Gossips

  • စည်းမျဉ်းသစ်နှင့် တရုတ်စူပါလိဂ်

    တရုတ်ဘောလုံးအဖွဲ့ချုပ်သည် တရုတ်စူပါလိဂ်မှကလပ်များအနေနှင့် နိုင်ငံခြားသားကစားသမားများကို ခေါ်ယူခဲ့ပါက အခွန် ၁၀၀% ပေးဆောင်ရမည်ဟု စည်းမျဉ်းသစ် ထုတ်ပြန်လိုက်သည်။c

  • ရှေ့ရေးမသိသေးတဲ့ တီဗက်စ်

    ကမ္ဘာ့လစာအများဆုံး ဘောလုံးကမားအဖြစ် စံချိန်တင်ထားသော တိုက်စစ်မှုး တီဗက်ဇ်မှာ လာမည့် အနာဂတ်တွင် မည်သည့် အသင်းသို့ ရောက်နေမည်ကို ခန့်မှန်းရခက်နေဆဲ ဖြစ်သည်။

  • ဘောလုံးလောကထဲ ပြန်ဝင်လာသူ

    ယူရို ၂၀၁၆ တွင် အင်္ဂလန်အသင်းကို တာဝန်ယူခဲ့သော နည်းပြဟော့ဆန်မှာ အင်္ဂလန်နည်းပြအဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် ဘောလုံးလောကနှင့် ကင်းကွာနေခဲ့ပြီး ယခုအခါတွင် ဘောလုံးသတင်း ဝေဖန်သူတစ်ဦးအဖြစ် ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သည်။

  • စိန့်အက်တိုင်းနီးနည်းပြ ဂါစီယာ

    ဆာလ်ဘာ့ဂ်အသင်းကို ဩစတြီးယားအမှတ်ပေးချန်ပီယံ ၂နှစ် ဆက်တိုက်ရစေခဲ့သော စပိန်သား နည်းပြ ဂါစီယာကို ပြင်သစ်လိဂ်ဝမ်းကလပ် စိန့်အက်တိုင်းနီးက ၂နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

  • ထုတ်ပယ်ခံ အဲရစ်ဆင်

    အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဘူးသူ နည်းပြအဲရစ်ဆင်မှာ တရုတ် ဒုတိယတန်းကလပ် ရှန်ဇန်းနည်းပြအဖြစ်မှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။

  • နန့်စ်နည်းပြသစ် ရေနီယာရီ

    လက်စတာနည်းပြဟောင်း ရေနီယာရီမှာ ပြင်သစ်လိဂ်ဝမ်းကလပ် နန့်စ်အသင်းကို တာဝန်ယူလိုက်ပြီ ဖြစ်သည်။

  • တရုတ်ကလပ်နည်းပြ ကာပယ်လို

    ဥရောပဘက်မှ နာမည်ကြီး နည်းပြအချို့မှာ တရုတ်စူပါလိဂ်ကလပ်များသို့ ပြောင်းရွှေ့လျက်ရှိရာ ယခုအခါ အီတလီသားကြီး ကာပယ်လိုမှာ ဂျန်ဆု ဆန်းနင်းအသင်းနည်းပြအဖြစ် တာဝန်ယူတော့မည် ဖြစ်သည်။

  • မင်္ဂလာဆောင်မည့် မက်ဆီ

    ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် သူ၏မင်္ဂလာပွဲအတွက်  ဘာစီလိုနာအသင်းဖော်များအားလုံးကို ဖိတ်ကြားမည် ဖြစ်သည်။

  • အနားယူသော တူရန်

    တူရကီအသင်းခေါင်းဆောင် ဘာစီလိုနာ ကွင်းလယ်ကစားသမား တူရန်မှာ လက်ရွေးစင်အဖြစ်မှ အနားသွားပြီ ဖြစ်သည်။

  • နားတော့မည့် ဒီမစ်ချယ်လီ

    ဘိုင်ယန်၊ မန်စီးတီးတို့တွင် ကစားခဲ့ဘူးသော အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဒီမစ်ချယ်လီမှာ ယခုရာသီကုန်တွင် ကစား သမားဘ၀မှာ အနားယူတော့မည် ဖြစ်သည်။

  • ဖျက်သိမ်းရသော ပွဲစဉ်

    ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကစားခဲ့သော အိုင်ဗရီကို့စ်နှင့် ဆီနီဂေါတို့၏ ခြေစမ်းပွဲ ပွဲစဉ်ကို ပရိသတ်များကြောင့် ဖျက်သိမ်းလိုက် ရကြောင်း သိရသည်။

  • အနားယူသွားသော ကူရာညီ

    ဂျာမနီလက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ ကူရာညီမှာ ကစားသမားဘ၀မှ အနားယူပြီဖြစ်ကြောင်း သိရသည်။

  • ကစားသမားတွေကို ကာကွယ်ခဲ့သူ

     ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၁၇ တွင် သာရှိနေသော ကနေဒါကို ၁ဂိုးစီသရေသာ ကစားနိုင်ခဲ့သည့်အပေါ် ကစားသမားများ ဘက်မှ စကော့တလန် နည်းပြ စထရာချန်က ကာကွယ်ပြောဆိုလိုက်သည်။

  • နည်းပြသစ်ခန့်သော အိုင်ဗရီကို့စ်

    အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်သည် ဘယ်လ်ဂျီယံနည်းပြဟောင်းဖြစ်သူ ၀ီလ်မော့စ်ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ် လိုက်ပြီ ဖြစ်သည်။

  • ပွဲပယ်ခံရသော ကွင်းလယ်ဒိုင်

    လွန်ခဲ့သော နိုဝင်ဘာလအတွင်းက ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား အာဖရိကဇုန်၏ တောင်အာဖရိကနှင့် ဆီနီဂေါတို့ ပွဲစဉ် တွင် မတရားသော နည်းလမ်းမျိုးကို အသုံးပြုခဲ့သည်ဟုဆိုကာ ဂါနာလူမျိုး ကွင်းလယ်ဒိုင် လမ့်ပတေးကို  ဖီဖာက တစ်သက်တာ ပွဲပယ်မိန့် ပြစ်ဒဏ်ချလိုက်ကြောင်း သိရသည်။

  • နည်းပြကို ထုတ်ပယ်ခဲ့သော မစ်ဒယ်ဘရော့

    ယခုရာသီတွင် တန်းပြန်တက်လာသော မစ်ဒယ်ဘရော့အသင်းမှာ FA ဖလားအပါအ၀င် နောက်ဆုံး၃ပွဲဆက် ရှုံးပွဲကြုံခဲ့ပြီးနောက် ၃ နှစ်ခွဲကြာ လက်တွဲခဲ့သော နည်းပြ ကရန်ကာကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

  • ထုတ်ပယ်ခံရသော ဒါဘီနည်းပြ

    ဘရိုက်တန်အသင်းကို ၃-၀ဖြင့် ရှုံးကာ အဆင့် ၁၀သို့ ရောက်ရှိသွားခဲ့သော ဒါဘီကောင်တီအသင်းသည် နည်းပြ မက္ကလာရင်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

  • နောဝစ်နည်းပြ အထုတ်ခံရ

    တန်းတက်ခွင့်ရရေး အလှမ်းဝေးသွားခဲ့ပြီးနောက် နောဝစ်အသင်းသည် နည်းပြ နေးလ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ် သည်။

  • အာဂျင်တီးနားပွဲစဉ်အချို့ ဖျက်သိမ်း

    ကစားသမားများ ဆန္ဒပြမှုကြောင့် ယခုအပတ် အာဂျင်တီးနားလိဂ်မှ ပွဲစဉ်အချို့ကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

  • ပွဲစဉ်ဇယားကို မော်ရင်ဟို ဝေဖန်

    ယူရိုပါလိဂ်ပွဲမတိုင်မီ ၃ရက်အလိုတွင် ချဲလ်ဆီးနှင့် FA ဖလား ကွာတားဖိုင်နယ်ကစားရမည့် ပွဲစဉ်ဇယား ရေးဆွဲထားမှုနှင့် ပတ်သက်၍ မန်ယူနည်းပြ မော်ရင်ဟိုက ပြစ်တင်ဝေဖန်လိုက်သည်။


Advertisement
Here