MNL News

  • မြန်မာ ယူ-၂၂ အသင်း နှစ်ပွဲဆက်အနိုင်ရ

    ဆီးဂိမ်းပြိုင်ပွဲအကြို KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ယမန်နေ့ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာ ယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်းတို့ နှစ်ပွဲဆက်အနိုင်ရခဲ့သည်။

  • ပွဲတိုင်းအနိုင်ရရန် ကြိုးစားမည့် မြန်မာ

    လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော မြန်မာ ယူ-၂၂ အသင်းသည် ဒုတိယပွဲစဉ်အဖြစ် ဇွန် ၃၀ ရက်တွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် ကစားသမားအပြောင်းအလဲပြုလုပ်မည်ဖြစ်ကာ ပွဲတိုင်းကို အနိုင်ရရှိရန် ကြိုးစားမည်ဖြစ်ကြောင်း နည်းပြချုပ် ဂတ်ဆီဇီက ကမ္ဘောဒီးယားနှင့် ပွဲစဉ်အပြီးတွင် ပြောကြားသည်။

  • ကမ္ဘောဒီးယားနည်းပြချီးကျူးတဲ့ စည်သူအောင်

    ဇွန် ၂၈ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းနှင့် အတူ ခြေစွမ်းပြခဲ့သော အသင်းခေါင်းဆောင် စည်သူအောင်သည် မြန်မာအသင်းတွင်သာမက အာရှတွင်လည်း အကောင်းဆုံးကစားသမား ဖြစ် လာနိုင်ကြောင်း ကမ္ဘောဒီးယား ယူ-၂၂ အသင်း နည်းပြချုပ် ဒါဆေးဗားလီယိုနာဒိုလူးဝစ်က ချီးကျူးပြောကြားသည်။

  • ၁၅ နှစ်အောက် MFF 100 Plus Cup ဆီမီးပွဲကစားမည်

    MFF 100 Plus Cup အသက် ၁၅ နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်များကို ဇွန် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ယှဉ်ပြိုင်ကစားခဲ့သည်။

  • နည်းပြသုံးဦးနှင့်လမ်းခွဲသည့် ရှမ်း

    ရှမ်းယူနိုက်တက်အသင်း အုပ်ချုပ်မှုအဖွဲ့သည် အသက် ၂၁ နှစ်အောက် ရှမ်းလူငယ်အသင်းမှ နည်းပြများဖြစ်သော ဦးဟန်ထွန်း၊ ဦးကျော်သီဟ၊ ဦးဖြိုးကိုကိုလှိုင်တို့နှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း ရှမ်းယူနိုက်တက်အသင်းမှ ထုတ်ပြန်ခဲ့သည်။

  • အိမ်ရှင်မြန်မာ ဂိုးပြတ်အနိုင်ရ

    ဆီးဂိမ်းပြိုင်ပွဲအကြို KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းတွင် ကျင်းပရာ မြန်မာအသင်းနှင့် ဂျပန်တက္ကသိုလ်အသင်းတို့ အနိုင်ရခဲ့သည်။

  • လေးနိုင်ငံပွဲတွင် ရလဒ်ကောင်းရန်နည်းပြယုံကြည်

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဖလား KBZ Bank Cup 2017 ပြိုင်ပွဲအတွက် ပွဲကြိုသတင်း စာရှင်းလင်းပွဲကို ယမန်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိ မည်ဟု ယုံကြည်ကြောင်း မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

  • ဖူဆယ်ဘောလုံး ဒိုင်လူကြီးသင်တန်းဖွင့်လှစ်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနမှ လူငယ်မျိုးဆက်သစ်ဖူဆယ်ဘောလုံးဒိုင်လူကြီးသင်တန်း အမှတ်စဉ်(၁/၂၀၁၇)ကို ဇူလိုင် ၁၄ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

  • ချန်ပီယံဆုရရှိရန် ကြိုးစားမည့် စည်သူအောင်

    ရန်ကုန်မြို့ သုဝဏ္ဏကစားကွင်း၌ ဇွန် ၂၈ ရက်တွင် ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ (KBZ Bank Cup 2017) ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ချန်ပီယံဆုကိုရရှိရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အသင်းခေါင်းဆောင် စည်သူအောင်ထံမှ သိရသည်။

  • ယူ-၁၉ ရှမ်း အမှတ်ပေးဇယားကိုဦးဆောင်

    2017 မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ ပြိုင်ပွဲ ပွဲစဉ်(၁၃)ကို ဇွန် ၂၅ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမှတ်ပေးဇယားထိပ်မှ ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ နိုင်ပွဲပျောက်ဆုံးချိန်တွင် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းက မကွေး အသင်းကို ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။

  • ယူ-၂၂ ဂိုးသမားမျိုးမင်းလတ်ကိုခေါ်ယူ

    အာရှဖလားခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၌ ရွေးချယ် ထားသော ဂိုးသမားများမှာ အတွေ့အကြုံနုနယ်သောကြောင့် ရှမ်းယူနိုက်တက်အသင်း ဂိုးသမား မျိုးမင်းလတ်ကို ထပ်မံခေါ်ယူ အားဖြည့်ရန် စီစဉ်နေကြောင်း မြန်မာ ယူ-၂၂ အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောသည်။

  • မလေးရှားဆီးဂိမ်း စနစ်သစ်ဖြင့် မဲခွဲမည်

    ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည့် ဘောလုံးသအားကစားနည်းကို စနစ်သစ်ဖြင့် မဲခွဲမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အုပ်စု(ခ)တွင် ပါဝင်မည်ဖြစ်ကာ အိမ်ရှင်မလေးရှားအသင်းက စိတ်ကြိုက်အုပ်စုတွင် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

  • ယူ-၂၂ အသင်း ပြည်တွင်း၌သာ လေ့ကျင့်မည်

    ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေသော မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် ပြိုင်ပွဲမတိုင်မီ ပြည်ပခရီးစဉ်ထွက်ခွာရန် သတင်းများထွက်နေခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် ပြည်တွင်း၌သာ ခြေစမ်းပွဲများကစားမည်ဖြစ်ပြီး အာရှအသင်းကြီး တစ်သင်းနှင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

  • MFF 100 Plus Cup ကွာတားတက်အသင်းများထွက်ပေါ်

    MFF 100 Plus Cup တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၅ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကို ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်မည့် အသင်းအများစု ပေါ်ထွက်ခဲ့သည်။

  • KBZ Bank Cup အပြီးသတ်လူရွေးချယ်

    မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည့် KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ရာ အပြီးသတ်ကစားသမား ၂၃ ဦးကို ယမန်နေ့တွင် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

  • လေးနိုင်ငံပြိုင်ပွဲဝင်အသင်းများ ရန်ကုန်သို့ရောက်ရှိ

    KBZ Bank Cup 2017 အမည်ဖြင့် ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဇွန် ၂၈ ရက်တွင် စတင်ကျင်းပ မည်ဖြစ်ရာ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ်လက်ရွေးစင်အသင်းတို့ ဇွန် ၂၆ ရက်တွင် ရန်ကုန်မြို့ သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

  • မြန်မာ ယူ-၂၂ အသင်းအနိုင်ရ

    (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် MNL ALL Star အသင်းတို့ ယမန်နေ့ ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၂၂ အသင်းက ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရခဲ့သည်။

  • မြန်မာနှင့် ထိုင်းအသင်း ခြေစမ်းပွဲကစားမည်

    ယခုနှစ်တွင် အာဆီယံဒေသတွင်းအသင်းများနှင့် ခြေစမ်းပွဲများယှဉ်ပြိုင်လျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံထိပ်သီးထိုင်းလက်ရွေးစင်အသင်းနှင့် အောက်တိုဘာ ၅ရက်တွင် မန္တလေးမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

  • လေးနိုင်ငံဖိတ်ခေါ်ပွဲအတွက် ထိုင်းဒိုင်များငှားရမ်း

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် KBZ Bank Cup 2017 လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ကိုင်တွယ်ရန် ထိုင်းနိုင်ငံမှ ဒိုင်လူကြီး လေးဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခေါ်ယူထားပြီး ပြိုင်ပွဲကိုင်တွယ်ကြေးသီးသန့် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ကျော်အထိ ကုန်ကျမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအိုဦးဘုန်းနိုင်ဇော်ထံမှ သိရသည်။

  • ယူ-၂၂ နှင့် MNL ALL-Star အသင်းတို့ကို ကြိုးစားရန် ဦးဇော်ဇော်မှာကြား

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ လေ့ကျင့်နေသော မြန်မာ ယူ-၂၂ အသင်းနှင့် MNL All-Star အသင်းတို့အား ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံပြီး နိုင်ငံအတွက် ကြိုးစားကြရန် မှာကြားကြောင်း သိရသည်။


Advertisement
Here