ဘရိုက်တန်နဲ့တွေ့တိုင်း အိမ်ကွင်း၊ အဝေးကွင်းမရွေး ရုန်းကန်ရလေ့ရှိတဲ့ ယူနိုက်တက်တို့ ရလဒ်ကောင်းရယူနိုင်ပ့ါမလား
၂၄၊ သြဂုတ်လ၊ ၂၀၂၄
ပရီးမီးယားလိဂ်ပွဲစဉ် ၂၊ စနေနေ့အစောပိုင်းပွဲအဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီကျရင် ဘရိုက်တန်အသင်းရဲ့ American Express Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ နည်းပြအပြောင်းအလဲလုပ်ခဲ့ပေမဲ့လည်း ခြေစွမ်းနဲ့အသင်းလိုက်စုစည်းမှုက နည်းပြဟောင်း ဒီဇာဘီလက်ထက်တုန်းကလိုပဲ အကောင်းဆုံးပုံစံရှိနေဆဲဖြစ်ပြီး လူငယ်နည်းပြသစ်ဖေဘီယန်ဟာဇီလာဟာ ရာသီအဖွင့်ပွဲမှာ အဲဗာတန်ကို အဝေးကွင်းမှာပဲ ၃-၀ ဂိုးပြတ်နဲ့အနိုင်ယူပြီးတော့ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။
ဒီရာသီမှာ အောင်မြင်မှုရဖို့အတွက် အခုနွေရာသီအပြောင်းအရွှေ့အတွင်း ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားတဲ့ ယူနိုက်တက်အသင်းကတော့ ဖူလ်ဟမ်နဲ့ရာသီအဖွင့် အိမ်ကွင်းပွဲမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့ ခြေစွမ်းက သိပ်အားရစရာ မကောင်းသေးပါဘူး။
ဖူလ်ဟမ်နဲ့အိုးလ်ထရက်ဖို့ဒ်ပွဲမှာလည်း ပွဲပြီးခါနီးအထိ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး နယ်သာလန်တိုက်စစ်မှူး ဇာ့ခ်ဇီရဲ့ဂိုးကြောင့်သာ အနိုင်ရလဒ်နဲ့ ရာသီသစ် စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဇာ့ခ်ဇီဟာ နာမည်ကျော်တိုက်စစ်မှူးဟောင်း မာချီဒါ (၂၀၀၉၊ ဧပြီလ) နောက်ပိုင်း ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ လူစားဝင်ပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဘရိုက်တန်နဲ့ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် အဲဗာတန်၊ လိဒ်စ် (၈ ဂိုးစီ)၊ အက်စတွန်ဗီလာ(၇ ဂိုး)တို့ပြီးရင် သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ရာသီအဖွင့် ၂ ပွဲဆက်တိုက် အနိုင်ရဖို့ မျှော်လင့်ထားပေမဲ့ ဘရိုက်တန်နဲ့ဆုံတွေ့တိုင်း ရုန်းကန်ရလေ့ရှိတာကြောင့် သိပ်တော့မလွယ်ကူနိုင်ပါဘူး။
မနှစ်က ဘရိုက်တန်ကွင်းမှာ ယူနိုက်တက်တို့ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့ ၂၀၂၁-၂၂ ရာသီတုန်းက ၄-၀ ဂိုးပြတ်နဲ့အရှက်တကွဲရှုံးခဲ့သလို အိုးလ်ထရက်ဖို့ဒ်မှာလည်း ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် အရှုံးပေးခဲ့ရပါတယ်။
ဘရိုက်တန်နဲ့ ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ယူနိုက်တက်အသင်း ၆ ပွဲအထိရှုံးနိမ့်ခဲ့ပြီး အရှုံးရာခိုင်နှုန်းက ၄၃ % အထိရှိတာကြောင့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ဘက်အသင်းတစ်သင်းကို အရှုံးရာခိုင်နှုန်း အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဘရိုက်တန်အသင်းရဲ့ ယူနိုက်တက်နာမည်ကျော်တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်ကလည်း အသင်းဟောင်းနဲ့ဆိုရင် ဂိုးမြူးလေ့ရှိပြီး ပရီးမီးယားလိဂ်မှာ ၄ ဂိုးသွင်းယူခဲ့သလို ယူနိုက်တက်ဘက်ကို ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားဟောင်းအဖြစ် ရပ်တည်နေပါတယ်။
၂၀၂၂ မေလကနေ ပြီးခဲ့တဲ့မေလအထိ ဘရိုက်တန်နဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆုံတွေ့တာမှာ မိနစ် ၉၀ အတွင်း ယူနိုက်တက်အသင်း အနိုင်ရခဲ့တာက ၁ ပွဲသာရှိပြီး ၄ ပွဲရှုံး၊ ၁ ပွဲသရေနဲ့ ပြီးခဲ့တဲ့ရာသီကမှ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
နာမည်ကျော် Opta ကတော့ ဘရိုက်တန်အသင်း အနိုင်ရနိုင်ခြေ ၃၉.၄ % အထိ သတ်မှတ်ထားပြီး ယူနိုက်တက်အတွက် အနိုင်ရာခိုင်နှုန်း ၃၆ % သတ်မှတ်ထားသလို ဒီနှစ်သင်း ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးသရေရလဒ်ထွက်ပေါ်လာဖို့ ၂၄.၆ % ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ယူနိုက်တက်ရဲ့လက်ရှိခြေစွမ်းအရလည်း ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်တာကြောင့် အိမ်ရှင်ဘရိုက်တန်အသင်းကိုပဲ ရွေးချယ်ချင်ပြီး ၂-၁ ဂိုးလောက်နဲ့ အနိုင်ရသွားဖို့ရှိတယ်လို့ ခန့်မှန်းလိုက်ပါတယ်။
Related
ရော်နယ်ဒိုနဲ့တူညီတဲ့ ပရီးမီးယားလိဂ် မှတ်တမ်းတစ်ခုကို ရရှိခဲ့တဲ့ ဘရိုက်တန် ကွင်းလယ်လူ
ဘရိုက်တန်အသင်းကို မန်ယူအသင်းက အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား လီယန်ဒရို ထရော့ဆတ်ဒ်က ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရာမှာ မန်ယူအသင်းရဲ့ဂိုးဘားတိုင်ကို ၃ကြိမ်ထိမှန်ခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်က မန်ယူကစားသမားဟောင်း ခရစ်တီယာနို ရော်နယ်ဒို ရရှိခဲ့တဲ့ ပရီးမီးယားမှတ်တမ်းတစ်ခုနဲ့ တူညီတဲ့မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရ ညနေခင်းသတင်းတိုများ
ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား ဘစ်ဆူးမားကို စိတ်ဝင်စားနေ ကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်တယ်လို့ Defensa Central က ဖော်ပြခဲ့ပါတယ်။ လီဗာပူး၊ မန်ယူနိုက်တက်စတဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ မာလီလက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြိုင်ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေခဲ့ တာဖြစ်ပေမယ့် လာလီဂါထိပ်သီးအသင်း ကြီးကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ပွဲကို လွဲချော်ရဖို့ရှိနေတဲ့ မာစီယဲလ်
ပြင်သစ်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ မာစီယဲလ်တစ်ယောက် ယခုတစ်ပတ် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွင်း ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။

မန်ယူရဲ့ ရှုံးပွဲအတွက် တောင်းပန်ခဲ့တဲ့ ရန်းနစ်
နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တဲ့ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအပြီး နည်းပြ ရက်ဖ်ရန်းနစ်က တောင်းပန်မှု လုပ်ခဲ့ပါတယ်။

အဆိုးဆုံးစံချိန်တွေနဲ့ UCLဝင်ခွင့်မရတော့တဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရတော့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူဂျာစီနဲ့မတန်ဘူးဆိုတဲ့စကားကို ဘရူနိုထောက်ခံ
ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်မှုအတွင်း ‘မင်းတို့က ဒီဂျာစီဝတ်ဖို့ မတန်ဘူး’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုကို မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်က သဘောတူလက်ခံခဲ့ပါတယ်။

ရာသီအစမှာတင် အရှက်ကွဲခဲ့ရတဲ့ တန်ဟတ်ဂ်နဲ့အဖွဲ့
ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းကို ၄ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုတစ်ခေါက် ရာသီအဖွင့်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာတင် ၁-၂ နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။

ဆန်ချိုကိုထုတ်ပြီး မီတိုမာကိုခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ မန်ယူ

ဘရိုက်တန် VS မန်ယူနိုက်တက် ပွဲကြိုသုံးသပ်ချက်

မန်ယူက တရာသီလုံး ပင်နယ်တီလေ့ကျင့်နေခဲ့တာဆိုတဲ့ ဒါးလော့

အချိန်ပို ပင်နယ်တီနဲ့ မန်ယူကို ဘရိုက်တန် အနိုင်ယူ
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းက အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘရိုက်တန်ဂိုးသမားကို ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်

မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
မန်ယူ Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
တန်ဟက်ကို လှောင်ပြောင်ခဲ့တဲ့ မန်ယူပရိသတ်များ

ဘရိုက်တန်-ယူနိုက်တက်ပွဲက စိတ်ဝင်စားစရာ ထူးခြားချက်များ
ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။

အိမ်ကွင်းမှာ ငယ်နိုင်လိုဖြစ်နေတဲ့ ယူနိုက်တက်ဆီကနေ ၃ မှတ်အပြည့်ရယူခဲ့တဲ့ ဘရိုက်တန်
အဲရစ်တန်ဟက်ကတော့ ပရီးမီးယားလိဂ် ရာသီအဖွင့် ၂ ပွဲဆက် ဘယ်တော့မှ အနိုင်မယူဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ အခုနွေရာသီမှာ ပေါင်သန်း ၁၀၀ ကျော်သုံး၊ ကစားသမားသစ်တွေ ခေါ်ပေမဲ့ နောက်ဆုံးတော့လည်း ဘရိုက်တန်ကို ရှုံးတာပါပဲ။