ရော်နယ်ဒိုနဲ့တူညီတဲ့ ပရီးမီးယားလိဂ် မှတ်တမ်းတစ်ခုကို ရရှိခဲ့တဲ့ ဘရိုက်တန် ကွင်းလယ်လူ
၂၇၊ စက်တင်ဘာ၊ ၂၀၂၀
ဘရိုက်တန်အသင်းကို မန်ယူအသင်းက အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား လီယန်ဒရို ထရော့ဆတ်ဒ်က ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရာမှာ မန်ယူအသင်းရဲ့ဂိုးဘားတိုင်ကို ၃ကြိမ်ထိမှန်ခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်က မန်ယူကစားသမားဟောင်း ခရစ်တီယာနို ရော်နယ်ဒို ရရှိခဲ့တဲ့ ပရီးမီးယားမှတ်တမ်းတစ်ခုနဲ့ တူညီတဲ့မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ မနေ့ကကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ခက်ခက်ခဲခဲကစားခဲ့ရတာဖြစ်ပြီး ပွဲပြီးခါနီး နောက်ကျသွင်းဂိုးနဲ့ ကံကောင်းထောက်မစွာနဲ့ပဲ အနိုင် ၃မှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ရာသီအစပိုင်း ဒုတိယမြောက်ပွဲစဉ်မှာ နိုင်ပွဲကိုပုံဖော်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ၎င်းတို့ရဲ့ ပရီးမိးယားလိဂ်ရာသီ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ခရစ်တယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာတော့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မနေ့ကပွဲစဉ်မှာ မန်ယူအသင်းအနေနဲ့ ပွဲချိန်မိနစ် ၉ဝပြည့်ပြီးလို့ နာကျင်ပိုအချိန်ပိုအတွင်းမှာ ၂-၂ ရလဒ်ဖြစ်စေခဲ့တဲ့ ဘရိုက်တန်အသင်းရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီးအဲဒီနောက် ကျန်ရှိနေသေးတဲ့ နာကျင်အချိန်ပိုမိနစ်အတွင်းမှာ ပင်နယ်တီပြစ်ဒဏ်ဘော ရရှိရာမှတစ်ဆင့် ဘရူနို ဖာနန်ဒက်စ်က ၃-၂ ဖြစ်စေမယ့် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ မနေ့ကပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက နီရယ် မူပေးရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အဖွင့်ဂိုးရရှိခဲ့တာဖြစ်ပြီး ပွဲချိန်ပထမပိုင်းပြီးခါနီးမှာ နောက်ခံလူ လူးဝစ် ဒန့်ခ်ရဲ့ OG သွင်းဂိုးနဲ့ ချေပဂိုးလည်း ပြန်လည်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ မားကပ် ရက်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော်သွင်းဂိုးနဲ့ မန်ယူအသင်း ၂-၁ ရလဒ်နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ် ၉ဝပြည့်ပြီးလို့ နာကျင်အချိန်ပိုအတွင်း ၉၅မိနစ်ထိ အဆိုပါသွင်းဂိုးက အနိုင်ဂိုးဖြစ်နိုင်ချေရှိခဲ့ပေမယ့် ဘရိုက်တန်အသင်းရဲ့ကွင်းလယ်လူ ဆော်လီမတ်ချ်က ချေပဂိုးကို သွင်းယူသွားခဲ့ပြန်တာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ပွဲချိန်နောက်ဆုံးမိနစ်မှာ မန်ယူအသင်းရဲ့ ထောင့်ကန်ဘောကန်တင်ပြီးခဲ့လို့ ပွဲစဉ်ပြီးဆုံးဖို့ဖြစ်ခဲ့ပေမယ့် မန်ယူအသင်းရဲ့ ထောင့်ကန်ဘောကန်တင်ခဲ့ရာကနေ ဂိုးဧရိယာထဲမှာ နောက်ခံလူ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ဘောကို ဘရိုက်တန် အဖွင့်ဂိုးရှင် မူပေးက လက်နဲ့ကာကွယ်ခဲ့သလို ဖြစ်ခဲ့တာကို VAR ပြန်လည်ကြည့်ရှုကာ နောက်ဆုံးမှာ ပင်နယ်တီပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမိနစ်တိတိမှာရရှိခဲ့တဲ့ အဆိုပါ ပင်နယ်တီပြစ်ဒဏ်ဘောကိုတော့ မန်ယူကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သေသေသပ်သပ်သွင်းယူပြီး အနိုင် ၃မှတ်အပြည့်ကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂရေဟမ်ပေါ်တာရဲ့ ဘရိုက်တန်အသင်းအတွက်တော့ ၎င်းတို့ အခွင့်အရေးတွေအများအပြား ဖြုန်းတီးခဲ့တဲ့အတွက်ပဲ အဆိုပါရလဒ်နဲ့ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းအနေနဲ့ မနေ့ကပွဲစဉ်မှာ မန်ယူအသင်းဖက်ကို ဂိုးကန်သွင်းမှုပေါင်း ၁၈ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး မန်ယူအသင်းကတော့ ဘရိုက်တန်အသင်းဖက်ကို ဂိုးကန်သွင်းမှု ၇ကြိမ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းအနေနဲ့ ပွဲစဉ်အတွင်းမှာ ဂိုးတိုင်ထိမှန်မှု ၅ကြိမ်အထိ ရှိခဲ့တာဖြစ်ပြီး အဆိုပါ ဂိုးတိုင်ထိမှန်မှု ၅ကြိမ်ထဲကမှာ ၃ကြိမ်ကို ကွင်းလယ်ကစားသမား ထရော့ဆတ်ဒ်ရဲ့ ကန်သွင်းမှုတွေထဲကနေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘရိုက်တန်ကွင်းလယ်လူ ထရော့ဆတ်ဒ်အနေနဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲအတွင်း ဂိုးကန်သွင်းမှုပြုလုပ်ခဲ့ရာမှာ ဂိုးတိုင် ၃ကြိမ်ထိမှန်ခဲ့တဲ့ ပထမဦးဆုံးကစားသမား ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ ခရစ်တီယာနို ရော်နယ်ဒိုက မန်ယူအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ ပြိုင်ဖက် နယူးကာဆယ်အသင်းဖက်ကို ဂိုးကန်သွင်းမှုတွေ ပြုလုပ်ခဲ့ရာကနေ ဂိုးတိုင်ကို ၃ကြိမ် ထိမှန်ခဲ့တာဖြစ်ပါတယ်။
TLM
Related
ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘစ်ဆူးမားကို စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်တယ်လို့ Defensa Central က ဖော်ပြခဲ့ပါတယ်။ လီဗာပူး၊ မန်ယူနိုက်တက်စတဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ မာလီလက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြိုင်ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေခဲ့ တာဖြစ်ပေမယ့် လာလီဂါထိပ်သီးအသင်း ကြီးကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ မာစီယဲလ်တစ်ယောက် ယခုတစ်ပတ် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွင်း ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။
နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တဲ့ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအပြီး နည်းပြ ရက်ဖ်ရန်းနစ်က တောင်းပန်မှု လုပ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရတော့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်မှုအတွင်း ‘မင်းတို့က ဒီဂျာစီဝတ်ဖို့ မတန်ဘူး’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုကို မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်က သဘောတူလက်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းကို ၄ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုတစ်ခေါက် ရာသီအဖွင့်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာတင် ၁-၂ နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။
ဆန်ချိုကိုထုတ်ပြီး မီတိုမာကိုခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ မန်ယူ
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
မန်ယူက တရာသီလုံး ပင်နယ်တီလေ့ကျင့်နေခဲ့တာဆိုတဲ့ ဒါးလော့
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘရိုက်တန်ဂိုးသမားကို ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်
မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
တန်ဟက်ကို လှောင်ပြောင်ခဲ့တဲ့ မန်ယူပရိသတ်များ
ပရီးမီးယားလိဂ်ပွဲစဉ် ၂၊ စနေနေ့အစောပိုင်းပွဲအဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီကျရင် ဘရိုက်တန်အသင်းရဲ့ American Express Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။
အဲရစ်တန်ဟက်ကတော့ ပရီးမီးယားလိဂ် ရာသီအဖွင့် ၂ ပွဲဆက် ဘယ်တော့မှ အနိုင်မယူဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ အခုနွေရာသီမှာ ပေါင်သန်း ၁၀၀ ကျော်သုံး၊ ကစားသမားသစ်တွေ ခေါ်ပေမဲ့ နောက်ဆုံးတော့လည်း ဘရိုက်တန်ကို ရှုံးတာပါပဲ။