ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
၂၃၊ ဧပြီ၊ ၂၀၂၃
အက်ဖ်အေဖလားကတော့ အထွတ်အထိပ်ကာလရောက်ဖို့ နီးစပ်လာပြီဖြစ်ပြီး ချန်ပီယံအသစ်ကို မြင်တွေ့ရဖို့ ၂ပွဲသာ လိုပါတော့တယ်။
မနေ့က ဆီမီးဖိုင်နယ်တစ်ပွဲမှာ မန်စီးတီးက ရှက်ဖီးကို အနိုင်ရပြီးတော့ ဗိုလ်လုပွဲက စောင့်နေသလို ဒီနေ့ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
သူတို့နှစ်သင်းလုံးဟာ ခြေစွမ်းမတည်မငြိမ် ဖြစ်နေခဲ့ပြီး လတ်တလေ စွမ်းဆောင်ရည်က စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဘရိုက်တန်တို့ နောက်ဆုံးအကြိမ် ၂ပွဲဆက် အနိုင်ရခဲ့တာက လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကလဲ ဆီဗီလာနဲ့ပွဲမှာ ၄ပွဲဆက် မရှုံးတဲ့မှတ်တမ်း အဆုံးသတ်သွားခဲ့ပြီး ယူရိုပါလိဂ်ကနေ ထွက်လိုက်ရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု
ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ စုစုပေါင်း ၂၉ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး မန်ယူနိုက်တက်က ၁၉ပွဲနိုင်၊ ၅ပွဲသရေ၊ ၅ပွဲ ရှုံးခဲ့ပါတယ်။
သိထားသင့်တဲ့ အချက်အလက်များ
- မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး အက်ဖ်အေဖလား ၅ပွဲလုံးကို အနိုင်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့နောက်ဆုံးတွေ့ဆုံခဲ့တာက ၂၀၁၇-၁၈ ကွာတားဖိုင်နယ်မှာ ဖြစ်ပါတယ်။
- ဒါပေမယ့် ဘရိုက်တန်ဟာ သရဲနီတွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ကြိမ်ကို အနိုင်ရခဲ့ပြီး ဒါဟာ အဲ့မတိုင်ခင် ၁၇ ပွဲအတွင်း အနိုင်ရထားတဲ့ အရေအတွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
- သူတို့နှစ်သင်းရဲ့ နောက်ဆုံး ၁၀ ကြိမ်တွေ့ဆုံမှုမှာ ၉ပွဲက ၂.၅ဂိုးနဲ့အထက် ဖြစ်ခဲ့ပါတယ်။
- ဘရိုက်တန်ဟာ ဝင်ဘာလေကွင်းမှ တစ်ပွဲမှ အနိုင်မရခဲ့ဖူးပဲ ၁ပွဲသရေ၊ ၄ပွဲ ရှုံးခဲ့ဖူးပါတယ်။
- ယူနိုက်တက်ရဲ့ ဒီရာသီ အက်ဖ်အေဖလား ၄ပွဲလုံးမှာ ၃-၁ ပဲ ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့ရရှိခဲ့တဲ့ နောက်ဆုံး ၁၁ဂိုးဟာ ဒုတိယပိုင်းမှ ရခဲ့တာပါ။ ပွဲတိုင်းကို အနည်းဆုံး ၃ဂိုးသွင်းပြီးတော့ အက်ဖ်အေဖလား ဖိုင်နယ် ရောက်ခဲ့ဖူးတဲ့ နောက်ဆုံးအသင်းက မန်စီးတီးဖြစ်ပြီး ၁၉၂၅-၂၆ တုန်းက ဖြစ်ခဲ့တာပါ။
- မီတိုမာဟာ ဘရိုက်တန်အတွက် သူ့ရဲ့ အက်ဖ်အေဖလား ၄ပွဲလုံးမှာ ၂ဂိုးသွင်း၊ ၂ဂိုး ဖန်တီးခဲ့ပါတယ်။ တတိယအဆင့်ကနေ ဆီမီးဖိုင်နယ်အထိ အဆင့်တိုင်းမှာ အနည်းဆုံး ဂိုးပါဝင်ပတ်သက်မှု တစ်ကြိမ်ရခဲ့ဖူးတဲ့ နောက်ဆုံးကစားသမားက ၂၀၁၇-၁၈ ရာသီ လူကာကူ ဖြစ်ပါတယ်။
Related
ဘရိုက်တန်အသင်းကို မန်ယူအသင်းက အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား လီယန်ဒရို ထရော့ဆတ်ဒ်က ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရာမှာ မန်ယူအသင်းရဲ့ဂိုးဘားတိုင်ကို ၃ကြိမ်ထိမှန်ခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်က မန်ယူကစားသမားဟောင်း ခရစ်တီယာနို ရော်နယ်ဒို ရရှိခဲ့တဲ့ ပရီးမီးယားမှတ်တမ်းတစ်ခုနဲ့ တူညီတဲ့မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘစ်ဆူးမားကို စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်တယ်လို့ Defensa Central က ဖော်ပြခဲ့ပါတယ်။ လီဗာပူး၊ မန်ယူနိုက်တက်စတဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ မာလီလက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြိုင်ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေခဲ့ တာဖြစ်ပေမယ့် လာလီဂါထိပ်သီးအသင်း ကြီးကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ မာစီယဲလ်တစ်ယောက် ယခုတစ်ပတ် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွင်း ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။
နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တဲ့ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအပြီး နည်းပြ ရက်ဖ်ရန်းနစ်က တောင်းပန်မှု လုပ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရတော့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်မှုအတွင်း ‘မင်းတို့က ဒီဂျာစီဝတ်ဖို့ မတန်ဘူး’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုကို မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်က သဘောတူလက်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းကို ၄ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုတစ်ခေါက် ရာသီအဖွင့်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာတင် ၁-၂ နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။
ဆန်ချိုကိုထုတ်ပြီး မီတိုမာကိုခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ မန်ယူ
မန်ယူက တရာသီလုံး ပင်နယ်တီလေ့ကျင့်နေခဲ့တာဆိုတဲ့ ဒါးလော့
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘရိုက်တန်ဂိုးသမားကို ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်
မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
တန်ဟက်ကို လှောင်ပြောင်ခဲ့တဲ့ မန်ယူပရိသတ်များ
ပရီးမီးယားလိဂ်ပွဲစဉ် ၂၊ စနေနေ့အစောပိုင်းပွဲအဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီကျရင် ဘရိုက်တန်အသင်းရဲ့ American Express Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။
အဲရစ်တန်ဟက်ကတော့ ပရီးမီးယားလိဂ် ရာသီအဖွင့် ၂ ပွဲဆက် ဘယ်တော့မှ အနိုင်မယူဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ အခုနွေရာသီမှာ ပေါင်သန်း ၁၀၀ ကျော်သုံး၊ ကစားသမားသစ်တွေ ခေါ်ပေမဲ့ နောက်ဆုံးတော့လည်း ဘရိုက်တန်ကို ရှုံးတာပါပဲ။