Gossips

  • စစ်ဆေးခံရမည့် ဘက်ကင်ဘောင်ဝါ

    ဂျာမနီဂန္တ၀င် ဘောလုံးသမားကြီး ဘက်ကင်ဘောင်ဝါမှာ ကမ္ဘာ့ဖလားဖွင့်ပွဲနှင့် ပတ်သက်ပြီး ရရှိခဲ့သည့်ငွေကြေးများ ခ၀ါချ ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် စစ်ဆေးခံရတော့မည် ဖြစ်သည်။

  • မျက်ရည်များနှင့် ရှဝိန်းစတိုင်ဂါ

    လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သည့် ဂျာမနီအသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါအတွက် နှုတ်ဆက်ပွဲအဖြစ် မိုချင်ဂလက်ဘက် တွင် ဂျာမနီနှင့် ဖင်လန်တို့ ခြေစမ်းပွဲ ကစားခဲ့ပြီး၊ ပွဲအပြီးတွင် စတိုင်ဂါမှာ မျက်ရည်များဖြင့် ပရိသတ်ကို နှုတ်ဆက်သွားခဲ့သည်။

  • ကမ္ဘာ့ဖလားပြီးမှ နားမည့် ရွန်းနီ

    အင်္ဂလန် အသင်းခေါင်းဆောင် ရွန်းနီက သူ့အနေနှင့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲအပြီးတွင် လက်ရွေးစင်အဖြစ်မှ အနားယူမည် ဟု ပြောဆိုလိုက်သည်။

  • ဥရောပအကောင်းဆုံး စီရိုနယ်ဒို

    UEFA ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မှ ပေါ်တူဂီလက်ရွေးစင် စီရိုနယ်ဒိုက ရရှိခဲ့ပြီ ဖြစ်သည်။

  • လက်ရွေးစင်အဖြစ်မှနားသော ကိန်း

    အိုင်ယာလန် လက်ရွေးစင် တိုက်စစ်မှုး ရော်ဘီကိန်းမှာ ယခုလ ၃၁ရက်နေ့ အိုမန်နှင့် ခြေစမ်းပွဲအပြီးတွင် လက်ရွေးစင်အဖြစ်မှ အနားယူတော့မည် ဖြစ်သည်။

  • ဘာလိုတယ်လီကို ပယ်ချတဲ့ ဆက်ဆူအိုလို

    ဆက်ဆူအိုလိုအသင်း CEO ကာမီဗာလီက မိမိတို့ အသင်းအနေနဲ့  လီဗာပူးတိုက်စစ်မှုး ဘာလိုတယ်လီကို  ခေါ်ယူမည်မဟုတ် ဟု ပြောဆိုလိုက်သည်။

  • ဖီဖာဥက္ကဋ္ဌဟောင်း ကွယ်လွန်

    ၁၉၇၄မှ ၁၉၉၈ အထိ ဖီဖာဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သော ဟာဗယ်လန့်ခ်ျမှာ ယမန်နေ့က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ နေ အိမ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

  • ဖီနာဘီချီနည်းပြသစ်ခန့်ပြီ

    တူရကီ အစ္စတန်ဘူလ်မြို့တော် အခြေစိုက် ဖီနာဘီချီအသင်းသည် ဟော်လန်သား အက်ဒဗိုကက်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

  • လက်ရွေးစင်မှနားသော ပိုဒေါစကီး

    ဂျာမနီတိုက်စစ်မှုး ပိုဒေါစကီးမှာ လက်ရွေးစင်အဖြစ်မှ အနားယူသွားပြီ ဖြစ်သည်။

  • လက်ရွေးစင်တွင် မက်ဆီပါမည်

    ၂၀၁၆ ကိုပါအမေရိက ဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရွေးစင်အဖြစ်မှ နားပြီဟုဆိုခဲ့သော မက်ဆီမှာ ယခုအခါ အာဂျင်တီးနားအသင်းတွင် ပြန်လည်ပါဝင်တော့မည် ဖြစ်သည်။

  • ပြန်ကစားဦးမည့် ဗီရွန်

    ချဲလ်ဆီးနှင့် မန်ယူတို့တွင် ကစားခဲ့ဖူးသော အသက် ၄၁နှစ်အရွယ် ကွင်းလယ်ကစားသမားဟောင်း ဗီရွန်မှာ ယခုနှစ် အတွင်း ဘောလုံး ပြန်ကစားဦးမည်ဟု ပြောဆိုလိုက်သည်။

  • နည်းပြသစ်ခန့်သော ရုရှ

    ၂၀၁၈ ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် တာဝန်ယူမည့် ရုရှသည် ၎င်းတို့၏ လက်ရွေးစင်အသင်းအတွက် နည်းပြအဖြစ် ချာချီဆော့ဗ်ကို ခန့်အပ်လိုက်သည်။

  • လက်ရွေးစင်အဖြစ်မှ မီလ်နာနားပြီ

    လီဗာပူးကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာမှာ အင်္ဂလန်လက်ရွေးစင်အသင်းမှ အနားယူလိုက်ပြီ ဖြစ်သည်။

  • နည်းပြအဖွဲ့ဝင်ဖြစ်လာသော ရှိတ်စပီးယား

    ပရီးမီးယားချန်ပီယံ လက်စတာအသင်းမှ လက်ထောက်နည်းပြ ခရိတ် ရှိတ်စပီးယားမှာ ဆမ်အလာဒိုက်၏ အင်္ဂလန်အသင်း နည်းပြ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပြီ  ဖြစ်သည်။

  • ဘယ်လ်ဂျီယံနည်းပြသစ် မာတီနက်ဇ်

    အဲဗာတန်နည်းပြဟောင်း မာတီနက်ဇ်ကို ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်လိုက်သည်။

  • အပြစ်ရှိခဲ့သည့် ဥက္ကဋ္ဌဟောင်း

    ဂွာတီမာလာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဘရာရန် ဂျီမီနက်ဇ်မှာ တရားမ၀င်ငွေကြေးရယူမှု၊ လက်ဆောင်ပစ္စည်းများ လက်ခံ မှုတို့အတွက် အပြစ်ရှိကြောင်း အမေရိကန် တရားရုံးတစ်ခုက စစ်ဆေးတွေ့ ရှိခဲ့သည်ဟု ဆိုသည်။

  • လက်ရွေးစင်အဖြစ်မှ နားသော ဂစ်ဗင်

    အိုင်ယာလက်ရွေးစင် ဂိုးသမားကြီး ရှေးဂစ်ဗင်မှာ လက်ရွေးစင်အဖြစ်မှ အနားယူလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက် သည်။

  • ၄ယောက်လူစားလဲခွင့်ရမည်

    FA ဖလားပြိုင်ပွဲများ၏ ရှုံး/ထွက် အဆင့်နှင့် အထက်ပွဲစဉ်များ၌ အချိန်ပိုအထိ ကစားရပါက ယင်းအချိန်ပိုတွင် စတုတ္ထမြောက် ကစား သမား လူစားလဲမှုမျိုး ခွင့်ပြုမည်ဟု FA က ကြေညာချက် ထုတ်ပြန် သတ် မှတ်လိုက်သည်။

  • နေရာပိုရမည့် အာဖရိက

    အကယ်၍ ကမ္ဘာ့ဖလားပွဲတွင် အသင်းအရေအတွက် ပိုမိုသတ်မှတ်ခဲ့ပါက အာဖရိကအနေနှင့် ၀င်ခွင့် ၂နေရာ ပိုရမည်ဖြစ်ကြောင်း၊ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောဆိုလိုက်သည်။

  • ပိတ်ပင်ခံရသော နီယာဘက်ခ်ျ

    ဂျာမနီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ နီယာဘက်ခ်ျကို ဘောလုံးလောကနှင့် ၁နှစ်ကင်းကွာနေရန် ဖီဖာက တားမြစ် ပိတ်ပင်လိုက်သည်။


Advertisement
Here