Gossips

  • ဆုနှင့် ပစ္စည်းများရောင်းမည့် ပီလီ

    ရာစုနှစ်အတွင်း အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဂန္တ၀င်ဘောလုံးသမားကြီး ပီလီက ကစားသမားဘ၀ တွင် ရရှိခဲ့သော ဆုတံဆိပ်နှင့် ပစ္စည်းအမျိုးမျိုးကို ဇွန်လအတွင်း လန်ဒန်မြို့၌ ၃ရက်ကြာ လေလံတင်ရောင်း ချတော့မည်ဖြစ်သည်။

  • ပြန်ပေးဆွဲခံရသော တိုက်စစ်မှုး

    မက္ကဆီကိုလက်ရွေးစင် တိုက်စစ်မှုး ပူလီဒိုမှာ ယမန်နေ့ နံနက်အစောပိုင်းက ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရသည်။

  • အယူခံကြားနာရမည့် မက်ဆီ

    ဘာစီလိုနာကစားသမား မက်ဆီအနေနှင့် အခွန်ရှောင်တိမ်းမှုဖြင့် စွပ်စွဲခံထားရသည့် အမှုအတွက် လာမည့် ဇွန်လ ၂ရက် အယူခံကြားနာပွဲသို့ တက်ရောက်မည်ဖြစ်သည်။

  • ဂိုးစည်းနည်းပညာသုံးမည့် ကိုပါအမေရိက

    လာမည့် ဇွန်လဆန်းတွင် စတင်တော့မည့် ကိုပါအမေရိက ရာပြည့်ပွဲတွင် ဂိုးစည်းနည်းပညာကို အသုံးပြုသွားမည်ဟု သိရသည်။

  • အထုတ်ခံရသော ဖီဖာအတွင်းရေးမှုး

    ပေါင်သန်းနှင့် ချီ၍ ကိုယ့်ကိုယ်ကို ဆုကြေးရယူခဲ့သော ဖီဖာ ယာယီအတွင်းရေးမှုး မားကတ်စ်ကတ်တနာကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

  • ကာတာကွင်းတည်ဆောက်ရေး ဝေဖန်

    ဒိန်းမတ်ကလပ်တစ်ခုဖြစ်သော ကိုပင်ဟောင်ကလပ်မှ ကစားသမား၂ဦးက ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအတွက် ကွင်းသစ် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ၏ဒုက္ခများကို ဝေဖန်ပြောဆိုခဲ့ကြသည်။

  • အဖွဲ့ဝင်တိုးသော ဖီဖာ

    မက္ကဆီကိုစီးတီးတွင် ကျင်းပခဲ့သော ၆၆ကြိမ်မြောက် ဖီဖာအစည်းအဝေးတွင် ဂျီဘရော်လတာနှင့် ကိုဆိုဗိုတို့ကို ဖီဖာ၏ အဖွဲ့ဝင်သစ်များအဖြစ် အတည်ပြုခဲ့သည်။

  • မော်ရင်ဟိုကို အင်ဒိုနည်းပြဖြစ်စေလိုသူ

    အင်ဒိုနီးရှားလူငယ်နှင့် အားကစားဝန်ကြီးဌာန၀န်ကြီး အီမန်နာရာဝီက ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို အင်ဒိုးနီးရှားလက်ရွေးစင်အသင်း နည်းပြအဖြစ် မြင်တွေ့လိုကြောင်း ပြောဆိုလိုက်သည်။

  • နှုတ်ထွက်တော့မည့် ပလာတီနီ

    ဘောလုံးလောကနှင့် ၆နှစ်မပတ်သက်ရန် တားဆီးမိန့် အထုတ်ခံထားရသော ပလာတီနီမှာ အယူခံဝင်ခဲ့ရရာတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် UEFA ဥက္ကဋ္ဌ တာဝန်မှ တရားဝင်ထုတ်ထွက်တော့မည်ဖြစ်သည်။

  • ကစားသမား၁ဦး သေဆုံးပြန်

    ကိုလံဘီယာ ကစားသမား အီကန်း ကစားကွင်းအတွင်း လဲကျသွားကာ သေဆုံးသွားခဲ့ပြီး ၂ရက်အကြာတွင် ဘရာဇီးကစားသမား ၁ဦးမှလည်း ကွင်းအတွင်း လဲကျသွားရာမှ ဆေးရုံအရောက်တွင် သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ရသည်။

  • ကွာရှင်းစရိတ်ပေါင်သန်း ၂၀နှင့် ဂစ်

    မန်ယူလက်ထောက်နည်းပြ ဂစ်မှာ လွန်ခဲ့သော ၃လက ဇနီးသည်နှင့် ကွာရှင်းခဲ့ပြီးနောက် ယခုအခါ ကွာရှင်းစရိတ် ပေါင်သန်း ၂၀ ပေးရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

  • မှားခဲ့တယ်ဆိုတဲ့ မန်ချီနီ

    အင်တာနည်းပြ မန်ချီနီက သူသည် ယခုရာသီတွင် အမှားအချို့ရှိခဲ့ကြောင်း ပြောဆိုလိုက်သည်။

  • ဒဏ်ရိုက်ခံရသော ၂သင်း

    ဧပြီ ၁၆ရက်နေ့က ကစားခဲ့ကြသော နောဝစ်နှင့် ဆန်းဒါးလန်းတို့ပွဲစဉ်တွင် နှစ်ဘက်ကစားသမားများကို ထိန်းသိမ်းနိုင်စွမ်းလျော့နည်း ခဲ့သည်ဟူသော စွဲချက်ဖြင့် FA က ထို၂သင်းကို ဒဏ်ငွေပေါင် ၃သောင်းစီပေးဆောင်ရန် အမိန့်ချခဲ့သည်။

  • စိုးရိမ်နေသော ၀င်းဂါး

    ဆန်းဒါးလန်းနှင့်ပွဲတွင်သရေရလဒ်နှင့်သာကျေနပ်ခဲ့ရပြီးနောက် အာဆင်နယ်နည်းပြ၀င်းဂါးမှာ ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၎နှင့် ရာသီမသိမ်းနိုင် မည်အပေါ်စိုးရိမ်လျက်ရှိနေသည်။

  • အဆင့်၎အရေးကြီးတယ်ဆိုတဲ့ သူ

    မန်ယူအနေနှင့် FAဖလားကို အရယူကာအောင်မြင်သော ရာသီတစ်ခုအဖြစ် မှတ်တမ်းဝင်နိုင်သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၎ရရေး သည် ပို၍အရေးကြီးကြောင်း နည်းပြဗန်ဂေါလ်ကပြောဆိုလိုက်သည်။

  • တန်းတက်ရန်နီးစပ်လာသော ဘန်လေ

    ချန်ပီယံရှစ်ကလပ်တစ်ခုဖြစ်သော ဘန်လေအသင်းမှာ ယမန်နေ့က ပရက်စတန်အသင်းကို ၁းဝဖြင့် အနိုင်ရခဲ့သဖြင့်၄၄ပွဲကစား ၈၇မှတ်ဖြင့် ပရီးမီးယားလိဂ်သို့ပြန်လည်တန်းတက်လာပြီဖြစ်သည်။

  • ဝေဖန်မှုများအောက်မှ ၀င်းဂါး

    ပရီးမီးယားချန်ပီယံမျှော်လင့်ချက်ကုန်ဆုံးသွားခဲ့ရပြီးနောက် အာဆင်နယ်ပရိသတ်များမှအသင်းကို အဆင့်၃၊၄ရစေသည့်ထက် နည်းပြ၀င်းဂါးကို ပိုမိုအလိုမရှိဖြစ်လာကြကြောင်း သိရသည်။

  • နည်းပြသစ်ခန့်မည့် ဆဲလ်တစ်

    ဆဲလ်တစ်အသင်းသည် ရာသီကုန်လျှင်နှုတ်ထွက်တော့မည့်နည်းပြ ဒီလာ၏နေရာကို အစားထိုးရန်အတွက် နာမည်ရနည်းပြတစ်ဦး ကိုရှာဖွေနေပြီး ရွိုင်ကိန်းနှင့် ဒေးဗစ်မိုရက်စ်တို့မှာ ထိပ်ဆုံးမှရေပန်းစားလျက်ရှိသည်။

  • စက်မဟုတ်ဘူးဆိုတဲ့ ဆွာရက်ဇ်

    မိမိတို့ဘာစီလိုနာကစားသမားများမှာ စက်မဟုတ်ပဲလူသားများသာဖြစ်ကြောင်း ဒီပို့တီဗိုကိုနိုင်ခဲ့သောပွဲစဉ်အပြီးတွင် ဘာစီလိုနာ တိုက်စစ်မှုးဆွာရက်ဇ်ကပြောဆိုလိုက်သည်။

  • ရဲဝင်စီးခံရသော UEFA ရုံး

    အဂတိလိုက်စားခြင်းနှင့်မသမာမှုများကို စုံစမ်းစစ်ဆေးရန်အတွက် ဆွမ်ဇာလန်ရဲတပ်ဖွဲ့ဝင်များသည် UEFA ရုံးချုပ်သို့ ၀င်ရောက်စီးနင်း၍ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


Advertisement
Here