မန်ယူက တရာသီလုံး ပင်နယ်တီလေ့ကျင့်နေခဲ့တာဆိုတဲ့ ဒါးလော့
၂၄၊ ဧပြီ၊ ၂၀၂၃
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ တစ်ရာသီလုံး ပင်နယ်တီကန်တာကို လေ့ကျင့်နေခဲ့တာပါလို့ ဒီယိုဂို ဒါးလော့က ပြောဆိုခဲ့ပါတယ်။
၂၀၂၃ အတွင်း ကာရာဘောင်းဖလား ရခဲ့ပြီးသားဖြစ်တဲ့ သရဲနီတွေဟာ နောက်ထပ် အဓိက ဖိုင်နယ်တစ်ခုကို ထပ်မံရောက်ရှိခဲ့ပြီဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဝင်ဘာလေက ဆီမီးဖိုင်နဘ်အတွင်း ယူနိုက်တက်ဟာ ဘရိုက်တန်ကို မိနစ် ၁၂၀ ကြာ ထိန်းထားနိုင်ခဲ့ပြီးတော့ ဒေးဗစ်ဒီဂီယာကလဲ လက်စွမ်းပြကာကွယ်မှုတချို့ လုပ်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ၇ကြိမ်လုံးကို အောင်မြင်စွာ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ကာဆီမီရို၊ ဒါးလော့၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ ဆာဘစ်ဇာနဲ့ ဗက်ဟော့စ်တို့အပြီး ဗစ်တာ လင်ဒီလော့ဖ်က နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်က ဆော်လီမက်ချ်တစ်ယောက်သာ လွဲချော်ခဲ့တာဖြစ်သလို ယူနိုက်တက်ဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ဘာကြောင့် အမြဲတမ်း ယုံကြည်မှုရှိခဲ့တာလဲဆိုတဲ့အပေါ် ဒါးလော့က ဖြေကြားပေးခဲ့ပါတယ်။
“ရာသီကြို စပြီးကတည်းက ကျွန်တော်တို့ အသင်းသားအားလုံး ပင်နယ်တီကန်တာ လေ့ကျင့်ခဲ့ကြတယ်။ တစ်နေ့ကျရင် ဒီလိုအချိန် ရောက်လာမှာပဲဆိုတာ သိပြီးတော့ ကျွန်တော်တို့က အဆင်သင့် ပြင်ထားခဲ့တာပါ။ လူတိုင်းဟာ ဖိအားတွေအောက်မှာ သူတို့ရဲ့ အရည်အသွေးနဲ့ ရဲရင့်မှုကို ပြသခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အနောက်မှာ ဘရိုက်တန်ပရိသတ်တွေက မင်းကို အော်ဟစ်နေတဲ့ကြားထဲကနေ အာရုံစိုက်ဖို့ ကြိုးစားခဲ့ရတယ်။ လူတိုင်းက ပင်နယ်တီကို အောင်အောင်မြင်မြင် ကန်သွင်းခဲ့ပြီး ဗိုလ်လုပွဲရောက်သွားတဲ့အတွက် တကယ်ပျော်ရပါတယ်”လို့ ဒါးလော့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Related
ဘရိုက်တန်အသင်းကို မန်ယူအသင်းက အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား လီယန်ဒရို ထရော့ဆတ်ဒ်က ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရာမှာ မန်ယူအသင်းရဲ့ဂိုးဘားတိုင်ကို ၃ကြိမ်ထိမှန်ခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်က မန်ယူကစားသမားဟောင်း ခရစ်တီယာနို ရော်နယ်ဒို ရရှိခဲ့တဲ့ ပရီးမီးယားမှတ်တမ်းတစ်ခုနဲ့ တူညီတဲ့မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘစ်ဆူးမားကို စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်တယ်လို့ Defensa Central က ဖော်ပြခဲ့ပါတယ်။ လီဗာပူး၊ မန်ယူနိုက်တက်စတဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ မာလီလက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြိုင်ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေခဲ့ တာဖြစ်ပေမယ့် လာလီဂါထိပ်သီးအသင်း ကြီးကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ မာစီယဲလ်တစ်ယောက် ယခုတစ်ပတ် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွင်း ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။
နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တဲ့ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအပြီး နည်းပြ ရက်ဖ်ရန်းနစ်က တောင်းပန်မှု လုပ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရတော့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်မှုအတွင်း ‘မင်းတို့က ဒီဂျာစီဝတ်ဖို့ မတန်ဘူး’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုကို မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်က သဘောတူလက်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းကို ၄ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုတစ်ခေါက် ရာသီအဖွင့်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာတင် ၁-၂ နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။
ဆန်ချိုကိုထုတ်ပြီး မီတိုမာကိုခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ မန်ယူ
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘရိုက်တန်ဂိုးသမားကို ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်
မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
တန်ဟက်ကို လှောင်ပြောင်ခဲ့တဲ့ မန်ယူပရိသတ်များ
ပရီးမီးယားလိဂ်ပွဲစဉ် ၂၊ စနေနေ့အစောပိုင်းပွဲအဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီကျရင် ဘရိုက်တန်အသင်းရဲ့ American Express Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။
အဲရစ်တန်ဟက်ကတော့ ပရီးမီးယားလိဂ် ရာသီအဖွင့် ၂ ပွဲဆက် ဘယ်တော့မှ အနိုင်မယူဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ အခုနွေရာသီမှာ ပေါင်သန်း ၁၀၀ ကျော်သုံး၊ ကစားသမားသစ်တွေ ခေါ်ပေမဲ့ နောက်ဆုံးတော့လည်း ဘရိုက်တန်ကို ရှုံးတာပါပဲ။