Gossips
  • လက်မှတ်မှောင်ခိုကိစ္စ စစ်ဆေး
    ဘရာဇီးတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် လက်မှတ်မှောင်ခိုမှုများ ရှိနေသည်ဟု သတင်းများထွက်ခဲ့ပြီးနောက် ဖီဖာက စစ်ဆေးနေပြီဟု ဆိုသည်။
  • အာဂျင်တီးနားကို ဝေဖန်တဲ့မာရာဒိုနာ
    အာဂျင်တီးနား ဂန္တ၀င်ကစားသမားကြီး မာရာဒိုနာက ယနေ့ည ဘယ်လ်ဂျီယံနှင့် တွေ့ရမည့် သူ့နိုင်ငံအသင်းမှာ အစွမ်းအစ မပြနိုင်သေးဟု ဝေဖန်လိုက်သည်။
  • ဖက်ဒဲရား ဖိုင်နယ်တက်
  • ပိတ်ပွဲတွင် ရှာကီယာပါမည်
    မာရာကာနာကွင်းကြီးတွင် ဇူလိုင်လ ၁၃ ရက်နေ့၌ ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပိတ်ပွဲတွင် ကိုလံဘီယာသူ အဆိုတော်ရှာကီယာ ပါဝင်သီဆိုမည် ဖြစ်သည်။
  • အက်စကိုဘာကို အမှတ်ရနေတဲ့ ကိုလံဘီယာ
    ကိုလံဘီယာနှင့် ဘရာဇီးပွဲအတွက် လာရောက်ကြသူများထံမှ နောက်ခံလူဟောင်း အက်စကိုဘာ၏ ဆွေမျိုးနှင့်သူငယ်ချင်းများမှာ အက်စကိုဘာ၏ ကျောနံပါတ် ၂ ဂျာစီကို ၀တ်ဆင်လာကြမည်ဟု ဆိုသည်။
  • ၇ ယောက်ဖျားနေသော ဂျာမနီ
    ပြင်သစ်နှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ကစားရမည့် ဂျာမနီအသင်းဘက်တွင် ကစားသမား ၇ ဦးမှာ အဖျားဝေဒနာရှိနေကြောင်း သိရသည်။
  • အမေရိကန်ကို ချီးကျူးတဲ့သမ္မတ
    နောက်ဆုံး ၁၆ သင်းအဆင့်တွင် ဘယ်လ်ဂျီယံအသင်းကို ကပ်ရှုံးပြီးပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း အမေရိကန်အသင်းကို သမ္မတ အိုဘားမားက ချီးကျူးလိုက်သည်။
  • ရှုံးပွဲတွေ့သော မာရေး
    ဗြိတိန်သား မာရေးမှာ ၀င်ဘယ်ဒန်တင်းနစ် ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဘူဂ်ဂေးရီးယားမှ ဒီမီထရော့ဗ်ကို ရှုံးနိမ့်ခဲ့သဖြင့် လက်ရှိ ချန်ပီယံသရဖူကာကွယ်ရေးအတွက် မျှော်လင့်ချက်ကုန်ဆုံးသွားပြီ ဖြစ်သည်။
  • မီယာမီတွင် အနားယူနေသည့် ဖယ်လ်ကာအို
    မိုနာကိုအသင်းမှ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုသည် နွေရာသီအားလပ်ရက်များအား မိသားစုနှင့်အတူ မီယာမီကမ်းခြေ တွင် အပူအပင်ကင်းမဲ့စွာ အနားယူလျှက် ရှိသည်။
  • ထွက်တော့မည့် ကွီရော့ဇ်
    အီရန်နည်းပြ ကွီရော့ဇ်မှာ ကမ္ဘာ့ဖလားပွဲပြီးလျှင် ရာထူးမှ နှုတ်ထွက်တော့မည်ဖြစ်သည်။
  • လုပ်ပွဲကြောင့် ထောင်ထဲရောက်သူ
    စီးပွားရေးသမား ၂ ဦးနှင့် ဘောလုံးသမား ၁ ဦး တို့ကို လုပ်ပွဲကစားမှုများကြောင့် ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။
  • ရွန်းနီကို ကာကွယ်တဲ့ ဗန်ပါစီ
    အင်္ဂလန်တိုက်စစ်မှူး ရွန်းနီအပေါ် ဝေဖန်နေမှုများသည် တရားမျှတခြင်း မရှိတော့ကြောင်း မန်ယူအသင်းဖော် ဗန်ပါစီက ပြောဆို လိုက်သည်။
  • အိမ်ြပန်စောတဲ့ ချန်ပီယံ
    ကမ္ဘာ့ဖလား လက်ရှိချန်ပီယံစပိန်မှာ အုပ်စု ဒုတိယပွစဉ်တွင် ချီလီကိုရှုံးခဲ့ရပြီးနောက် ကစားရန်တစ်ပွဲ ကျန်သေးသော်လည်း ပြိုင်ပွဲမှ ထွက်ရပြီ ဖြစ်သည်။
  • ဆေးရုံဆင်းတဲ့ ရှုးမေကာ
    F-1 ပြိုင်ကား ချန်ပီယံ မိုက်ကယ် ရှုးမေကာမှာ ဒဏ်ရာအတော်သက်သာလာပြီဖြစ်၍ ဂရင်နိုဘယ် ဆေးရုံမှ ဆင်းခဲ့ပြီ ဖြစ်သည်။
  • ဘရာဇီးရောက် ကောလင်း
    အင်္ဂလန် တိုက်စစ်မှူး ရွန်းနီး၏ ဇနီးကောလင်းသည် သား ၂ ဦးနှင့်အတူ ခင်ပွန်းသည်ကို အားပေးရန် ရီယိုဒီဂျနေးရိုး သို့ ရောက်ရှိ လာပြီဖြစ်သည်။
  • စေ့စပ်တဲ့ ဘာလိုတယ်လီ
    အီတလီတိုက်စစ်မှူး ဘာလိုတယ်လီမှာ ချစ်သူ၏ မွေးနေ့တွင် စေ့စပ်လိုက်ပြီဟု သိရသည်။
  • ချစ်သူရှေ့မှာ နိုင်ခဲ့တဲ့ ဒီမီထရော့
    ကမ္ဘာကျော် တင်းနယ်မယ် ရှာရာပိုဗာ၏ချစ်သူ ဒီမီထရော့မှာ ကွင်းစ်ကလပ် ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို အနိုင်ယူပြခဲ့သည်။
  • ဆန္ဒပြခံရတဲ့ ဖီဖာ
    ဆွစ်ဇာလန်နိုင်ငံ ဂူးရစ်မြို့ရှိ ဖီဖာရုံးချုပ်တွင် လူ ၁၅၀ ခန့်က ၀ိုင်းဝန်းဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ရွန်းနီကို ကာကွယ်တဲ့ကောလင်း
    အီတလီနှင့် ကစားခဲ့သောပွဲတွင် ခြေစွမ်း ကောင်းစွာမပြနိုင်ခဲ့သော ရွန်းနီကို ၎င်း၏တွစ်တာဆိုက်တွင် အချို့က ဝေဖန်မှုများ လုပ်ထားမှုကို ဇနီးသည် ကောလင်းက တုန့်ပြန်လိုက်သည်။
  • လုံခြုံရေး ပိုချထားသူများ
    ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားနေကြသည့်အသင်းသားများကြောင့် အင်္ဂလန်တွင် ကျန်ရစ်ခဲ့သည့် ကစားသမားများ၏ ချစ်သူ ဇနီးမယား တို့အတွက် သက်ဆိုင်ရာကလပ်များက လုံခြုံရေးများ ပိုချထားပေးရကြောင်း သိရသည်။
Advertisement
Here