ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
၄၊ မေ၊ ၂၀၂၃
ဘရိုက်တန်ဟာ ဒီရာသီ ဒီဇာဘီလက်အောက်မှာ ဆက်တိုက် တိုးတက်လာပြီးတော့ နောက်ဆုံးပွဲမှာ ဝုဗ်ကို ၆-၀ နဲ့ အနိုင်ရခဲ့တာက ထိပ်ဆုံးလေးနေရာ တိုက်ပွဲထဲမှာ ဆက်လက် မျှော်လင့်ချက် ရှိစေခဲ့ပါတယ်။
ယူနိုက်တက်ကလဲ ဗီလာကို ၁-၀ နဲ့ အနိုင်ရပြီးတော့ ထိပ်ဆုံးလေးသင်းထဲ နေရာတစ်ခုရဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားခဲ့တာပါ။ ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ဟာ ဒီရာသီမှာ နှစ်ကြိမ်တွေ့ဆုံထားပြီး တစ်ယောက်တစ်ကြိမ် အနိုင်ရထားပါတယ်။
ဘရိုက်တန်က ရာသီအဖွင့်ပွဲနေ့ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်ရခဲ့တာဖြစ်ပြီး သရဲနီတွေက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပြန်လည်လက်စားချေခဲ့တာ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု
၁၉၀၉ နောက်ပိုင်း ပြိုင်ပွဲပေါင်းစုံမှာ သူတို့နှစ်သင်း တွေ့ဆုံခဲ့တဲ့ စုစုပေါင်း အကြိမ် ၃၀ အတွင်း ယူနိုက်တက်က ပွဲ ၂၀ပွဲနိုင်၊ ၅ပွဲသရေ၊ ၅ပွဲ ရှုံးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၁၁ ပွဲအတွင်းမှာတော့ ယူနိုက်တက်က ၇ ပွဲနိုင်ပြီး၊ ဘရိုက်တန်က ၄ ပွဲ နိုင်ထားပါတယ်။
သိထားသင့်တဲ့ အချက်အလက်များ
- ယူနိုက်တက်ဟာ သူတို့ရဲ့ နောက်ဆုံး လိဂ် ၇ ပွဲမှာ ဂိုးမပေးရတာ ၅ ပွဲ ရှိခဲ့ပါတယ်။
- ဘရိုက်တန်ဟာ နောက်ဆုံး လိဂ်အိမ်ကွင်း ၄ပွဲမှာ မရှုံးထားပဲ၊ ၃ပွဲ အနိုင်ရ၊ ၃ပွဲ clean sheet ရပြီး စုစုပေါင်း ၁၄ဂိုး သွင်းယူခဲ့ပါတယ်။
- ဘရိုက်တန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးစုစုပေါင်း ၆၁ဂိုး ရထားပြီး ယူနိုက်တက်က ၄၉ဂိုးသာ ရထားပါတယ်။ ခံစစ်ပိုင်းမှာတော့ သိပ်မကွာပဲ ယူနိုက်တက်က ပေးဂိုး ၃၉ဂိုး၊ ဘရိုက်တန်က ဂိုး၄၀ ရှိပါတယ်။
- ဘရိုက်တန်ဟာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး လိဂ်၂ပွဲကို အနိုင်ရထားပါတယ်။ သူတို့ဟာ အရင်တုန်းက တခါမှ ယူနိုက်တက်ကို လိဂ် ၃ပွဲဆက် မနိုင်ဖူးပါဘူး။ တစ်ရာသီအတွင်း နှစ်ပွဲလုံးကိုလဲအနိုင်မရဖူးပါဘူး။
- ယူနိုက်တက်ဟာ ဘရိုက်တန်အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ၅ ပွဲကစား ၃ ပွဲရှုံးခဲ့ပါတယ်။ ဒါဟာ ဒီပြိုင်ပွဲမှာ သူတို့ တကြိမ်ထက်ပိုကစားဖူးတဲ့ ကွင်းတွေထဲ ရှုံးပွဲရာခိုင်နှုန်း အမြင့်ဆုံးကွင်း ဖြစ်ပါတယ်။
- ယူနိုက်တက်ဟာ နောက်ဆုံး လိဂ် ၁၀ ပွဲမှာ clean sheet ၇ ကြိမ် ရထားပါတယ်။ ဒီမှတ်တမ်းစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၂နောက်ပိုင်း သူတို့ထက်ပိုပြီး clean sheet ရထားတဲ့အသင်း မရှိပါဘူး။
Related
ဘရိုက်တန်အသင်းကို မန်ယူအသင်းက အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား လီယန်ဒရို ထရော့ဆတ်ဒ်က ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရာမှာ မန်ယူအသင်းရဲ့ဂိုးဘားတိုင်ကို ၃ကြိမ်ထိမှန်ခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်က မန်ယူကစားသမားဟောင်း ခရစ်တီယာနို ရော်နယ်ဒို ရရှိခဲ့တဲ့ ပရီးမီးယားမှတ်တမ်းတစ်ခုနဲ့ တူညီတဲ့မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘစ်ဆူးမားကို စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်တယ်လို့ Defensa Central က ဖော်ပြခဲ့ပါတယ်။ လီဗာပူး၊ မန်ယူနိုက်တက်စတဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ မာလီလက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြိုင်ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေခဲ့ တာဖြစ်ပေမယ့် လာလီဂါထိပ်သီးအသင်း ကြီးကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ မာစီယဲလ်တစ်ယောက် ယခုတစ်ပတ် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွင်း ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။
နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တဲ့ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအပြီး နည်းပြ ရက်ဖ်ရန်းနစ်က တောင်းပန်မှု လုပ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရတော့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်မှုအတွင်း ‘မင်းတို့က ဒီဂျာစီဝတ်ဖို့ မတန်ဘူး’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုကို မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်က သဘောတူလက်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းကို ၄ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုတစ်ခေါက် ရာသီအဖွင့်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာတင် ၁-၂ နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။
ဆန်ချိုကိုထုတ်ပြီး မီတိုမာကိုခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ မန်ယူ
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
မန်ယူက တရာသီလုံး ပင်နယ်တီလေ့ကျင့်နေခဲ့တာဆိုတဲ့ ဒါးလော့
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘရိုက်တန်ဂိုးသမားကို ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်
မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
တန်ဟက်ကို လှောင်ပြောင်ခဲ့တဲ့ မန်ယူပရိသတ်များ
ပရီးမီးယားလိဂ်ပွဲစဉ် ၂၊ စနေနေ့အစောပိုင်းပွဲအဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီကျရင် ဘရိုက်တန်အသင်းရဲ့ American Express Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။
အဲရစ်တန်ဟက်ကတော့ ပရီးမီးယားလိဂ် ရာသီအဖွင့် ၂ ပွဲဆက် ဘယ်တော့မှ အနိုင်မယူဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ အခုနွေရာသီမှာ ပေါင်သန်း ၁၀၀ ကျော်သုံး၊ ကစားသမားသစ်တွေ ခေါ်ပေမဲ့ နောက်ဆုံးတော့လည်း ဘရိုက်တန်ကို ရှုံးတာပါပဲ။