Gossips

  • အပယ်ခံရသော အီရန် ၂ဦး

    အီရန်လက်ရွေးစင်အသင်းမှ ကစားသမား ၂ဦးမှာ အစ္စရေးကလပ်နှင့် ယှဉ်ပြိုင်ရသည့် ယူရိုပါလိဂ် ခြေစစ်ပွဲတွင် ပြိုင်ဘက်ကလပ်ဘက်မှ ပါဝင်ကစားခဲ့ခြင်းကြောင့် လက်ရွေးစင်အသင်းမှ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

  • အစ္စရေးနည်းပြ ဖြစ်လာမည့်သူ

    အိုင်ယာလန်လန်လက်ရွေးစင်အသင်း လက်ထောက်နည်းပြဖြစ်သူ ရွိုင်ကိန်းမှာ လာမည့်နွေတွင် စာချုပ်သက်တမ်းပြည့်မည်ဖြစ် ပြီး ယင်းနောက်တွင် အစ္စရေးအသင်းကို ကိုင်တွယ်မည်ဟု သိရသည်။

  • နိုက်စ်ကို ပြောင်းမယ့် ရှနိုက်ဒါ

    ဟော်လန်ကွင်းလယ်ကစားသမား ရှနိုက်ဒါမှာ ပြင်သစ်ကလပ် နိုက်စ်သို့ ပြောင်းရွှေ့ကစားမည် ဖြစ်သည်။

  • BT Sport တွင် ပါမည့် လမ်းပတ်

    ချဲလ်ဆီးနှင့် အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ လမ်းပတ်မှာ ၂၀၁၇-၁၈ ရာသီအတွက် BT Sport အစီအစဉ်တွင် ပါဝင်မည် ဖြစ်သည်။

  • အထုတ်ခံရတော့မည့် ကိုးလ်

    ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း တစ်ဦးဖြစ်သူ ကာလ်တန်ကိုးမှာ အင်ဒိုနီးရှားကလပ် ပါဆစ် ဘန်ဒေါင်းတွင် ကစားနေသူဖြစ်ပြီး ယခုအချိန်ထိ ဂိုးမသွင်းနိုင်သေးသောကြောင့် အသင်းမှ ထုတ်ပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

  • သေချာစွာ စုံစမ်းမည့် တောင်အာဖရိက

    ကွင်းအတွင်း ပရိသတ်အချင်းချင်း တိုးဝှေ့ကြရင်း ခိုက်ရန်ဖြစ်ပွားရာမှ ပရိသတ် ၂ဦးသေဆုံးခဲ့ရပြီး အချို့ဒဏ်ရာရခဲ့ကြသည့် ကိစ္စအပေါ် မိမိတို့ အပြည့်အဝကိုင်တွယ် စစ်ဆေးစုံစမ်းသွားမည်ဖြစ်ကြောင်း တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ သည်။

  • နုတ်ထွက်တဲ့တာရင်

    ရန်ပွဲတစ်ခုတွင် ပါဝင်ခဲ့သော တူရကီလက်ရွေးစင်အသင်းနည်းပြ တာရင်မှာ သူ၏ ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။

  • အကြွေးကင်းသော တရုတ်ကလပ်များ

    တရုတ်စူပါလိဂ်မှ ကလပ်အသင်း ၁၀ သင်းက ၎င်းတို့တွင် ကြွေးမြီကိစ္စရှင်းလင်းသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆို လိုက် သည်။

  • အနားယူသွားသည့် မီချူး

    အိုဗီဒိုအသင်းတိုက်စစ်မှုး မီချူးမှာ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာဒုက္ခပေးနေမှုကြောင့် နောက်ဆုံးတွင် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

  • အနားယူသွားတဲ့ ရော်ဘင်ဆင်

    အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ ပေါလ် ရော်ဘင်ဆင်မှာ ကစားသမားဘဝမှ အနားယူလိုက်ပြီ ဖြစ်သည်။

  • ထွက်ခွင့်ရသော ရှနိုက်ဒါ

    ဝက်စ်လေ ရှနိုက်ဒါမှာ ဂါလာတာစာရေးအသင်းမှ ထွက်ခွာခွင့်ရရှိထားပြီဖြစ်ပြီး စာချုပ်ကိုလည်း နှစ်ဘက်သဘောတူညီမှုဖြင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

  • ဂျော့ဝီယာ၏သား ဘောလုံးကန်ပြီ

    ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ရွှေဘောလုံးဆုရခဲ့ဘူးသော ဂျော့ဝီယာ၏သားဖြစ်သူမှာ PSG အသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားစာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

  • ကလေး ၂ယောက်နှင့် စီရိုနယ်ဒို

    ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်တွင် ချီလီကို ရှုံးခဲ့ရသဖြင့် ပေါ်တူဂီတိုက်စစ်မှုး စီရိုနယ်ဒိုမှာ များစွာစိတ်ပျက်သွားခဲ့ရပြီး ဒုတိယမြောက် ကလေးမွေးဖွားမည်ဖြစ်သဖြင့် တတိယနေရာလုပွဲကို လွဲချော်မည် ဖြစ်သည်။

  • လက်စတာကို မေ့လိုက်ချင်သူ

    ပြင်သစ်ကလပ် နန့်စ်အသင်းကို တာဝန်ယူနေပြီဖြစ်သည့် ရေနီယာရီက သူသည် လက်စတာနှင့် ပတ်သက်သမျှကို မေ့ထားလို ပြီဟု ပြောဆိုလိုက်သည်။

  • မော်ရင်ဟို၏ ဖခင်ကွယ်လွန်

    မန်ယူနည်းပြ မော်ရင်ဟို၏ ဖခင်ဖြစ်သူ ဖီးလစ်မှာ အသက် ၇၉ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

  • သက်တမ်းတိုးသော ဘာလိုတယ်လီ

    အီတလီသား ဘာလိုတယ်လီမှာ လက်ရှိကစားနေသော နိုက်စ်အသင်းနှင့် ၁နှစ်စာချုပ်သက်တမ်းထပ်တိုးခဲ့ကြောင်း သိရသည်။

  • ၈ပွဲ အပယ်ခံရသော အော်စကာ

    ရှန်ဟိုင်း SIPG အသင်းတွင် ကစားနေသော ကွင်းလယ်တိုက်စစ်သမား အော်စကာမှာ ဂွန်ဇူးအသင်းနှင့် ကစားရာတွင် ကြမ်းရမ်းစွာပြုမူခဲ့ခြင်းအတွက် တရုတ်ဘောလုံးအဖွဲ့ချုပ်က ၈ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

  • ဗိုလ်စွဲခဲ့သော ဘိုကာဂျူနီယာ

    အာဂျင်တီးနား နာမည်ကြီးကလပ် တစ်ခုဖြစ်သော ဘိုကာဂျူနီယာအသင်းမှာ အမှတ်ပေးချန်ပီယံဘွဲ့ကို ၃၂ ကြိမ်မြောက်အဖြစ် ရရှိခဲ့ပြီ ဖြစ်သည်။

  • အခွန်ရှောင်တိမ်းမှုနှင့် မော်ရင်ဟို

    ရီးရဲလ်နည်းပြဟောင်း မော်ရင်ဟိုအနေနှင့် စပိန်တွင် အခွန်ငွေပေးဆောင်ရန် ကျန်ရှိနေကြောင်း စုံစမ်းရေးမှုးတစ်ဦးက ပြောဆို လိုက်သည်။

  • နိုဘယ်ဆုအကြောင်းပြောတဲ့ ဘလတ္တာ

    ဖီဖာဥက္ကဋ္ဌဟောင်းဖြစ်သူ ဘလတ္တာက ဖီဖာအဖွဲ့ကြီးအနေနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက် သည်။


Advertisement
Here