Gossips

  • ပရိသတ်တစ်ဦး ကွင်းအတွင်းသေဆုံး

    ယူရို ၂၀၁၆ပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် မြောက်အိုင်ယာလန်နှင့် ယူကရိုန်းပွဲစဉ်တွင် မြောက်အိုင်ယာလန်ပရိသတ်တစ်ဦးမှာ အသင်းကိုအားပေးရင် နှလုံးအမောဖောက်၍ ကွင်းအတွင်းမှာပင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

  • ကွင်းကိုအပြစ်တင်တဲ့ နည်းပြ

    အယ်လ်ဘေးနီးယားကို ၂းဝဖြင့် နိုင်ခဲ့သောပွဲစဉ်တွင်  ကစားခဲ့ရသော စတိတ်ဗီလိုဒရူမ်းကွင်း၏ မြက်ခင်းမကောင်းမှု အပေါ် ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ဝေဖန်ပြစ်တင်လိုက်သည်။

  • နည်းပြရှာနေသော ဘရာဇီး

    ကိုပါအမေရိကပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော ဘရာဇီးအသင်းမှာ နည်းပြ ဒွန်ဂါကို ထုတ်ပယ်လိုက်ပြီဖြစ်ပြီး နည်းပြ သစ်တစ်ဦးကို အမြန်ဆုံးခန့်အပ်တော့မည်ဖြစ်သည်။

  • စံချိန်သစ်များနှင့် ရိုဆစ်စကီး

    ချက်အသင်း ကွင်းယ်ကစားသမားရိုဆစ်စကီးမှာ စပိန်ကို ၁းဝဖြင့် ရှုံးခဲ့သောပွဲတွင် ပါဝင်ကစားခဲ့ပြီး သူအတွက် ယူရိုပွဲတွင် ချက်အသင်း၏ အသက်အကြီးဆုံးပါဝင်ကစားသည့် ကစားသမားအဖြစ် စံချိန်တင်ခဲ့သည်။

  • ရီးဒင်းနည်းပြဖြစ်လာသော စတမ်း

    မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ဟော်လန်လက်ရွေးစင်အသင်းအတွက် ၆၇ကြိမ်ကစားပေးခဲ့ဖူးသော နောက်ခံ လူ ဟောင်း စတမ်းမှာ အင်္ဂလန် ချန်ပီယံရှသ်ကလပ် ရီးဒင်းနည်းပြအဖြစ် တာဝန်ယူတော့မည်ဖြစ်သည်။

  • MBE ဘွဲ့ရ ချဲလ်ဆီးအမျိုးသမီးနည်းပြ

    ချဲလ်ဆီးအမျိုးသမီးအသင်းနည်းပြ အမ်မာဟာရက်စ်မှာ ဗြိတိန်ဘုရင့်မကြီးမွေးနေ့တွင် ချီးမြှင့်သော MBE ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။

  • ယူရိုကာလ လေယာဉ်မှုးများ သပိတ်မှောက်

    ပြင်သစ်အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှုးများက ၄ရက်ကြာ သပိတ်မှောက်မည်ဖြစ်သဖြင့် မြို့ကြီး ၁၀မြို့တွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲများအတွက် ပရိသတ်များ သွားလာရေး အခက်တွေ့လာနိုင်ပြီး ယနေ့တွင် လေယာဉ်ခရီးစဉ် ၃၀%ကို ဖျက်သိမ်းခဲ့ရပြီဖြစ်သည်။

  • အင်္ဂလန်ပရိသတ် အဖမ်းခံရ

    ပြင်သစ်နိုင်ငံ မာဆေးသို့ ရောက်ရှိနေသော အင်္ဂလန်ပရိသတ်များမှာ ယမန်နေ့ညက ဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၂ယောက် အဖမ်းခံခဲ့ရကြောင်း သိရသည်။

  • မော်ရင်ဟိုလိုချင်တဲ့ ၃ယောက်

    ဗီလာရီးရဲလ်နောက်ခံလူကို ခေါ်ယူခဲ့ပြီးနောက် မန်ယူနည်းပြသစ် မော်ရင်ဟိုက အီဘရာဟင်မိုဗစ်၊ ဂိုမက်စ်နှင့် မာတစ်တို့ကို ခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

  • တရုတ်ကလပ်နည်းပြ မာဂက်

    ဂျာမနီသား ဖိလစ်မာဂက်မှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူနေပြီဖြစ်သည်။

  • ဗန်ဂေါလ်ကို စမောလင်း ကျေးဇူးတင်

    အင်္ဂလန်နောက်ခံလူအဖြစ် ဦးစားပေး ရွေးချယ်ခံရခြင်းမှာ မန်ယူနည်းပြဟောင်း ဗန်ဂေါလ်၏ ကျေးဇူးပင်ဖြစ်ကြောင်း စမောလင်းက ပြောဆိုလိုက်သည်။

  • နိုင်ဂျီရီးယားနည်းပြဟောင်း ကွယ်လွန်

    အာဖရိက ဘောလုံးလောကတွင် လူသိများသူတစ်ဦးဖြစ်သော နိုင်ဂျီးရီးယား နောက်ခံလူဟောင်းနှင့် နည်းပြဟောင်းတစ်ဦးဖြစ် သူ စတီဖင် ကီရှီမှာ အသက် ၅၄နှစ်အရွယ်တွင် နှလုံးရောင်ဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

  • မကျေအေးနိုင်တဲ့ ဒေါက်တာ

    ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက မိန်းမပျက်ရဲ့ သမီးဟု အဓိပ္ပါယ်ရသော စကားမျိုး ပြောဆိုခံခဲ့ရသော အသင်းဒေါက်တာဟောင်း ကာနိုင်ရိုက ချဲလ်ဆီးအသင်း၏ ပေါင်၁.၂သန်းဖြင့် ကျေအေးပေးရန် တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ဆက်လက်တရားစွဲဆိုမည်ဟု ဆိုသည်။

  • မိုနာကိုနှင့် မက်ခလီလီ လမ်းခွဲပြီ

    မိုနာကို အသင်း  နည်းစနစ်ဒါရိုက်တာဖြစ်သူ မက်ခလီလီမှာ အသင်းတာဝန်များမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

  • ဆွမ်ဆီးကို အမေရိကန်ဝယ်

    အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ၂ဦးက ပရီးမီးယားကလပ် ဆွမ်ဆီး၏ ရှယ်ယာများထဲမှ ပေါင်သန်း ၁၀၀ဖိုးဝယ်ယူကာ အသင်းကို ထိန်းချုပ်နိုင်မည် ရှယ်ယာရှင်များ ဖြစ်လာကြပြီ ဖြစ်သည်။

  • ကိုယ့်ကိုယ်ကိုဆုချတဲ့ ဖီဖာလူဟောင်းများ

    ဖီဖာထိပ်ပိုင်းမှ အရာရှိဟောင်းများဖြစ်ကြသော ဘလတ္တာ၊ ဗဲလ်ကီနှင့် ကတ်တနာတို့မှာ ၂၀၁၁မှ ၂၀၁၅အတွင်း ကိုယ့်ကိုယ်ကို ဆုကြေးပေးမှုများ၏ ပမဏမှာ ပေါင်၅၅သန်းရှိခဲ့ကြောင်း ဖီဖာ ရှေ့နေများက ပြောဆိုခဲ့သည်။

  • ဘာမှမသိဘူးဆိုတဲ့ မက်ဆီ

    ဘာစီလိုနာမှ အာဂျင်တီးနားသား မက်ဆီက အခွန်ရှောင်တိမ်းမှုအတွက် တရားရုံးတွင် ထွက်ဆိုရာ၌ မိမိပိုင်ငွေကြေးများ စီမံခန့်ခွဲမှုများထဲတွင် မိမိမပါဝင်ကြောင်း မိမိသည် ဘောလုံးကိုသာ ကစားနေသူ ဖြစ်ပြီး အခြားအကြောင်းများကို မသိရှိကြောင်း ပြောဆိုသွားခဲ့သည်။

  • အသင်းဟောင်းအကြောင်းပြောတဲ့ သူ

    လေဗာကူဆင်တွင် ခြေစွမ်းပြလာနိုင်သည့်  မက္ကဆီကို တိုက်စစ်မှုး ဟာနန်ဒက်စ်က သူ့အနေနှင့် မန်ယူ၊ ရီးရဲလ်တို့တွင် ရှိစဉ်က ခြေစွမ်းပြ ခွင့် ကောင်းစွာမပေးခဲ့ဟု ပြောဆိုလိုက်သည်။

  • ဘင်နီတက်ဇ်လက်ထောက် နှုတ်ထွက်

    နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်၏ လက်ထောက်ဖြစ်သူ ပက်ချီယာမှာ ဗီရိုနာအသင်းကို ကိုင်တွယ်ရန် လက်ရှိတာဝန် များမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

  • အထုတ်ခံရသော လိဒ်နည်းပြ

    အင်္ဂလန် ချန်ပီယံရှစ်တစ်ခုဖြစ်သော လိဒ်အသင်းသည် နည်းပြ စတိဗ်အီဗန်းစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။


Advertisement
Here