မန်ယူဂျာစီနဲ့မတန်ဘူးဆိုတဲ့စကားကို ဘရူနိုထောက်ခံ
၈၊ မေ၊ ၂၂
ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်မှုအတွင်း ‘မင်းတို့က ဒီဂျာစီဝတ်ဖို့ မတန်ဘူး’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုကို မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်က သဘောတူလက်ခံခဲ့ပါတယ်။
ယူနိုက်တက်ဟာ အနိမ့်ကျဆုံး ရှုံးပွဲနဲ့အတူ အာမက်စ်ကွင်းမှာ သူတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် နောက်ဆုံးအခွင့်အရေးက ပျောက်ပျက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီရလဒ်ကြောင့်သူတို့တွေဟာ တစ်ရာသီအတွင်း ရမှတ်နဲ့ ပေးဂိုးတွေမှာ အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရာသီအဖြစ် စံချိန်တင်ရတော့မှာလဲ ဖြစ်ပါတယ်။
“ရလဒ်ကတော့ တွေ့တဲ့အတိုင်းပါပဲ။ ဒါက မလုံလောက်ပါဘူး။ သူတို့တွေက ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့မှာ အမြဲတမ်း အဖြေတစ်ခုရှိခဲ့တယ်။ ကျွန်တော်တို့ကို ကောင်းကောင်း ဖိအားပေးခဲ့ပြီးတော့ ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ အရည်အသွေး၊ စိတ်ဓာတ်၊ အရာအားလုံးက မှားယွင်းနေခဲ့တာပါ။ သူတို့က အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး ကျွန်တော်တို့ကလဲ အခုရောက်နေတဲ့ နေရာနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အရှက်ရသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါကလုံလောက်တဲ့ စွမ်းဆောင်ရည်မဟုတ်ခဲ့ဘူး။ ဒီထက်အများကြီးပိုကောင်းအောင် လုပ်ဖို့လိုတယ်”လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။
ပရိသတ်တွေရဲ့ ကြွေးကြော်သံနဲ့ ပတ်သက်ပြီးတော့လဲ ၎င်းက “အဲ့ဒီ့ထဲမှာ ကျွန်တော်လဲပါပါတယ်။ ဒီနေ့ ကျွန်တော်တို့ လုပ်ခဲ့တာတွေက မန်ယူနိုက်တက် ဂျာစီဝတ်ဖို့ မလုံလောက်ခဲ့ဘူး။ ဒါကို ကျွန်တော် လက်ခံပါတယ်”လို့ ဝန်ခံခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၆ မတိုင်ခင်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ရာသီအပြီး ကလပ်မှာ အပြောင်းအလဲတွေ လုပ်ရတော့မယ်ဆိုတာကို နားလည်ထားတာပါ။
“အနာဂတ်အကြောင်း ကျွန်တော် မပြောချင်ပါဘူး။ ဒီရာသီ ကျွန်တော်တို့မှာ တစ်ပွဲကျန်သေးတယ်။ ဒါကို အနိုင်ယူရမှာပါ။ စာချုပ်သစ် မချုပ်ချင် အနာဂတ်နဲ့ပတ်သက်ပြီးကလပ်နဲ့ အကြိမ်များစွာ ဆွေးနွေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အနာဂတ်က ကောင်းနိုင်တယ်လို့ ကျွန်တော်ထင်လို့ပါ။ ဒါပေမယ့် အခု မြင်တဲ့အတိုင်းပဲ အသင်းမှာ ပြုပြင်ဖို့လိုအပ်နေတဲ့အရာတွေ အများကြီးရှိနေပါတယ်”လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Related
ဘရိုက်တန်အသင်းကို မန်ယူအသင်းက အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား လီယန်ဒရို ထရော့ဆတ်ဒ်က ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရာမှာ မန်ယူအသင်းရဲ့ဂိုးဘားတိုင်ကို ၃ကြိမ်ထိမှန်ခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်က မန်ယူကစားသမားဟောင်း ခရစ်တီယာနို ရော်နယ်ဒို ရရှိခဲ့တဲ့ ပရီးမီးယားမှတ်တမ်းတစ်ခုနဲ့ တူညီတဲ့မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘစ်ဆူးမားကို စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်တယ်လို့ Defensa Central က ဖော်ပြခဲ့ပါတယ်။ လီဗာပူး၊ မန်ယူနိုက်တက်စတဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ မာလီလက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြိုင်ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေခဲ့ တာဖြစ်ပေမယ့် လာလီဂါထိပ်သီးအသင်း ကြီးကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ မာစီယဲလ်တစ်ယောက် ယခုတစ်ပတ် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွင်း ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။
နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တဲ့ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအပြီး နည်းပြ ရက်ဖ်ရန်းနစ်က တောင်းပန်မှု လုပ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရတော့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းကို ၄ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုတစ်ခေါက် ရာသီအဖွင့်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာတင် ၁-၂ နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။
ဆန်ချိုကိုထုတ်ပြီး မီတိုမာကိုခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ မန်ယူ
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
မန်ယူက တရာသီလုံး ပင်နယ်တီလေ့ကျင့်နေခဲ့တာဆိုတဲ့ ဒါးလော့
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘရိုက်တန်ဂိုးသမားကို ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်
မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
တန်ဟက်ကို လှောင်ပြောင်ခဲ့တဲ့ မန်ယူပရိသတ်များ
ပရီးမီးယားလိဂ်ပွဲစဉ် ၂၊ စနေနေ့အစောပိုင်းပွဲအဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီကျရင် ဘရိုက်တန်အသင်းရဲ့ American Express Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။
အဲရစ်တန်ဟက်ကတော့ ပရီးမီးယားလိဂ် ရာသီအဖွင့် ၂ ပွဲဆက် ဘယ်တော့မှ အနိုင်မယူဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ အခုနွေရာသီမှာ ပေါင်သန်း ၁၀၀ ကျော်သုံး၊ ကစားသမားသစ်တွေ ခေါ်ပေမဲ့ နောက်ဆုံးတော့လည်း ဘရိုက်တန်ကို ရှုံးတာပါပဲ။