ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံရောက်နေတဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဟန်တာ
၁၁၊ ဧပြီ၊ ၂၀၂၀
အင်္ဂလန်အသင်းနဲ့အတူ ၁၉၆၆ ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့ဖူးတဲ့ လိဒ်အသင်း ဂန္တဝင်ကစားသမားဟောင်းကြီး နော်မန် ဟန်တာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း သတင်းရရှိပါတယ်။
ဟန်တာဟာ ၁၉၉၆ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်သလို လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၂၈ ပွဲ ပါဝင်ကစားပေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက် အသင်းဟာ ဟန်တာရဲ့သတင်းကို တရားဝင် အတည်ပြုပေးခဲ့တာဖြစ်ပြီး ၎င်းကို ချစ်မြတ်နိုးရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုတော့ လာရောက်ကြည့်ရှုခြင်း မပြုကြဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။
ဟန်တာဟာ အင်္ဂလန်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အရံစာရင်းမှာသာ ပါဝင်ခွင့်ရရှိခဲ့တာကြောင့် ဆုတံဆိပ် မရရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာတော့ ဖီဖာအနေနဲ့ အရံကစားသမားတွေ အနေနဲ့လည်း ဆုတံဆိပ်ရသင့်တယ်ဆိုပြီး စည်းမျဉ်းသစ်တစ်ခု ပြန်လည်ထုတ်ပြန်လိုက်တဲ့အတွက် ဟန်တာတစ်ယောက် ၎င်းရဲ့ ရွှေတံဆိပ်ဆု ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဟန်တာဟာ လိဒ်အသင်းအတွက် ပွဲပေါင်း ၄၅၀ အထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ နောက်ခံကစားသမားတစ်ယောက် ဖြစ်သလို အသင်းရဲ့ ဂန္တဝင်အဖြစ် သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။ လိဒ်အသင်း သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသမားစာရင်းမှာ ဟန်တာထက် ပွဲထွက်ခွင့်များတဲ့ ကစားသမားတွေအဖြစ် အင်္ဂလန် လက်ရွေးစင်ဟောင်းတွေ ဖြစ်ကြတဲ့ ဂျက်ခ် ချာလ်တန်၊ ဘရန်မာနဲ့ ရီယန်နေးတို့ ၃ ဦးသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဟန်တာဟာ လိဒ်အသင်းအတွက် ၁၅ နှစ်နီးပါး ကစားပေးခဲ့ပြီး ပြည်တွင်းအမှတ်ပေးဖလား ၂ ကြိမ်အထိ ဆွတ်ခူးပေးနိုင်ခဲ့ကာ နောက်ပိုင်းမှာတော့ ဘရစ်တိုးလ်အသင်းနဲ့ ဘာစလေအသင်းတို့မှာ လှည့်လည်ကစားရင်း ၁၉၈၃ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟန်တာဟာ ၁၉၇၄ ခုနှစ်မှာ စတင်ချီးမြှင့်တဲ့ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ပထမဦးဆုံးအကြိမ် ရယူနိုင်ခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။
AMH
Related
ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံအတွင်းကို ပတ်စ်ပို့အတုနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းမှုအတွက် ထောင်ဒဏ်ကျခံနေခဲ့ရပြီးနောက် ၎င်းရဲ့အခြေအနေကို ဝမ်းနည်းနေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုက်ခဲ့ပြီးနောက်ပိုင်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ၄ ရက်တည်းနဲ့ ပြီးဆုံးအောင် ကျင်းပသွားမယ့်အစီအစဉ်ကို စဉ်းစားနေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ချန်ပီယံရှစ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘာမင်ဂမ်အသင်းဟာ အသင်းကစားသမားတွေကို လစာ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းအတော်များများဟာ လက်ရှိရာသီကို ချက်ချင်းအဆုံးသတ်ပြီး ကစားဖို့ စိတ်ချရပြီဆိုမှသာ ပြန်ကစားချင်နေကြတယ်လို့ walesonline က ဖော်ပြခဲ့ပါတယ်။
လက်ရှိ ကမ္ဘာတလွှားမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအပေါ် ကစားသမားတွေက ကြောက်ရွံ့နေတာကြောင့် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ ပြန်လည်စတင်ဖို့ဟာ ရပ်ဆိုင်းရမယ့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ဘရာဇီးလ်နဲ့ ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံကို ပတ်စ်ပို့အတုနဲ့ ဝင်ရောက်လို့ ဖမ်းဆီးခံခဲ့ရပြီးနောက် စာရွက်စာတမ်းတွေဟာ တရားမဝင်ဖြစ်နေတာကို လုံးဝအံ့အားသင့်မိတယ်လို့ ပြောဆိုခဲ့ပြီး အပြစ်ကင်းစင်ကြောင်း ဆက်လက်ပြောဆိုနေဆဲဖြစ်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါပြိုင်ပွဲဟာ လာမယ့် မေလလယ်မှာ ရာသီ ပြန်လည်စတင်ကစားဖို့ ခွင့်ပြုချက်ရရှိခဲ့ပြီလို့ သိရပြီး လက်ကျန်ပွဲစဉ် ၉ ပွဲကို ဇွန်လ ၃၀ ရက်နေ့မှာ အပြီးသတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လာမယ့်ဇွန်လမှာ ပြန်လည်စတင်ကစားနိုင်ဖို့အတွက် မီးစိမ်းပြသခြင်းခံခဲ့ရတယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ယနေ့ည စင်ကာပူနိုင်ငံအမျိုးသားမိုးလုံလေလုံကွင်းမှာ ONE Championship မစ်ဒယ်ဝိတ်ချန်ပီယံ စိန်ခေါ်ပွဲမှာ စိန်ခေါ်သူ ရေနီယာဒီရစ်ဒါက လက်ရှိကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်းကို ပထမအချီ ၃ မိနစ်နဲ့ ၃၅ စက္ကန့်မှာ ချုပ်ကွက်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဘောလုံးအသင်းတွေအတွက် ပြိုင်ပွဲအပြီးမှာ ဆုဖလားကို သယ်ပြီး အိမ်ပြန်ရတဲ့ ခံစားချက်ထက် ပိုကောင်းတဲ့ခံစားချက် ကမ္ဘာပေါ်မှာရှိတော့မှာမဟုတ်ဘဲ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားနည်းဖြစ်တာနဲ့အညီ ဒီပြိုင်ပွဲထဲမှာ ငွေကြေးအများအပြားလည်း ရင်းနှီးမြှုပ်နှံထားကြတာဖြစ်ပါတယ်။ ဒါကြောင့် အခု ဖော်ပြပေးသွားမယ့် ဆုဖလားတွေဟာ လူသိများ ကျော်ကြားသလောက် ငွေကြေးအားဖြင့်လည်း တန်ဖိုးများစွာရှိနေတာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး။
ကင်မရွန်းနိုင်ငံမှာ အာဖရိကဖလားပြိုင်ပွဲကို ကျင်းပနေတဲ့ ဘောလုံးကွင်းပြင်ပမှာ လူအုပ်စုလိုက် တိုးဝှေ့ရင်း လူနင်းခံရမှုကြောင့် အနည်းဆုံး ပရိသတ် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၈ နှစ်အရွယ် ဇင်ဘာဘွေ လက်ရွေးစင်ကစားသမားဟောင်း ချားလ်စ် ယိုဟာနီဟာ ကားလုခံရတဲ့ဖြစ်စဉ်မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
တူရကီဘောလုံးသမား အိုင်ခွတ် ဒရစ်မစ်ရှ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ စစ်ပွဲအလိုမရှိ စာတမ်းပါ တီရှပ်ကို မဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ပြီး ဘာကြောင့် အဲဒီလို မဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းဘောက်ဆင်သမား အိုလက်ဇန်းဒါး ဦးဆိတ်ခ်ဟာ ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပြီးနောက် အမိမြေကို ကာကွယ်ဖို့အတွက် သူရဲကောင်းပီသစွာနဲ့ ကိဗ်မြို့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။
ဖီဖာဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်ကစားနေတဲ့ ရုရှားကို ပြိုင်ပွဲကနေ ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ရိုင်ယန် ရေးနိုးစ်ဟာ စူပါဟီးရိုးရုပ်ရှင်ကားဖြစ်တဲ့ Deadpool ကားထဲမှာသာ သူရဲကောင်းလုပ်ခဲ့တယ်လို့ ထင်ကောင်း ထင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ အပြင်လောကမှာပါ သူရဲကောင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ကလတ်တန်ဘာ့ဂ်က ဘောလုံးပြိုင်ပွဲအနေနဲ့ အချိန်ဖြုန်းတီးခြင်းကို ရပ်တန့်နိုင်ဖို့အတွက် နာရီရပ်တန့်မှုနဲ့အတူ မိနစ် ၆၀ ပွဲကစားချိန်ကို မိတ်ဆက်သင့်နေပြီလို့ ယုံကြည်နေပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ၃၆ သင်းအထိ ၄ သင်းတိုးမြှင့်သွားမှာဖြစ်ပြီး လက်ရှိကစားနေတဲ့ အုပ်စုအဆင့်တွေကို ၂၀၂၄-၂၀၂၅ ရာသီကနေ လိဂ်ပွဲတစ်ပွဲအဖြစ် အစားထိုးသွားမယ်လို့ အင်္ဂါနေ့မှာ ယူအီးအက်ဖ်အေက ပြောကြားခဲ့ပါတယ်။
ဘူဂေးရီးယားပရီးမီးယားလိဂ်နောက်ဆုံးနေ့မှာ ဝရုန်းသုန်းကားဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး အသင်းပိုင်ရှင်ဟာ ကွင်းထဲထိ ကျူးကျော်ဝင်ရောက်လာပြီး ဖိအားများတဲ့ ပင်နယ်တီကို ဘယ်သူကန်သွင်းရမလဲဆိုတာကို သတ်မှတ်ပေးခဲ့ပါတယ်။
နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်အသင်းကတော့ ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ အဖက်ဖက်ကပြည့်စုံတဲ့ လီဗာပူးလ်အသင်းကို ပွဲကစားချိန် ၅၉ မိနစ်မှာ သွင်းယူခဲ့တဲ့ တောင်ပံကစားသမားလေး ဗီးနီးရှပ်ဂျူနီယာရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ယူပြီး သူတို့ရဲ့ ၁၄ကြိမ်မြောက် ဥရောပဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ပါတယ်။
ယမန်နေ့ညက ကစားခဲ့တဲ့ ချန်ပီယံရှစ် play-off ဖိုင်နယ်ပွဲစဉ်မှာတော့ နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ဟက်ဒါဖီးလ်အသင်းကို ၁-၀ ရလဒ်နဲ့ အနိုင်ယူပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ထံ ပြန်လည်တန်းတက်လာနိုင်ခဲ့ပါတယ်။
လာလီဂါဟာ ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကို financial fair play စည်းမျဉ်းတွေကို ဆက်တိုက် ချိုးဖောက်နေတယ်လို့ ယူအီးအက်ဖ်အေထံ စောဒကတက် တိုင်ကြားခဲ့ပါတယ်။
မာရှယ်ကျွန်းစုများဟာ ကမ္ဘာပေါ်မှာ လက်ရွေးစင်ဘောလုံးအသင်းမရှိတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပေမယ့်လည်း မဝေးလှတဲ့အနာဂတ်မှာ ဒါကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေပါတယ်။
ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု အေရဲ့ ပထမနေရာအတွက် မျှော်လင့်ချက်က လက်ထဲမှာမရှိတော့တဲ့ စကော့တလန်ဟာ တနင်္ဂနွေနေ့ ဟမ့်ပ်ဒန်ပါ့ခ်မှာ နော်ဝေကို လက်ခံယှဉ်ပြိုင်ပြီး ဝင်ခွင့်အဆင့်ကို အဆုံးသတ်ရမှာဖြစ်ပါတယ်။
အန်ဒိုရာဟာ အင်္ဂါနေ့ည အိမ်ကွင်းမှာ အစ္စရေးလ်ကို လက်ခံယှဉ်ပြိုင်တဲ့အချိန်ကျရင် ခက်ခဲတဲ့ ယူရို ခြေစစ်ပွဲအဆင့်ကို အကောင်းဘက်ကနေ အဆုံးသတ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
ယူရို ၂၀၂၄ မဲခွဲပွဲဟာ အပြာကားထဲက ဆူညံသံတွေရဲ့ ကြားဝင်နှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး ဂျာမနီမှာ လာမယ့်နွေရာသီကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက် မဲခွဲပွဲကို ကမ္ဘာပေါ်က လူသန်းပေါင်းများစွာက တိုက်ရိုက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။
ဆော်ဒီ အာရေဗျဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အရည်အချင်းအရှိဆုံး ကစားသမားတွေထဲက အချို့ကို အရခေါ်ယူခဲ့ပေမယ့်လည်း မက်မောလောက်ဖွယ်ငွေကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားအများစုဟာ နောင်တရနေကြပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်းဒါး ဆီဖီရင်က စူပါလိဂ်ကို အားပေးအားမြှောက်လုပ်နေကြတဲ့ အသင်းတွေဟာ ကိုယ် ဘယ်လမ်းကို လျှောက်မိနေလဲဆိုတာကို သတိမပြုမိကြဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဂီနီယာအသင်းဟာ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ရှပ်ပျောက်ဆုံးမှုကြောင့် တစ်သင်းလုံးကို စွပ်စွဲခဲ့တဲ့ မော်လေး ဆီလာကို အာဖရိကဖလားလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
ဂမ်ဘီယာ လက်ရွေးစင်အသင်းဟာ ၂၀၂၄ အာဖရိကဖလားပြိုင်ပွဲကို အသွားမှာ လေယာဉ်ပေါ် အောက်စီဂျင်ပြတ်လပ်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
ဂျော်ဒန် ဟန်ဒါဆန်ကို အယ်လ်အတ်တီဖတ်က ဇန်နဝါရီလမှာ ရောင်းချလိုခြင်းမရှိတာကြောင့် မကြာမီအချိန်အတောအတွင်း ဆော်ဒီ ပရိုလိဂ်ကို စွန့်ခွာနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
ညက ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ ကွန်ဂိုတို့ပွဲမှာ အိုင်ဗရီကို့စ်က ဒေါ့မွန်တိုက်စစ်မှူး ဆီဘက်စတီယန် အဲလားရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိပြီး အာဖရိကဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အိုင်ဗရီကို့စ်ဟာ အာဖရိကဖလား ဗိုလ်လုပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး ဆီဘက်စတီယန် အဲလားရဲ့ အနိုင်ဂိုးနဲ့ နိုင်ဂျီးရီးယားကို ကမ်းဘက်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
One Championship က ကျင်းပမဲ့ ONE 166 ပြိုင်ပွဲကို ကာတာနိုင်ငံမှာ ဒီနေ့ကျင်းပသွားမှာဖြစ်ပြီး အဓိက ခေါင်ပွဲကတော့ မြန်မာနိုင်ငံက ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြမဲ့ ဒီရစ်ဒါနဲ့ မာလီခင်တို့ရဲ့ပွဲပါပဲ။
One Championship မစ်ဒယ်ဝိတ်တန်းခါးပတ်လုပွဲမှာ မာလီခင်က ဒီရစ်ဒါကို တတိယအချီမှာပဲ အလဲထိုးနဲ့အနိုင်ရခဲ့ပါတယ်။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်သိုနီဂျိုရှူအာနဲ့ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူတို့ရဲ့ပွဲမှာ အန်သိုနီဂျိုရှူအာက ဒုတိယအချီမှာပဲ အလဲထိုးနဲ့အနိုင်ရခဲ့ပါတယ်။
ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်၊ ဒုတိယအကျော့ပွဲမှာ ဝက်စ်ဟမ်းအသင်းဟာ ဖရိုင်းဘတ်ကို ၅-၀ ဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
ဘရာဇီးလ်အသင်း ကွင်းလယ်ကစားသမား ပါရဲရားက သူတို့အသင်းဟာ နိုင်ပွဲဆက်တိုက်ပျောက်ခဲ့ပေမဲ့ လာမဲ့ခြေစမ်းပွဲကြရင် အထင်သေးတဲ့စိတ်နဲ့ မကစားဖို့ အင်္ဂလန်အသင်းကို သတိပေးစကားဆိုလိုက်ပါတယ်။
အင်္ဂါနေ့ညက ကစားခဲ့တဲ့ ပလေးအော့ဖ် ဖိုင်နယ်ပွဲစဉ်တွေအပြီး ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် နောက်ဆုံးဝင်ခွင့် ၃ နေရာဟာ အဖြေပေါ်ခဲ့ပြီဖြစ်ပါတယ်။
ဘရာဇီးလ်ထိပ်သီးကလပ် ဖလာမင်ဂိုအသင်းဟာ ဘောလုံးသမိုင်းတစ်လျှောက် တရားဝင်သွင်းဂိုး ၁၃,၀၀၀ ပြည့်မြောက်ခဲ့တဲ့ ပထမဆုံးကလပ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။ စနေနေ့က Nova Iguacu ကို ၃-၀ ဂိုးပြတ်အနိုင်ရတဲ့ပွဲအပြီးမှာ ဖလာမင်ဂိုအသင်း အခုလို သမိုင်းဝင်စံချိန်မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာ လာမယ့်ရာသီတွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ဖို့အတွက် သိသာထင်ရှားတဲ့ စည်းမျဉ်းအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်နဲ့ဘာစီလိုနာ,နာမည်ကျော်ကစားသမားဟောင်း ဖာဘရီဂတ်စ် လက်ထောက်နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ စီးရီးဘီကလပ် ကိုမိုအသင်းဟာ လာမဲ့ရာသီကျရင် စီးရီးအေကို တန်းပြန်တက်ခွင့်ရသွားပြီဖြစ်ပါတယ်။
ဒီနေ့မနက်အစောပိုင်းက ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်ဆန်ဖျူရီနဲ့အူဆစ်ခ်တို့ရဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံလုပွဲမှာ အူဆစ်ခ်က split decision နဲ့အနိုင်ရပြီး undisputed heavyweight champion ဖြစ်လာပါတယ်။
၂၀၂၃-၂၄ အာရှချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ဒုတိယအကျော့ပွဲမှာ ယူအေအီးထိပ်သီးကလပ် အယ်လ်အိန်းအသင်းဟာ ဂျေလိဂ်နာမည်ကျော် ယိုကိုဟားမားမာရီနို့စ်အသင်းကို ၅-၁ ဂိုးနဲ့အနိုင်ယူပြီး အာရှချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ယနေ့မှာ ကျင်းပမယ့် နှစ်စဉ်ပုံမှန်အစည်းအဝေးမှာ တွေ့ဆုံချိန်ကျရင် VAR ကို ဖျက်သိမ်းမလား၊ ဆက်သုံးမလားဆိုတာကို မဲပေးကြမယ်လို့ သိရပါတယ်။
စက်တင်ဘာ ၆ ရက်ကျရင် အမေရိကန်နိုင်ငံမှာ ကျင်းပမဲ့ One Championship ပြိုင်ပွဲရဲ့ ONE-168 မှာမြန်မာပရိသတ်အချစ်တော် အောင်လအန်ဆန်ဟာ တူရကီကစားသမား ရှမီလ်အာဒိုဂန်နဲ့ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။
ပြင်သစ်ဘောလုံးလောကမှာ ဆဋ္ဌမမြောက် အောင်မြင်မှုအများဆုံးကလပ်ဖြစ်တဲ့ ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့် ဒေဝါလီခံဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် နှစ်ပေါင်း ၉၀ နီးပါး ရပ်တည်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်ကလပ်ဘဝကနေ အပျော်တမ်းကလပ်အဖြစ် ပြောင်းလဲရပ်တည်ရတော့မှာဖြစ်ပါတယ်။
အခုနွေရာသီအတွင်း မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲခဲ့တဲ့ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းဟာ စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းဆီ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
ပလိုင်းမောက်အသင်းနည်းပြသစ် ရွန်နီဟာ အဖွင့်ပွဲမှာပဲ ရှက်ဖီးဝင့်စ်ဒေးကို ၄-၀ ဂိုးနဲ့အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်စရာအနေထားနဲ့ စတင်ခဲ့ရပါတယ်။
၂၀၂၄-၂၅ UEFA Nations League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆန်မာရီနိုနဲ့လစ်ချင်စတိန်းတို့ပွဲမှာ ဆန်မာရီနိုအသင်းက ၁-၀ ဂိုးနဲ့အနိုင်ယူပြီးတော့ အသင်းသမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနားတဲ့အောင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
One Championship 168 ရဲ့ Catchweight ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာပရိသတ်အချစ်တော် အောင်လအန်ဆန်နဲ့ တူရကီ MMA ကစားသမား ရှမီးလ်အာဒိုဂန်တို့ပွဲမှာ ရှမီးလ်အာဒိုဂန်က ဒုတိယအချီမှာပဲ TKO နဲ့ အနိုင်ယူခဲ့ပါတယ်။
ကာဇက်စတန်နဲ့ UEFA Nations League ပွဲမှာ နော်ဝေအသင်း နာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ ဟာလန်း၊ အော်ဒီဂါတို့ဟာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး ဟာလန်းဆိုရင် ၁ ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။