ဂိုးသမား မာတီနက်ဇ်ကို အာဆင်နယ် ရောင်းပစ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်လိုက်တဲ့ အီယန်ရိုက်
၂၅၊ ဒီဇင်ဘာ၊ ၂၀၂၀
ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို အာဆင်နယ်ရောင်းချခဲ့တာ မှားယွင်းခဲ့တဲ့အကြောင်းကို အီယန်ရိုက်က ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်း ရောင်းချခဲ့တုန်းက ရရှိခဲ့တဲ့ ပေါင်သန်း ၂၀ထက် အဆိုပါ အာဂျင်တီးနားသား ဂိုးသမားရဲ့လက်ရှိတန်ကြေးက ပိုပြီးမြင့်မားလာခဲ့တဲ့အကြောင်းကိုလည်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင်ကစားသမားကြီး အီယန်ရိုက်အနေနဲ့ ကိုယ့်ကစားသမားဘဝကိုယ်သာ တန်ဖိုးထားပြီး ပွဲကစားချိန် များများရရှိမယ့် အနာဂတ်လမ်းကို ရွေးချယ်သွားခဲ့တဲ့ အသင်းဟောင်းရဲ့ ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်ဇ်အပေါ် လေးစားခဲ့ရပေမယ့် ၎င်းရဲ့အသင်းဟောင်းအတွက် စဉ်းစားရင်တော့ ဂိုးသမား မာတီနက်ဇ်ကို ၎င်းရဲ့ အသင်းဟောင်းအနေနဲ့ အမ်းမရိတ်မှာပဲ ဆက်ထိန်းခဲ့သင့်တယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီကုန်ဆုံးခါနီးမှာ အာဆင်နယ်အသင်းရဲ့ နံပတ် ၁ဦးစားပေးဂိုးသမား ဘန့်ဒ်လီနို ဒဏ်ရာရရှိခဲ့တဲ့အတွက် ဂိုးသမား မာတီနက်ဇ်အနေနဲ့ အာဆင်နယ်အသင်းအတွက် ပုံမှန်ပွဲထွက်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပြီး မာတီနက်ဇ်အနေနဲ့ ရရှိခဲ့တဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရာသီ အပိတ်ပွဲစဉ်တွေမှာရော အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ပွဲတွေမှာပါ စွမ်းဆောင်မှုကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂိုးသမား လီနို ကြံ့ခိုင်မှုအပြည့်အဝ ပြန်ရခဲ့တဲ့အချိန်ထိ ရောက်ခဲ့တဲ့အချိန်မှာတော့ ဂိုးသမား မာတီနက်ဇ်အနေနဲ့ နံပတ် ၁ဂိုးသမားနေရာကို လက်လွှတ်ရတော့မှာ ဖြစ်တဲ့အတွက် တစ်ခြားအသင်းသစ်ကို ပြောင်းရွေ့ဖို့ ဆန္ဒပြင်းပြခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင် အီယန်ရိုက်ကတော့ ပွဲကစားရဖို့ကိုသာ ရှေ့တန်းတင်ပြီး အက်စ်တွန်ဗီလာအသင်းကို ရဲရဲဝံ့ဝံ့ပြောင်းရွေ့သွားခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်ကို ၎င်းအနေနဲ့ လေးစားရတဲ့အကြောင်းကို ပြောဆိုသွားခဲ့တာဖြစ်ပြီး ဒါပေမယ့် ၎င်းရဲ့အသင်းဟောင်းဖက်ကတော့ တောင်အမေရိကသား ဂိုးသမားကို အမ်းမရိတ်မှာပဲ ဆက်ထိန်းဖို့ ကြိုးစားခဲ့သင့်တဲ့အကြောင်းကိုတော့ ပြစ်တင်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမား မာတီနက်ဇ် မရှိတဲ့အချိန်မှာ အားထားစရာ အရံဂိုးသမားမရှိတော့တာဖြစ်ပြီး အရံဂိုးသမားအဖြစ် အသစ်ခေါ်ယူထားခဲ့တဲ့ အိုက်စ်လန်သားဂိုးသမား ရန်နာအဲလက်စ် ရန်နာဆန်ကလည်း မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ရှားရှားပါးပါး ပွဲထွက်ကစားခဲ့ရာကနေ ကြီးကြီးမားမားအမှားကို ပွဲအတွင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား မာတီနက်ဇ်ကတော့ အက်စ်တွန်ဗီလာအသင်းမှာ လက်ရှိရာသီ စွမ်းဆောင်မှုကောင်းမွန်နေတာဖြစ်ပြီး clean sheet ပွဲ ၇ပွဲ ဖော်ဆောင်ထားနိုင်ခဲ့ရာမှာ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတာလည်း ဖြစ်ပါတယ်။
အီယန်ရိုက်ကတော့ အသင်းဟောင်းကနေ ထွက်ခွာမယ်လို့ ဂိုးသမား မာတီနက်ဇ် ရဲရဲဝံ့ဝံ့ပြောဆိုခဲ့တုန်းက လေးစားမိတဲ့အကြောင်းကို Wrighty's House Podcast မှာ ပြောဆိုသွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဂိုးသမား မာတီနက်ဇ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်တဲ့အကြောင်းနဲ့ ၎င်းရဲ့ အာဆင်နယ်အသင်းရရှိခဲ့တဲ့ ငွေကြေးပမာဏထက် လက်ရှိမှာ ဂိုးသမား မာတီနက်ဖ်ရဲ့ တန်ကြေးက ပိုမိုမြင့်မားနေပြီ ဖြစ်တဲ့အကြောင်းတို့ကိုလည်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
TLM
Related
အာဆင်နယ်ရဲ့အရန်ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်က သူဟာ ဒီရာသီမှာ ကလပ်ရဲ့ ပွဲထွက်ဂိုးသမားဖြစ်လာဖို့ ၉၅% အခွင့်အရေးရှိတယ်လို့ မက်လုံးပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ဟာ စနေနေ့ညက ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ထူးခြားဆန်းကြယ်တဲ့ သွင်းဂိုးကို တမင်ရည်ရွယ်ပြီးသွင်းယူခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ဆာကာကို ယုံကြည်ခြင်းမရှိဘူးလို့ သိရပါတယ်။
အာဆင်နယ်ဟာ အခု အက်စ်တွန်ဗီလာမှာ တောက်ပနေတဲ့ ဘာစီလိုနာ အငှားကစားသမား ကော်တင်ညိုကို ခေါ်ယူဖို့ ဘာလို့ မကြိုးစားခဲ့လဲဆိုတဲ့အကြောင်းကို နည်းပြ အာတီတာက ရှင်းပြခဲ့ပါတယ်။
အခုပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ဗီလိန်ဖြစ်ခဲ့ရတာက တိုက်စစ်မှူးအိုလီဝက်ကင်စ်ပါပဲ။