ကော်တင်ညိုကို ခေါ်ဖို့ မကြိုးစားခဲ့တဲ့အကြောင်း အာတီတာရှင်းပြ
၁၉၊ မတ်၊ ၂၂
အာဆင်နယ်ဟာ အခု အက်စ်တွန်ဗီလာမှာ တောက်ပနေတဲ့ ဘာစီလိုနာ အငှားကစားသမား ကော်တင်ညိုကို ခေါ်ယူဖို့ ဘာလို့ မကြိုးစားခဲ့လဲဆိုတဲ့အကြောင်းကို နည်းပြ အာတီတာက ရှင်းပြခဲ့ပါတယ်။
ဗီလာဟာ ၆လ အငှားနဲ့ သူ့ကို ခေါ်ယူခဲ့တာဖြစ်သလို ကော်တင်ညိုဟာ ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ထံ တကျော့ပြန်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြန်ရှာတွေ့ခဲ့ပြီး အက်စ်တွန်ဗီလာကို အမှတ်ပေးဇယား ထိပ်ဆုံး ၁၀ သင်းထဲပြန်ရောက်အောင် ကူညီပေးခဲ့သလို စနေနေ့ အာဆင်နယ်နဲ့ပွဲမှာ ဂျရတ်ရဲ့ အသင်းလူစာရင်းထဲ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။
ကော်တင်ညိုဟာ အက်စ်တွန်ဗီလာထံ မရောက်ခင် အာဆင်နယ်အပါအဝင် စိတ်ဝင်စားတဲ့ ကလပ်များစွာ ရရှိခဲ့သလို ဂန်းနားတွေဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ ရွေးချယ်စရာတွေအတွက် ကော်တင်ညိုကို အလိုရှိခဲ့ပေမယ့် အဆုံးသတ်မှာ အိုဒီဂတ်ကိုပဲ ခေါ်ယူခဲ့တာဖြစ်ကြောင်း အာတီတာက အတည်ပြုခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ကျွန်တော်တို့ လိုချင်တဲ့ အရည်အသွေးရှိတဲ့ မတူညီတဲ့ ကစားသမားများစွာကို ရှာဖွေခဲ့ပါတယ်။ အဲ့ထဲမှာ ကော်တင်ညိုလဲ ပါဝင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ တခြားရွေးချယ်စရာတစ်ခုကိုပဲ ရွေးချယ်ခဲ့တာပါ”လို့ စပိန်သားနည်းပြက ဆိုပါတယ်။
ကော်တင်ညိုဟာ ဗီလာအတွက် ပရီးမီးယားလိဂ် ၉ ပွဲ ကစားပေးခဲ့ပြီးဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲဦးထွက်တုန်းက သွင်းဂိုးအပါအဝင် ၄ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ကော်တင်ညိုက ဗီလာရဲ့ အဓိက ခြိမ်းခြောက်သူလားလို့ မေးမြန်းခဲ့ရာ အာတီတာက “အန္တရာယ်ရှိတဲ့သူတွေထဲက တစ်ယောက်ပါပဲ။ သူ့မှာ ဘောလုံးရှိနေရင် အသင်းက အများကြီး လုပ်နိုင်ပါတယ်။ သူက အန္တရာယ်များတဲ့ နေရာတွေထဲမှာ ရှိပြီး သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ အများကြီး ကူညီပေးခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒါက ကျွန်တော်တို့ သိမှတ်ထားရမယ့်အရာပါပဲ။ ဂိုးတွေ၊ အခွင့်အရေးတွေ ဖန်တီးနိုင်တဲ့ သူ့ရဲ့ အရည်အသွေး၊ နေရာလွတ်တွေ ဖန်တီးပေးနိုင်တဲ့ အရည်အသွေးတွေက လီဗာပူးမှာရှိခဲ့တုန်းက အတိုင်းပါပဲ”လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
Related
အာဆင်နယ်က ဂျင်းထည့်လိုက်လို့ ဗီလာကိုပြောင်းခဲ့တဲ့ ဂိုးသမား
အာဆင်နယ်ရဲ့အရန်ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်က သူဟာ ဒီရာသီမှာ ကလပ်ရဲ့ ပွဲထွက်ဂိုးသမားဖြစ်လာဖို့ ၉၅% အခွင့်အရေးရှိတယ်လို့ မက်လုံးပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အာဆင်နယ်ရဲ့အရန်ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်က သူဟာ ဒီရာသီမှာ ကလပ်ရဲ့ ပွဲထွက်ဂိုးသမားဖြစ်လာဖို့ ၉၅% အခွင့်အရေးရှိတယ်လို့ မက်လုံးပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဂိုးသမား မာတီနက်ဇ်ကို အာဆင်နယ် ရောင်းပစ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်လိုက်တဲ့ အီယန်ရိုက်
ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို အာဆင်နယ်ရောင်းချခဲ့တာ မှားယွင်းခဲ့တဲ့အကြောင်းကို အီယန်ရိုက်က ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်း ရောင်းချခဲ့တုန်းက ရရှိခဲ့တဲ့ ပေါင်သန်း ၂၀ထက် အဆိုပါ အာဂျင်တီးနားသား ဂိုးသမားရဲ့လက်ရှိတန်ကြေးက ပိုပြီးမြင့်မားလာခဲ့တဲ့အကြောင်းကိုလည်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဂိုးထဲတမင်ကန်သွင်းခဲ့တယ်ဆိုတဲ့ ဆာကာရဲ့စကားကို မယုံတဲ့ ဂရီးလစ်ရှ်
အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ဟာ စနေနေ့ညက ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ထူးခြားဆန်းကြယ်တဲ့ သွင်းဂိုးကို တမင်ရည်ရွယ်ပြီးသွင်းယူခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ဆာကာကို ယုံကြည်ခြင်းမရှိဘူးလို့ သိရပါတယ်။
အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ဟာ စနေနေ့ညက ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ထူးခြားဆန်းကြယ်တဲ့ သွင်းဂိုးကို တမင်ရည်ရွယ်ပြီးသွင်းယူခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ဆာကာကို ယုံကြည်ခြင်းမရှိဘူးလို့ သိရပါတယ်။
၀က်ကင်စ် ဗီလိန်ဖြစ်ခဲ့ပြီး မနှစ်က အိမ်ကွင်းရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တဲ့ အာဆင်နယ်
အခုပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ဗီလိန်ဖြစ်ခဲ့ရတာက တိုက်စစ်မှူးအိုလီဝက်ကင်စ်ပါပဲ။
အခုပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ဗီလိန်ဖြစ်ခဲ့ရတာက တိုက်စစ်မှူးအိုလီဝက်ကင်စ်ပါပဲ။