Gossips

  • တရုတ်ပြည်ရောက် ရွန်းနီအေးဂျင့်

    အင်္ဂလန်နှင့် မန်ယူအသင်းခေါင်းဆောင် ရွန်းနီ၏ အေးဂျင့်ဖြစ်သူမှာ ရွန်းနီ၏ စူပါလိဂ်သို့ ပြောင်းရွှေ့နိုင်မှုနှင့် ပတ်သက်၍ တရုတ်ပြည်သို့ ရောက်ရှိနေကြောင်း သိရသည်။

  • အသင်းရှာနေတဲ့ ဘာဘာတော့ဗ်

    လောလောဆယ် အသင်းလက်ကိုင်မရှိသော တိုက်စစ်မှုး ဘာဘာတော့ဗ်မှာ အသက် ၃၆ နှစ်အရွယ်သို့ ရောက်လာပြီဖြစ်သော် လည်း ကစားနိုင်မည့် ကလပ်တစ်ခုကို ရှာဖွေလျက်ရှိသည်။

  • ဘာကာသို့ ဂွာဒီယိုလာ မပြန်ပါ

    ဘာစီလိုနာစတား မက်ဆီက နည်းပြဟောင်း ဂွာဒီယိုလာအနေနှင့် ဘာစီလိုနာသို့ ပြန်လာလျှင် ကောင်းမည်ဟု ဆိုသော်လည်း နည်းပြ ဂွာဒီယိုလာကမူ စပိန်သို့ ပြန်ရန်စိတ်ကူးမရှိကြောင်း ပြောဆိုလိုက်သည်။

  • ဆော်ဒီပြောင်းမယ့် ကလက်တန်ဘာ့ဂ်

    ကမ္ဘာ့ဘောလုံးလောကတွင် နာမည်ကြီး ဒိုင်လူကြီးတစ်ဦးဖြစ်သော ကလက်တန်ဘာ့ဂ်မှာ ပရီးမီးယားလိဂ်ဒိုင်တာဝန်များမှ အနားယူကာ ဆော်ဒီ ဒိုင်လူကြီးများ အကြီးအကဲအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်တော့မည်ဟု သိရသည်။

  • ဖိုင်နယ်တက်သော အီဂျစ်

    ဂါဘွန်တွင် ကျင်းပနေသော ၂၀၁၇ အာဖရိကနိုင်ငံများဖလား ပထမဆီမီးဖိုင်နယ်ပွဲတွင် အီဂျစ်က ဘူကီနာဖာဆိုကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

  • ဗန်ဂေါလ် အနားယူပြီ

    မန်ယူနည်းပြဟောင်း ဗန်ဂေါလ်မှာ နည်းပြဘ၀ကို ၂၆ နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် ယခုအခါ အနားယူခဲ့ပြီ ဖြစ်သည်။

  • လစာအများဆုံး တိဗက်ဇ်

    တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာကလပ်နည်းပြ ပိုယက်က တိုက်စစ်မှုး တိဗက်ဇ်ကိုခေါ်ယူရန် ဆွေးနွေးမှုမှာ အားလုံး အဆင်ပြေပြေပြီးဆုံးသွားခဲ့ပြီဟု ပြောဆိုလိုက်ပြီး တိဗက်ဇ်မှာလည်း ကမ္ဘာ့လစာအများဆုံး တိုက်စစ်မှုးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ် သည်။

  • ဘာမင်ဂမ်နည်းပြ ဇိုလာ

    ဂယ်ရီ ရိုဝက်က်ု ရာထူးမှ ထုတ်ပယ်ခဲ့သော ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှာ ချဲလ်ဆီးကစားသမားဟောင်းကြီး ဇိုလာကို နည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

  • ရွှေဘောလုံးရ စီရိုနယ်ဒို

    ပေါ်တူဂီနှင့် ရီးရဲလ်ကစားသမား စီရိုနယ်ဒိုမှာ ယခုနှစ်အတွက် ရွှေဘောလုံးဆုကို ရရှိခဲ့ပြီ ဖြစ်သည်။

  • ဖလားရခဲ့သော ဆီယက်တယ်လ်

    အမေရိကန် မေဂျာလိဂ်ကလပ် ဆီယက်တယ်လ် ဆောင်းဒါးစ်အသင်းမှာ တိုရွန်တိုအသင်းကို ပယ်နယ်တီနှင့် အနိုင်ရရှိပြီး MLS ဆုဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ပြီ ဖြစ်သည်။

  • ဆီမြွန်းနီကို ထောက်ခံသူ

    စပိန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဒဲလ်ဘော့စကေးက ယခုနှစ် ဖီဖာ အကောင်းဆုံး အမျိုးသားနည်းပြဆုကို အက်သလက်တီကိုမှ ဆီမြွန်းနီ ရသင့်ကြောင်း ပြောဆိုလိုက်သည်။

  • ဖလားကို မစဉ်းစားတဲ့ မန်ယူ

    မိမိတို့ မန်ယူအသင်း၏ ယခုရာသီ ရည်မှန်းချက်မှာ ပရီးမီးယားဖလား ရရှိရေးထက် လွန်ခဲ့သောရာသီ ခြေစွမ်းနှင့် ရလဒ်အပေါ် ပိုမိုကျော်လွှားနိုင်ရေးပင်ဖြစ်ကြောင်း မန်ယူလက်ထောက်နည်းပြ ဖာရီယာက ပြောဆိုလိုက်သည်။

  • စံချိန်ရှင် ရွန်းနီ

    အိမ်ကွင်းတွင် ဖီယင်နော့ကို ၄ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သဖြင့် မန်ယူမှာ နောက်တစ်ဆင့် တက်နိုင်ရေးများစွာ သေချာသွားခဲ့ပြီး အသင်းခေါင်းဆောင် ရွန်းနီမှာလည်း မန်ယူအတွက် ဥရောပပွဲများတွင် ဂိုးအများဆုံး သွင်းထားနိုင်သည့် မန်ယူကစားသမား တစ်ဦးအဖြစ် စံချိန်တင်သွားပြီ ဖြစ်သည်။

  • နည်းပြခန့်သော QPR

    ချန်ပီယံရှစ်ကလပ် QPR သည် နည်းပြ ဟက်ဆယ်ဘိန့်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး နည်းပြဟောင်းတစ်ဦးဖြစ်ခဲ့သူ ဟော်လိုဝေး ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

  • စာချုပ်ဖျက်သိမ်းသော ရိန်းဂျားစ်

    စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းမှာ ကွင်းလယ်ကစားသမား ဂျိုအီ ဘာတန်၏ စာချုပ်ကို နှစ်ဘက်သဘောတူညီမှုဖြင့် ဖျက် သိမ်းလိုက်ပြီ ဖြစ်သည်။

  • EFL ကွာတားပွဲစဉ်များ

    EFL ကွာတားအကြိုပွဲစဉ်များ ကစားပြီးခဲ့ပြီဖြစ်သဖြင့် ယခုအခါ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

  • ကမ္ဘာ့အကောင်းဆုံး ဆန်ကာတင်စာရင်း

    ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ နှစ်စဉ်ချီးမြှင့်လေ့ရှိသော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရွှေဘောလုံးဆုအတွက် ပထမအဆင့် ဆန်ကာတင် လူ ၃၀စာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

  • တားမြစ်ခံရမည့် နာပိုလီပရိသတ်

    လာမည့် ၂၉ရက်နေ့ တူရင်တွင် ဂျူဗင်တပ်နှင့် သွားရောက်ရင်ဆိုင်ရမည့်ပွဲတွင် နာပိုလီပရိသတ်များ ကွင်းအတွင်း ၀င်ရောက် အားပေးခွင့်ရတော့မည် မဟုတ်ပေ။

  • စူပါလိဂ်ကမ်းလှမ်းမှုကို ငြင်းခဲ့သူ

    စပိန်အသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ယူရို ၂၀၁၂ ဖလားများရရှိစေခဲ့သော နည်းပြ ဒဲလ်ဘော့စကေးက သူ့အား တရုတ်စူပါလိဂ် ကလပ်တစ်ခုက ၁နှစ်လစာ ယူရို ၁၀သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း ပြောဆိုလိုက်သည်။

  • အာဖရိကဖလားအုပ်စုခွဲ

    ၂၀၁၇ တွင် ကျင်းပမည့် အာဖရိကနိုင်ငံများ ဖလားပွဲအတွက် အုပ်စုမဲခွဲခြင်းများကို ယမန်နေ့က ကျင်းပခဲ့သည်။


Advertisement
Here