဂန်အသင်းကို အနိုင်ရ၍ တန်းတက်ခွင့်မျှော်လင့်သည့် မဟာ

    မဟာယူနိုက်တက်အသင်းသည် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၁၈) တွင် ဖုန်ဂန်အသင်းကို လေးဂိုးပြတ်အနိုင်ရရှိပြီး တန်းတက်ခွင့်အတွက် အခြေအနေကောင်းများပိုင်ဆိုင်၍ ယင်းနိုင်ပွဲသည်  အသင်းအတွက် ရှေ့ဆက်ရန် အားဖြစ်စေခဲ့ကြောင်း နည်းပြချုပ် ဦးဇော်လင်းထွန်းက ပြောသည်။

  • ရှုံးပွဲမရှိစံချိန်ဖြင့်ရာသီသိမ်းမည် စီးတီးရန်ကုန်

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပွဲအလိုတွင် စီးတီးရန်ကုန်အသင်းသည် အဆင့် (၂) နေရာမှ မဟာ ယူနိုက်တက်အသင်းကို အမှတ်ဖြတ်ကာ ချန်ပီယံဆုကို ဆွတ်ခူးပြီး တန်းတက်ခွင့်ရရှိခဲ့သည့်အပြင် ရှုံးပွဲမရှိစံချိန်ဖြင့် ရာသီသိမ်း မည်ဖြစ်ကြောင်း စီးတီးရန်ကုန်အသင်း အုပ်ချုပ်သူ ဦးကျော်ကျော်ဦးက ပြောသည်။

  • နိုင်ငံအတွက် ပေးဆပ်ကစားမည် ရှိုင်းသူရ

    ရတနာပုံအသင်းတိုက်စစ်မှုး ရှိုင်းသူရသည် အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေသော မြန်မာ ယူ-၂၂ အသင်း၌ အားဖြည့်ရွေးချယ်ခြင်းခံခဲ့ရသောကြောင့် မိမိအနေဖြင့် အခွင့်အရေးရှိနေချိန်တွင် နိုင်ငံအတွက် အကောင်းဆုံးပေးဆပ် ကစားသွားမည်ဖြစ်ကြောင်း တိုက်စစ်မှုး ရှိုင်းသူရက ဖွင့်ဟခဲ့သည်။

  • အာဆီယံကလပ်ပြိုင်ပွဲတွင် PU အသင်းဂိုးပြတ်နိုင်

    ၂၀၁၇ အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပရာ မြန်မာကလပ် PU အသင်း ဂိုးပြတ်အနိုင်ရရှိသည်။

  • ရတနာပုံ ယူ-၁၉ အသင်းနည်းပြ ပိုင်စိုး

    ရတနာပုံယူနိုက်တက်အသင်းမှာ အနာဂတ် လူငယ်ဘောလုံးကစားသမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာ့ လက်ရွေးစင်အသင်းနှင့် ရတနာပုံယူနိုက်တက်အသင်းမှ ကစားသမားဟောင်း ပိုင်စိုးကို ရတနာပုံ ယူနိုက်တက်အသင်းမှ လက်ထောက်နည်းပြအဖြစ် တရားဝင်ခန့်အပ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

  • မြန်မာ ယူ-၂၂ ကို အင်အားဖြည့်တင်းမည်

    လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့သော မြန်မာ ယူ-၂၂ အသင်းကို အာရှ ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ကစားသမား အင်အား ဖြည့်တင်းထားသောကြောင့် အသင်းမှာ အင်အားပိုမိုကောင်းမွန် လာမည်ဟု နည်းပြချုပ် ဂတ်ဆီဇီက ဖွင့်ဟခဲ့သည်။

  • စီးတီးစတားနှင့် စီးတီးရန်ကုန်အသင်းကစားမည်

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲတွင် အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် စီးတီးရန်ကုန်အသင်းသည် ယခုတစ်ပတ်တွင် စီးတီးစတားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စီးတီးစတားအသင်းကို အနိုင်ရပါက ပွဲစဉ်များမကုန်မီ၌ပင် ချန်ပီယံဖြစ်သွားမည် ဖြစ်သည်။

  • ဘရူနိုင်းကလပ်နှင့် PU အသင်း ကစားမည်

    ၂၀၁၇ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာဖူဆယ်ကလပ် PU အသင်းမှာ ဘရူနိုင်းကလပ် Shah United အသင်းနှင့် ဇူလိုင် ၃ရက်တွင် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

  • 100 Plus ဗိုလ်လုပွဲ ပဲခူးနှင့် မွန် သုဝဏ္ဏကွင်း၌ကစားမည်

    MFF 100 Plus Cup ပြိုင်ပွဲအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြုအသင်းများဖြင့် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲ အဆင့်အထိ ရောက်ရှိလာပြီး ဗိုလ်လုပွဲကို ပဲခူးတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြုအသင်းများဖြင့် ကျင်းပလျက် ရှိရာ ဗိုလ်လုပွဲအဆင့်အထိရောက်ရှိလာပြီး ဗိုလ်လုပွဲသို့ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အသင်းတို့က ဇူလိုင် ၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

  • ယူ-၂၁ တွင် ဧရာဝတီဦးဆောင်

    မြန်မာနေရှင်နယ်လိဂ် MNL Youth(U-21)League Competition အမှတ်ပေးဇယားပြိုင်ပွဲ ပွဲစဉ်(၁၉)ကို ဇူလိုင်၁ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး အမှတ်ပေးဇယားထိပ်မှ ISPE (A)အသင်း နိုင်ပွဲပျောက်ခဲ့သောကြောင့် နိုင်ပွဲရရှိသည့် ဧရာဝတီယူနိုက်တက် အသင်းက အမှတ်ပေးဇယားထိပ်တတ်လှမ်းကာ ဦးဆောင်နိုင်ကြောင်း သိရသည်။

  • နိုင်ပွဲပျောက်ဆုံးနေသော ရှမ်း

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းသည် နည်းပြ အဖွဲ့အပြောင်းအလဲပြုလုပ်ထားသော်လည်း ဇွန် ၂၉ ရက်နေ့က ယှဉ်ပြိုင်ကစားသော နိုင်ပွဲပျောက်ဆုံးခဲ့ကြောင်း သိရသည်။

  • ဆီးဂိမ်းအောင်မြင်ရေး ကြိုးစားရန် ဦးဇော်ဇော်မှာကြား

    မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြု ဘောလုံးအသင်းနှင့် ဖူဆယ်အမျိုးသား၊ အမျိုးသမီးအသင်းများအနေဖြင့် အောင်မြင်မှုရ ရှိရေးအတွက် ပိုမိုကြိုးစားကြရန် တာဝန်ရှိသူများနှင့် လက်ရွေးစင်အသင်းများအား ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မှာကြားခဲ့သည်။

  • လိဂ်-၂ ချန်ပီယံ ရန်ကုန်စီးတီး

    ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ စီးတီးရန်ကုန်အသင်းသည် ဒုတိယနေရာမှ မဟာယူနိုက်တက်အသင်းကို ရမှတ် ရှစ်မှတ်ဖြတ်ထားပြီး လက်ကျန်ပွဲတွင် တစ်ပွဲနိုင်ပါက စံချိန်တင်ရလဒ်များဖြင့် ချန်ပီယံဆု ဆွတ်ခူးနိုင်မည် ဖြစ်သည်။


Advertisement
Here